HomeOtherAnimalsလူတစ်ယောက်နဲ့ရေဘဝဲတစ်ကောင်အကြားက အံ့အားသင့်ဖွယ်ရာနှောင်ကြိုး။

လူတစ်ယောက်နဲ့ရေဘဝဲတစ်ကောင်အကြားက အံ့အားသင့်ဖွယ်ရာနှောင်ကြိုး။

- Advertisement -

Craig Foster ဆိုတဲ့ပုဂ္ဂိုလ်ဟာ အာဖရိကတိုက်အစွန်အဖျား၌ ရေငုပ်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး တစ်ရက်၌မူ ကျောက်တုံးများ၊ အခွံများဖြင့် ဖုံးအုပ်ထားသည့် ရေဘဝဲတစ်ကောင်ကို ရေအောက်အတွင်း၌ တွေ့ရှိခဲ့ရပါတယ်။ အဆိုပါရေဘဝဲအနေဖြင့် Craig ကို မြင်သည့်အခါ၌ ယခုကဲ့သို့ နည်းလမ်းမျိုးစုံနဲ့ ပုန်းအောင်းရန် ကြိုးစားခဲ့ပေမယ့် (၂၆) ရက်မြောက်သည့်နေ့၌မူ Craig ကို ရင်းနှီးလာပြီး စတင်ထိတွေ့ခဲ့ကြောင်း သိရှိရပါတယ်။

Netflix ရဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည့် “My Octopus Teacher” ဆိုသည့် ဇာတ်ကား၌မူ ရေဘဝဲများအနေဖြင့် လူသားတစ်ယောက်ရဲ့လက်ကို ယခုကဲ့သို့ထိတွေ့ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမျှ မထင်ခဲ့ဖူးကြောင်း ထည့်သွင်းရိုက်ကူးထားပြီး အဆိုပါဇာတ်ကားသည် Craig နဲ့ အဆိုပါရေဘဝဲတို့အကြားက အကြောင်းကို ပုံဖော်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။ “My Octopus Teacher” ဇာတ်ကားအနေဖြင့် EarthxFilm ပွဲတော်၌လည်း အကောင်းဆုံး Feature ဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။

- Advertisement -

- Advertisement -

Craig သည် အဆိုပါရေဘဝဲရဲ့ လှုပ်ရှားမှုပုံရိပ်များကို မှတ်တမ်းတင်နိုင်ရန်အတွက် တစ်ရက်လျှင် (၂) နာရီကျော်ကြာ အချိန်ပေးခဲ့ရပြီး (၁) နှစ်တိတိ အချိန်ကုန်ဆုံးခဲ့ရပါတယ်။ Craig က “တကယ်လို့ ခင်ဗျားက တိရစ္ဆာန်တစ်ကောင်ရဲ့ ယုံကြည်မှုကို ရသွားပြီဆိုတာနဲ့ သူတို့က ခင်ဗျားကို လျစ်လျူရှုလိုက်ပြီး သူတို့ရဲ့ လျှို့ဝှက်ကမ္ဘာလေးထဲဆီ ခင်ဗျားကို ခေါ်သွားပါလိမ့်မယ်။” ဟု CNN သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါရေဘဝဲအနေဖြင့် ငါးမန်းတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကိုလည်းခံခဲ့ရဖူးပြီး ၎င်းရဲ့ခြေလက်အသစ်များ ပြန်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းလည်း  Craig က ဖွင့်ဟခဲ့ပါတယ်။ Craig က “ဒီရေဘဝဲက ကျွန်တော့်ကို သိပ္ပံပညာနဲ့ပတ်သက်တဲ့ အမူအရာ အသစ်အဆန်းတွေ အများကြီးကို ပြသခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော့်ကို ယုံကြည်ခဲ့လို့ပါ။” ဟု ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါရေဘဝဲက ၎င်းအတွက် သားကောင်ရှာဖွေမည့်နေရာသို့ Craig အားလိုက်ပါခွင့်ပြုခဲ့ခြင်းက ခမ်းနားသည့်အခိုက်အတန့်တစ်ခုဖြစ်ကြောင်းလည်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ Craig သည် တောင်အာဖရိကရဲ့ အနောက်ဘက်ကမ်းရိုးတန်းဖြစ်သည့် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း၌ ရေငုပ်ရင်းဖြင့် အချိန် (၁၀) နှစ်ကြာ ကုန်ဆုံးခဲ့ပြီး တခါတရံ အဆိုပါသမုဒ္ဒရာအတွင်း၌ အပူချိန် အနုတ် (၈) ဒီဂရီအထိ ရောက်ရှိလေ့ရှိပါတယ်။ Craig သည် ငယ်စဉ်ကလေးဘဝတည်းက ရေငုပ်ခြင်းကို ဝါသနာပါခဲ့ပြီး လက်ရှိအချိန်၌မူ သမုဒ္ဒရာအတွင်းရှိ ရေနေသတ္တဝါများနဲ့ ရင်းနှီးနေပြီဖြစ်ကြောင်း၊ ၎င်းတို့က သူ့အား လာရောက်ဆက်သွယ်ထိတွေ့လေ့ရှိကြောင်းနဲ့ ထိုအထဲ၌ ဝေလငါးနဲ့ ငါးမန်းတို့လည်းပါဝင်ကြောင်း Craig ကဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

seventeen − 5 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...