Breaking News

အလုပ်သမားရှားပါးသည့်ပြဿနာကို စက်ရုပ်များဖြင့် ဖြေရှင်းတော့မည့် ဂျပန်နိုင်ငံ။

ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်၌သက်ကြီးရွယ်အိုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်းရှိ လူဦးရေ (၃) ပုံ (၁) ပုံက အသက် (၆၅) နှစ်နဲ့အထက်ဖြစ်နေခြင်းကြောင့် အလုပ်သမားရှားပါးသည့် ပြဿနာများဖြင့် ရင်ဆိုင်နေရပါတယ်။ သို့ဖြစ်ရာ ဂျပန်နိုင်ငံအတွင်းရှိ နာမည်ကြီးစတိုးဆိုင် (၂) ဆိုင်ဖြစ်သည့် FamilyMart နဲ့ Lawson တို့က လူသားများရဲ့နေရာ၌ စက်ရုပ်များဖြင့် အစားထိုးရန်ပြင်ဆင်လာကြောင်း သိရှိရပါတယ်။

လက်ရှိအချိန်တွင် Lawson က တိုကျိုမြို့ရှိ ၎င်းတို့ရဲ့စတိုးဆိုင်တစ်ခု၌ ပထမဆုံးစက်ရုပ်အလုပ်သမားကို စတင်အသုံးပြုနေပြီး FamilyMart ကလည်း အဆိုပါအစီအစဉ်ကို စတင်ခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် FamilyMart အနေဖြင့် ယခုနှစ်အတွင်း နိုင်ငံအတွင်းရှိ စတိုးဆိုင်များအနက် စတိုးဆိုင်ပေါင်း (၂၀) ၌ စက်ရုပ်အလုပ်သမားများကို ခန့်အပ်ထားရန် အစီအစဉ်ရေးဆွဲထားပါတယ်။ (၇) ပေရှည်လျားသည့် အဆိုပါစက်ရုပ်များ၌ မိုက်ကရိုဖုန်း၊ ကင်မရာနဲ့ ဆင်ဆာအားလုံးပါဝင်ပြီး ပစ္စည်းများနေရာချထားရေးအတွက် လက်နှစ်ဖက်မှ လက်ချောင်း (၃) ချောင်းစီကိုသာ အသုံးပြုလေ့ရှိကြောင်းလည်း သိရှိရပါတယ်။

ဒါ့အပြင် ယခုအလုပ်ခန့်ထားသည့် စက်ရုပ်များသည် မတူညီသည့်ပစ္စည်းများ၊ ကွဲပြားခြားနားသည့် ပုံစံအရွယ်အစားတိုင်းကို ယူဆောင်နေရာချထားနိုင်ပြီး ယခင်အသုံးပြုခဲ့သည့် စက်ရုပ်များမှာမူ တူညီသည့် ပစ္စည်းအရွယ်အစား၊ ပုံစံတို့ကိုပဲ သတ်မှတ်ထားသည့်နေရာအတိုင်းသာ သယ်ယူပို့ဆောင်ပေးနိုင်ခြင်းကြောင့် ယခုစက်ရုပ်သည် ယခင်က အသုံးပြုလျက်ရှိသည့် စက်ရုပ်များထက် အားသာချက် ပိုမိုများပြားနိုင်ပါတယ်။ ဂျပန်နိုင်ငံ၌ ယခုကဲ့သို့ စက်ရုပ်များကို အလုပ်သမားအစားထိုးအသုံးပြုရမည့်ကိစ္စရပ်က စမ်းသပ်နေဆဲဖြစ်ပြီး အကယ်၍သာ အောင်မြင်ခဲ့ပါက လူတစ်ယောက်တည်းမှပင် မတူညီသည့်စတိုးဆိုင်များမှ စက်ရုပ်များကို ထိန်းချုပ်ခြင်းဖြင့် အလုပ်သမားလိုအပ်ချက်မြင့်မားမှုကို လျှော့ချပေးနိုင်မည်ဖြစ်ပါတယ်။

