HomeEntertainmentစိတ်ဓာတ်ခွန်အားမြှင့်တင်ပေးနိုင်သည့် လူကြိုက်များရေပန်းစားခဲ့တဲ့ သီချင်းကောင်းများ။

စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးနိုင်သည့် လူကြိုက်များရေပန်းစားခဲ့တဲ့ သီချင်းကောင်းများ။

- Advertisement -

မြန်မာနိုင်ငံသားတွေအနေနဲ့ စိတ်ဆင်းရဲစရာတွေ ၊ စိတ်ညစ်စရာတွေ ပြည့်နှက်နေတဲ့ ၂၀၂၁ ခုနှစ်ကို ဖြတ်ကျော်ပြီးနောက်မှာတော့ စိတ်မချမ်းမြေ့စရာ အကြောင်းအရာတွေ၊ စိတ်ဓာတ်ကျစရာ ကိစ္စရပ်တွေဟာ ၂၀၂၁ မှာ ရပ်တန့်မသွားဘဲ နောက်ဆက်တွဲ မီးပွားလေးတွေကလည်း ၂၀၂၂ နှစ်ကို လွင့်စင်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် (၂၀၂၂) ခုနှစ်ကို အကောင်းဆုံးဖြတ်ကျော်နေတဲ့ ကာလအတွင်းမှာလည်း အကောင်းဆုံးစိတ်ခွန်အားပေးနိုင်မည့် သီချင်းကောင်းများကို Soshwe ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။

 

၁။ Run the World (Girls)- Beyonce

- Advertisement -

- Advertisement -

 

နာမည်ကျော်အဆိုတော် Beyonce ရဲ့ အဆိုပါသီချင်းက မိန်းကလေးများအတွက် အထူးအားတက်စရာ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပြီး “ငါ့ရဲ့သွေးဆောင်ဖြားယောင်းမှုနဲ့နိုင်ငံတစ်ခုကို တည်ဆောက်နိုင်တယ်။” ဆိုသည့် စာသားက သီချင်းရဲ့အနှစ်သာရဟုပင်ဆိုနိုင်ပါတယ်။

 

၂။ Love Myself- Hailee Steinfeld

 

ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးရန် တိုက်တွန်းထားသည့် အဆိုပါသီချင်းက ယခုကဲ့သို့အချိန်ကာလအတွင်း၌ အကောင်းဆုံးအဖော်မွန်ဟုပင်သတ်မှတ်နိုင်ပါတယ်။

 

- Advertisement -

၃။ Fighter- Christina Aguilera

Christina Aguilera သီဆိုထားသည့်အဆိုပါသီချင်းက စိတ်ဓာတ်ခွန်အားရရှိရန်အတွက် အကောင်းဆုံး တွန်းအားပေးနိုင်သည့် သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

 

၄။ Smile- Katy Perry

မည်ကဲ့သို့သော အခြေအနေကို ရောက်ရှိနေသည်ဖြစ်စေ၊ အကောင်းမြင်ပြီးအလှပဆုံးပြုံးနိုင်ရန်နဲ့ မိမိရရှိပြီးသား အရာများအတွက် ကျေးဇူးတင်တတ်စေမည့် သီချင်းလည်းဖြစ်ပါတယ်။

 

၅။ Hard- Rihanna

နာကျင်မှုတွေက ဘယ်တော့မှထာဝရမရှိနိုင်ဆိုသည့် သီချင်းစာသားအတိုင်းပါပဲ။ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများ၊ ဘေးဒုက္ခများကလည်း အချိန်တန်လျှင်ပျောက်ကွယ်သွားမည်ဖြစ်ပါတယ်။

 

၆။ Unwritten- Natasha Bedingfield

သင်က The Hills ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်မည်ဆိုပါက Heidi နဲ့ Lauren တို့အကြားက သာယာလှပသည့် အမှတ်တရများကို သတိရနေမည်ဖြစ်ပါတယ်။ ယခုလည်း အဆိုပါသီချင်းထဲကအတိုင်း မကောင်းသည့်အတိတ်များ၊ အမှတ်တရများကို မေ့ဖျောက်ပြီးချန်ထားရစ်ရမည့် အချိန်ကာလကို စောင့်ဆိုင်းရမည်လည်းဖြစ်ပါတယ်။

 

၇။ You Gotta Be- Des’ree

အမျိုးသမီးများအတွက် မဖြစ်မနေနားထောင်သင့်သည့်သီချင်းဖြစ်ပြီး မိမိကိုယ်ကို အဓိကဇာတ်ဆောင်နေရာ၌ ရောက်ရှိသွားသည်ဟုခံစားစေနိုင်သည့် သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

 

၈။ Fight Song- Rachel Platten

ခေါင်းစဥ်နဲ့ပင် နာမည်ကြီးထင်ရှားသည့် စိတ်ဓာတ်ခွန်အားပေးသီချင်းတစ်ပုဒ်ဖြစ်ပြီး လှေအရွယ်အစားသေး ငယ်စေကာမူ လှိုင်းကြီးများကိုကျော်ြဖတ်သွားနိုင်သည့် မက်ဆေ့ချ်ကိုပေးထားပါတယ်။

 

၉။ Brave- Sara Bareilles

Sara Bareilles ရဲ့အဆိုပါသီချင်းက ပရိသတ်များကိုဝေဖန်ရန်မဟုတ်ဘဲ မိမိကိုယ်ကိုမိမိ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီး သတ္တိရှိရန်တိုက်တွန်းထားသည့် သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

 

၁၀။ Stronger- Kelly Clarkson

မိမိဖြတ်သန်းနေရသည့်တစ်နေ့တာနေ့ရက်များက ခက်ခဲကြမ်းတမ်းနေပေမယ့် Kelly Clarkson ကမူ စိတ်ဓာတ်မကျရန် အဆိုပါသီချင်းဖြင့် အားပေးထားပြီး မိမိကိုယ်ကိုမိမိအကောင်းဆုံးထိန်းချုပ်နိုင်ရန် စိတ်ဓာတ်ခွန်အားပေးထားပါတယ်။

 

၁၁။ Eye of the Tiger- Survivor

 

ဂန္တဝင်သီချင်းများအနက် စိတ်ဓာတ်ခွန်အားအပေးနိုင်ဆုံးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

 

၁၂။ Woman- Kesha

အမျိုးသမီးတစ်ယောက်အနေဖြင့် မားမားမတ်မတ်ရပ်တည်နိုင်ရန်အတွက် မည်သည့်အမျိုးသားရဲ့ အကူအညီကိုမှ မလိုအပ်ကြောင်း ရည်ရွယ်သီဆိုထားသည့် သီချင်းတစ်ပုဒ်ဖြစ်ပြီး မိန်းကလေးများအတွက် စိတ်ဓာတ်ခွန်အားဖြစ်ဖွယ်ရာ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

<Unicode Version>

 

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 − 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...