HomeLifeStyleSri Linka က သဘာဝဆန်လွန်းတဲ့ ရှေးဟောင်းခံတပ်မြို့ကြီး Sigiriya

Sri Linka က သဘာဝဆန်လွန်းတဲ့ ရှေးဟောင်းခံတပ်မြို့ကြီး Sigiriya

- Advertisement -

သဘာဝရှေးဟောင်းအမွေအနစ်တွေထဲမှာမှ သဘာဝရဲ့အလိုအလျောက်ခြယ်သမှုနဲ့ လူတွေရဲ့ တီထွင်ကြံဆမှုတို့ ရောပြွန်းနေပြီ တုနှိုင်းမရအောင် တန်ဖိုးရှိလှတဲ့ Sri Linka နိုင်ငံ Matale ဒေသမှာရှိတဲ့ ရှေးဟောင်းခံတပ်မြို့ကြီး Sigiriya အကြောင်းကို Soshwe စာဖတ်ပရိသတ်ကြီးကို မျှဝေပြောပြချင်ပါတယ်။ ‘Sihagri’ ဘာသာစကားအရ “Sigiriya” ဆိုတာ “Lion Rock – ခြင်္သေ့ပုံကျောက်တုံး” ကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။

- Advertisement -

ခံတပ်မြို့ကြီးမဖြစ်ပေါ်လာခင် ၃၀၀ ဘီစီမှာတော့ အဆိုပါနေရာဟာ ဘုန်းကြီးကျောင်းဖြစ်ခဲ့ပြီး Sinhalese ဘုရင် Kasyapa I က ရန်သူတွေ စစ်မက်ပြုတဲ့အခါ ကာကွယ်တိုက်ခိုက်နိုင်ဖို့အတွက် ခံတပ်တစ်ခု တည်ဆောက်စေရာကနေ ခြင်္သေ့ပုံခံတပ်ကြီး ဖြစ်လာပါတော့တယ်။ ဘုရင်ကြီးဟာ ခံတပ်ကို တည်ဆောက်ပြီးတဲ့အခါမှာတော့ ဘုရင့်နန်းတော်ရှိရာ Anuradhapura ကနေ Sigiriya ကို ရွှေ့ပြောင်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ၄၉၅ အေဒီမှာ Mogallana က ခံတပ်ကြီးကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ၁၁၅၅ အေဒီမှာတော့ ခံတပ်မြို့ကြီးကို စွန့်ခွါခဲ့ကြကာ ၁၈၂၈ အေဒီရောက်မှ ခံတပ်မြို့ကြီးကို ပြန်လည်ရှာဖွေတွေ့ရှိတာပဲ ဖြစ်ပါတယ်။

- Advertisement -

ခြင်္သေ့ပုံကျောက်တုံးခံတပ်ကြီးမှာ ခံတပ်အဝင်ဝဖြစ်တဲ့ ခြင်္သေ့ရဲ့အရှေ့ခြေထောက်နှစ်ချောင်းသာ ရုပ်ပုံအတိုင်း ကျန်ရှိနေပြီး ကျန်တဲ့အစိတ်အပိုင်းတွေက အချိန်ရဲ့တိုက်စားခြင်းကိုခံရကာ ပုံပျက်သွားခဲ့ပါတယ်။ ခံတပ်မြို့ကြီးအတွင်းမှာရှိတဲ့ အဆောက်အအုံတွေရဲ့နံရံတွေမှာ ရေးဆွဲခဲ့တဲ့ နံရံဆေးရေးပန်းချီတွေမှာ မြင်တွေ့ရတဲ့ ဝတ်လစ်စလစ်ဖြစ်နေတဲ့ အမျိုးသမီးများဟာ ဘုရင်မများ (သို့) မိဘုရားများဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ နံရံဆေးရေးပန်းချီတွေ အများအပြားရှိခဲ့ပြီး အခုလက်ရှိမှာတော့ နံရံဆေးရေးပန်းချီ ၁၈ ခုလောက်သာ ကျန်ရှိတော့ကာ အခြားသော နံရံဆေးရေးပန်းချီတွေကတော့ လေရဲ့တိုက်စားမှုဒဏ်ကြောင့် မှေးမှိန်နေပြီလည်းဖြစ်ပါတယ်။ ခံတပ်မြို့ကြီးကို အုပ်စိုးခဲ့တဲ့ ဘုရင်တွေဟာ ၄င်းတို့ရဲ့ရုပ်ပုံတွေကို မြင်နိုင်အောင် နံရံကိုပြောင်လက်နေအောင် သန့်ရှင်းစေခဲ့ပြီး မှန်အဖြစ်ထားရှိခဲ့ကြပါတယ်။

ခံတပ်မြို့ကြီးကို လာရောက်လည်ပတ်ခဲ့သူတွေကလည်း ခံတပ်မြို့ကြီးအတွင်းမှာရှိတဲ့ အဆောက်အအုံတွေရဲ့ နံရံတွေပေါ်မှာ ကဗျာတွေကို ရေးသားခဲ့ကြပြီး အချို့သောကဗျာတွေဟာ လွန်ခဲ့တဲ့ ၈ ရာစုနှစ်လောက်က ကဗျာဆရာတွေရေးသားခဲ့တဲ့ ကဗျာတွေဖြစ်ကြောင်း သိရှိရပါတယ်။ ခံတပ်မြို့ကြီးရဲ့ အနောက်ဘက်အပိုင်းမှာတော့ ရေကန်နဲ့ ကုန်းမြေမြင့်ဥယျာဉ်တွေကို မြင်တွေ့ရပြီး ခံတပ်မြို့ကြီးအတွင်းမှာ ဂူတွေနဲ့ ပန်းဥယျာဉ်တွေလည်းရှိတာကြောင့် ရှေးခေတ်က ကျောက်တုံးပုံစံတွေကိုလည်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

- Advertisement -

“Sigiriya” ဟာ တောတောင်ပန်းပင်တွေ ဝန်းရံထားတဲ့ ရှေးဟောင်းခံတပ်မြို့ကြီးဖြစ်ပြီး မိုးတွင်းရောက်ရင်တော့ ကျောက်တုံးကြီးကနေကျဆင်းလာတဲ့ ရေတံခွန်ကရေတွေဟာ ခံတပ်ဝန်းကျင်တစ်ခုလုံးမှာ စီးဆင်းနေတာမို့ ခံတပ်ဝန်းကျင်တစ်ခုလုံးဟာ စိမ်းလန်းစိုပြေနေပါတယ်။ ခံတပ်အတွင်းမှာတော့ ကမ္ဘာ့ရှေးဟောင်း ရေသိုလှောင်ခြင်းနဲ့ ခံတပ်အတွင်း ရေစီးဆင်းခြင်းနည်းလမ်းကို အသုံးပြုပြီး ရေကန်တွေ ၊ ဆည်မြောင်းတွေ ၊ ရေပန်းတွေကို တည်ဆောက်ထားကာ တံတားတွေကိုလည်း ထည့်သွင်းတည်ဆောက်ထားပါသေးတယ်။ ခံတပ်မြို့ကြီးအတွင်းမှာရှိတဲ့ ရေပန်းတွေဟာ ရှေးဟောင်းဗိသုကာပညာရှင်တွေရဲ့ တီထွင်မှုတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း UNESCO က “Sigiriya” ရှေးဟောင်းခံတပ်မြို့ကြီးကို ကမ္ဘာပေါ်မှာအလှပဆုံးသော ရှေးဟောင်းအမွေအနစ်အဖြစ် သတ်မှတ်ထားတာပဲဖြစ်ပါတယ်။

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three − 1 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...