ယခုနှစ်အတွင်း ထွက်ပေါ်ထားသည့် အချက်အလက်များအရ ဂျပန်နိုင်ငံ၌ လက်ရှိလုပ်ကိုင်နေသည့် အလုပ်သမားများထဲမှ (၂၇) ရာခိုင်နှုန်းကို လာမယ့် (၂၀၃၀) ပြည့်နှစ်၌ အလိုအလျောက်အနားပေးရမည်ဖြစ်ပြီး အလုပ်သမား (၁၆) သန်း အစားထိုးရန်လိုအပ်နေပေမယ့် လက်ရှိအနေအထားအရ အလုပ်သမား (၁.၅) သန်းအထိ လိုအပ်ချက်ရှိနိုင်ကြောင်း သိရှိရပါတယ်။ သို့ဖြစ်ရာ ယခင်တည်းက နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ဂျပန်နိုင်ငံက ဝန်ထမ်းနေရာအတွက် လူသားများအစား စက်ရုပ်များဖြင့် အစားထိုးရန် ပြင်ဆင်လာခြင်းဖြစ်ပြီး ယခုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း စက်ရုပ်များကို အသုံးပြုခြင်းက လူသားအချင်းချင်း ရောဂါပိုးကူးစက်မှုကို လျှော့ချပေးနိုင်မည်လည်းဖြစ်ပါတယ်။

<Unicode Version>

 

 

အလုပ္သမားရွားပါးသည့္ျပႆနာကို စက္႐ုပ္မ်ားျဖင့္ ေျဖရွင္းေတာ့မည့္ ဂ်ပန္နိုင္ငံ။

ဂ်ပန္နိုင္ငံသည္ ကမၻာေပၚ၌သက္ႀကီးရြယ္အိုအမ်ားဆုံးနိုင္ငံတစ္နိုင္ငံျဖစ္ၿပီး နိုင္ငံအတြင္းရွိ လူဦးေရ (၃) ပုံ (၁) ပုံက အသက္ (၆၅) ႏွစ္နဲ႔အထက္ျဖစ္ေနျခင္းေၾကာင့္ အလုပ္သမားရွားပါးသည့္ ျပႆနာမ်ားျဖင့္ ရင္ဆိုင္ေနရပါတယ္။ သို႔ျဖစ္ရာ ဂ်ပန္နိုင္ငံအတြင္းရွိ နာမည္ႀကီးစတိုးဆိုင္ (၂) ဆိုင္ျဖစ္သည့္ FamilyMart နဲ႔ Lawson တို႔က လူသားမ်ားရဲ့ေနရာ၌ စက္႐ုပ္မ်ားျဖင့္ အစားထိုးရန္ျပင္ဆင္လာေၾကာင္း သိရွိရပါတယ္။

လက္ရွိအခ်ိန္တြင္ Lawson က တိုက်ိဳၿမိဳ႕ရွိ ၎တို႔ရဲ့စတိုးဆိုင္တစ္ခု၌ ပထမဆုံးစက္႐ုပ္အလုပ္သမားကို စတင္အသုံးျပဳေနၿပီး FamilyMart ကလည္း အဆိုပါအစီအစဥ္ကို စတင္ခဲ့ေၾကာင္း သိရွိရပါတယ္။ ဒါ့အျပင္ FamilyMart အေနျဖင့္ ယခုႏွစ္အတြင္း နိုင္ငံအတြင္းရွိ စတိုးဆိုင္မ်ားအနက္ စတိုးဆိုင္ေပါင္း (၂၀) ၌ စက္႐ုပ္အလုပ္သမားမ်ားကို ခန္႔အပ္ထားရန္ အစီအစဥ္ေရးဆြဲထားပါတယ္။ (၇) ေပရွည္လ်ားသည့္ အဆိုပါစက္႐ုပ္မ်ား၌ မိုက္ကရိုဖုန္း၊ ကင္မရာနဲ႔ ဆင္ဆာအားလုံးပါဝင္ၿပီး ပစၥည္းမ်ားေနရာခ်ထားေရးအတြက္ လက္ႏွစ္ဖက္မွ လက္ေခ်ာင္း (၃) ေခ်ာင္းစီကိုသာ အသုံးျပဳေလ့ရွိေၾကာင္းလည္း သိရွိရပါတယ္။

