PropertyGuru အဖွဲ့သည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများဖြစ်သည့် TPG Capital နဲ့ KKR တို့နဲ့အတူ အရှေ့တောင်အာရှဒေသ၌ ဒေါ်လာသန်း (၃၀၀) ထပ်တိုးရင်းနှီးမြှုပ်နှံသွားရန် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံငွေပမာတိုးမြှင့်လိုက်ခြင်းကြောင့် အရှေ့တောင်အာရှဒေသတစ်ဝှမ်းရှိ ကုမ္ပဏီရဲ့ပုံရိပ်ကလည်း တိုးတက်လာမည်ဖြစ်ပါတယ်။ PropertyGuru ရဲ့အမှုဆောင်အရာရှိချုပ်နဲ့ မန်နေးဂျင်းဒါရိုက်တာ Hari V. Krishnan က “TPG နဲ့ KKR တို့ကလည်း အရှေ့တောင်အာရှမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အိမ်ခြံမြေဈေးကွက်ကို ပိုမိုတိုးတက်အောင် ကူညီပေးနိုင်ပြီး ကျွန်တော်တို့ရဲ့ အဓိကဈေးကွက်ဖြစ်တဲ့ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့မှာ ကုမ္ပဏီရဲ့ တိုးတက်မှုအရှိန်ကိုလည်း မြှင့်တင်ပေးနိုင်မှာပါ။” ဟု ပြောကြားခဲ့ပါတယ်။
ကုမ္ပဏီအနေဖြင့် တစ်နှစ်ဝင်ငွေတိုးတက်မှုနှုန်းက (၂၄) ရာခိုင်နှုန်းအထိရှိနေပြီး အရှေ့တောင်အာရှဈေးကွက်၌ ရှယ်ယာ (၅၇) ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပါတယ်။ (၂၀၀၇) ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် အဆိုပါကုမ္ပဏီသည် စင်ကာပူနိုင်ငံအခြေစိုက်ဖြစ်ပြီး ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့၌ ရုံးခွဲများဖွင့်လှစ်ထားကြောင်း သိရှိရပါတယ်။
PropertyGuru ရဲ့ ဥက္ကဌဖြစ်သူ Olivier Lim က “အရှေ့တောင်အာရှဈေးကွက်မှာ ကျွန်တော်တို့က စားသုံးသူတွေရဲ့ လိုအပ်ချက်တွေကို ကြိုတင်တွက်ဆပြီး မဟာဗျူဟာကျကျ တိုးတက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၀ က ဖြစ်ပေါ်ခဲ့တဲ့ စီးပွားရေးဆိုင်ရာပြောင်းလဲမှုတွေအရ ကျွန်တော်တို့အတွက် အခွင့်အလမ်းအသစ်တွေ ပေါ်ပေါက်လာစေပြီး ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို အရှိန်မြင့်တက်စေခဲ့ပါတယ်။” ဟု ပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်။
<Unicode Version>
အရှေ့တောင်အာရှဒေသအတွက် ဒေါ်လာသန်းရာနဲ့ချီ ရင်းနှီးမြှုပ်နှံမည့် နာမည်ကြီးကုမ္ပဏီတစ်ခု။
<Zawgyi Version>
#soshwehomeandproperty
#soshweforyourdailylife
#likeandshare