HomeOtherAnimalsသီးခြားထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ ရှားရှားပါးပါး ရွှေဝါရောင်ပင်လယ်ဖျံလေး။

သီးခြားထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ ရှားရှားပါးပါး ရွှေဝါရောင်ပင်လယ်ဖျံလေး။

- Advertisement -

ရှားပါးတဲ့နီဝါရောင် ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ ပင်လယ်ဖျံလေးကို ဇီဝဗေဒပညာရှင်တွေဟာ တစ်ကောင်တည်းထာရှိဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အကြောင်းအရင်းကတော့ ပင်လယ်ဖျံအများစုရဲ့ ခန္ဓာကိုယ်အရောင်ဟာ မီးခိုးနက်ရောင်ဖြစ်တာကြောင့် မီးခိုးနက်ရောင်ပင်လယ်ဖျံလေးတွေဟာ နီဝါရောင်ပင်လယ်ဖျံလေးရဲ့ အနားကိုမကပ်ကြဘဲ ၎င်းတို့မျိုးစိတ်နဲ့မတူတဲ့ အခြားသတ္တဝါတစ်ကောင်လို့ ထင်မြင်ကြတာကြောင့်ပဲဖြစ်ပါတယ်။

ပင်လယ်ဖျံအများအပြား ကျက်စားရာဒေသဖြစ်တဲ့ ရရှားနိုင်ငံ Okhotsk ပင်လယ်နားက Tyuleny ကျွန်းဆွယ်မှာ ရွှေဝါရောင်ပင်လယ်ဖျံလေးကို ၂၀၂၀ ခုနှစ်က မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ ရေနေနို့တိုက်သတ္တဝါ ဇီဝဗေဒပညာရှင် Vladimir Burkanov က Tyuleny ကျွန်းဆွယ်ကို သွားရောက်လည်ပတ်တဲ့အချိန်မှာတော့ အဆိုပါရွှေဝါရောင်ပင်လယ်ဖျံလေးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

- Advertisement -

ဇီဝဗေဒပညာရှင် Vladimir Burkanov က Tyuleny ကျွန်းဆွယ်ကို ရောက်ရှိခဲ့တဲ့အချိန်မှာတော့ မီးခိုးနက်ရောင်ပင်လယ်ဖျံလေးတွေကြား တကောင်တည်း လင်းဝင်းတောက်ပနေတဲ့ ရွှေဝါရောင်ပင်လယ်ဖျံလေးကို တွေ့ရှိခဲ့ပါတယ်။ ရွှေဝါရောင်ပင်လယ်ဖျံလေးရဲ့ ခန္ဓာကိုယ်မှာ ထူးခြားတာက ခန္ဓာကိုယ်အမွှေးအရောင်အပြင် အပြာရောင်မျက်ဝန်းတစ်စုံနဲ့ ပန်းနုရောင် ရေယက်ပြားလေးတွေလည်း ပါဝင်ပါတယ်။

- Advertisement -

ရေနေနို့တိုက်သတ္တဝါ ဇီဝဗေဒပညာရှင်တွေရဲ့ ပြောကြားချက်အရ ရွှေဝါရောင်ပင်လယ်ဖျံလေးရဲ့ ခန္ဓာကိုယ်အဆင်းဟာ အကောင် ၁ သိန်းမှာမှ တစ်ကောင်လောက်မှာပဲ တွေ့နိုင်တာဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့နှစ်အချို့ကလည်း Nafanya လို့အမည်ရတဲ့ ရွှေဝါရောင်ခန္ဓာကိုယ်အဆင်းနဲ့ ပင်လယ်ဖျံလေးတစ်ကောင်ရှိခဲ့ပြီး Nafanya လေးဟာ အခြားသောပင်လယ်ဖျံတွေရဲ့ ခန္ဓာကိုယ်အဆင်းအရောင်နဲ့ မတူတာကြောင့် အခြားသောပင်လယ်ဖျံလေးတွေက Nafanya လေးကို ပစ်ပယ်ထားခဲ့ကြပါတယ်။

ဒါကြောင့်လည်း ရေနေနို့တိုက်သတ္တဝါ ဇီဝဗေဒပညာရှင်တွေက အခုတစ်ခါမှာတွေ့ရှိခဲ့တဲ့ ရွှေဝါရောင်ပင်လယ်ဖျံလေးကို သူ့ရဲ့အပေါင်းအပါတွေက ပစ်ပယ်ထားကြမှာကို စိုးရိမ်လာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ရွှေဝါရောင်ပင်လယ်ဖျံလေးကိုတော့ သူ့ရဲ့အပေါင်းအပါတွေက အခုချိန်မှာ ပစ်ပယ်ထားတာမျိုး မရှိပေမယ့် အရွယ်ရောက်လာလို့ မျိုးဆက်ပွား ရာသီရောက်လာတဲ့အချိန်မှာတော့ အခြားသောပင်လယ်ဖျံတွေက ပစ်ပယ်ထားကောင်း ပစ်ပယ်ထားနိုင်တယ်လို့ ရေနေနို့တိုက်သတ္တဝါ ဇီဝဗေဒပညာရှင် Vladimir Burkanov က ဆိုပါတယ်။

Vladimir Burkanov က ရွှေဝါရောင်ပင်လယ်ဖျံလေးဟာ အမြင်အာရုံချို့တဲ့နေတယ်လို့ ယူဆခဲ့ပြီး မကြာမီအချိန်အတွင်းမှာ ရွှေဝါရောင်ပင်လယ်ဖျံလေး Nafanya လေးကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ရရှားနိုင်ငံတောင်ပိုင်းက Sochi ဒေသရှိ ရရှားပင်လယ်ဖျံများထိန်းသိမ်းစောင့်ရှောက်ရေးစင်တာကို ယူဆောင်လာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ Vladimir Burkanov က ဆိုပါတယ်။

<Unicode Version>

 

#soshweanimal

#soshweforyourdailylife

- Advertisement -

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × three =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...