ဒါ့အျပင္ ယခုအလုပ္ခန္႔ထားသည့္ စက္႐ုပ္မ်ားသည္ မတူညီသည့္ပစၥည္းမ်ား၊ ကြဲျပားျခားနားသည့္ ပုံစံအရြယ္အစားတိုင္းကို ယူေဆာင္ေနရာခ်ထားနိုင္ၿပီး ယခင္အသုံးျပဳခဲ့သည့္ စက္႐ုပ္မ်ားမွာမူ တူညီသည့္ ပစၥည္းအရြယ္အစား၊ ပုံစံတို႔ကိုပဲ သတ္မွတ္ထားသည့္ေနရာအတိုင္းသာ သယ္ယူပို႔ေဆာင္ေပးနိုင္ျခင္းေၾကာင့္ ယခုစက္႐ုပ္သည္ ယခင္က အသုံးျပဳလ်က္ရွိသည့္ စက္႐ုပ္မ်ားထက္ အားသာခ်က္ ပိုမိုမ်ားျပားနိုင္ပါတယ္။ ဂ်ပန္နိုင္ငံ၌ ယခုကဲ့သို႔ စက္႐ုပ္မ်ားကို အလုပ္သမားအစားထိုးအသုံးျပဳရမည့္ကိစၥရပ္က စမ္းသပ္ေနဆဲျဖစ္ၿပီး အကယ္၍သာ ေအာင္ျမင္ခဲ့ပါက လူတစ္ေယာက္တည္းမွပင္ မတူညီသည့္စတိုးဆိုင္မ်ားမွ စက္႐ုပ္မ်ားကို ထိန္းခ်ဳပ္ျခင္းျဖင့္ အလုပ္သမားလိုအပ္ခ်က္ျမင့္မားမႈကို ေလၽွာ့ခ်ေပးနိုင္မည္ျဖစ္ပါတယ္။

ယခုႏွစ္အတြင္း ထြက္ေပၚထားသည့္ အခ်က္အလက္မ်ားအရ ဂ်ပန္နိုင္ငံ၌ လက္ရွိလုပ္ကိုင္ေနသည့္ အလုပ္သမားမ်ားထဲမွ (၂၇) ရာခိုင္ႏႈန္းကို လာမယ့္ (၂၀၃၀) ျပည့္ႏွစ္၌ အလိုအေလ်ာက္အနားေပးရမည္ျဖစ္ၿပီး အလုပ္သမား (၁၆) သန္း အစားထိုးရန္လိုအပ္ေနေပမယ့္ လက္ရွိအေနအထားအရ အလုပ္သမား (၁.၅) သန္းအထိ လိုအပ္ခ်က္ရွိနိုင္ေၾကာင္း သိရွိရပါတယ္။ သို႔ျဖစ္ရာ ယခင္တည္းက နည္းပညာပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္လ်က္ရွိသည့္ ဂ်ပန္နိုင္ငံက ဝန္ထမ္းေနရာအတြက္ လူသားမ်ားအစား စက္႐ုပ္မ်ားျဖင့္ အစားထိုးရန္ ျပင္ဆင္လာျခင္းျဖစ္ၿပီး ယခုကဲ့သို႔ ကိုရိုနာဗိုင္းရပ္စ္ကာလအတြင္း စက္႐ုပ္မ်ားကို အသုံးျပဳျခင္းက လူသားအခ်င္းခ်င္း ေရာဂါပိုးကူးစက္မႈကို ေလၽွာ့ခ်ေပးနိုင္မည္လည္းျဖစ္ပါတယ္။

<Zawgyi Version>

 

#soshwetech

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

TikTok ကို App Store တွေကနေ ဖြုတ်ချတော့မှာလား ? ? ?

TikTok သုံးစွဲတဲ့ အမေရိကန်နိုင်ငံသားတေါဆီကနေ လျှို့ဝှက်အချက်အလက်တွေကို တရုတ်အခြေစိုက် TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေက ထပ်တလဲလဲ ရယူနေတယ်ဆိုပြီး BuzzFeed သတင်းဌာန ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro