HomeEntertainmentလူသားချင်းစာနာသည့်အပြုအမူတစ်ရပ်ကို ပြသခဲ့သည့် နာမည်ကျော်မင်းသမီးကြီး။

လူသားချင်းစာနာသည့်အပြုအမူတစ်ရပ်ကို ပြသခဲ့သည့် နာမည်ကျော်မင်းသမီးကြီး။

- Advertisement -

နာမည်ကျော်မင်းသမီးကြီး အိန်ဂျယ်လီနာဂျိုလီသည် စစ်ဘေးဒဏ်သင့်နေသည့် ယီမင်နိုင်ငံမှ ကလေးငယ် (၂) ယောက်အတွက် လူသားချင်းစာနာထောက်ထားပြီး အလှူအတန်းပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ ဂျိုလီကူညီခဲ့သည့် အဆိုပါကလေးငယ် (၂) ယောက်သည် ကိုယ်တိုင်ပြုလုပ်ထားသည့် မုန့်များရောင်းချကာ ယီမင်နိုင်ငံကို အကူအညီပေးရန် ကြိုးစားနေကြသူများဖြစ်ပြီး အသက် (၆) နှစ်အရွယ်သာရှိသေးသည့် အဆိုပါကလေး (၂) ယောက်ရဲ့လုပ်ရပ်ကို အွန်လိုင်းမှတစ်ဆင့် မြင်တွေ့ရချိန်၌ ဂျိုလီက လန်ဒန်မြို့မှတစ်ဆင့် ကူညီရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

https://www.instagram.com/p/CE4NiZKF8ZA/?utm_source=ig_embed

ယီမင်နိုင်ငံသည် လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များ၌အဆိုးရွားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အဆိုပါကလေး (၂) ယောက်က အရွယ်နဲ့မလိုက်အောင် စွမ်းဆောင်နေခြင်းကြောင့် ဂျိုလီက “Ayaan နဲ့ Mikaeel တို့ရေ။ မင်းတို့နဲ့ မင်းတို့ သူငယ်ချင်းတွေက ယီမင်နိုင်ငံမှာရှိတဲ့ ကလေးငယ်တွေကို အကူအညီပေးဖို့ကြိုးစားနေကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းတို့ဆီက မုန့်တွေမဝယ်စားနိုင်တာ ငါစိတ်မကောင်းပါဘူး။ ဒါပေမယ့် မင်းတို့ရဲ့ရပ်တည်ချက်အတွက် အလှူငွေထည့်ချင်ပါတယ်။” ဟုရေးသားကာ ကိုယ်တိုင်လက်မှတ်ထိုးထားသည့် စာတစ်စောင်ကို ပေးပို့ခဲ့ပါတယ်။

- Advertisement -

https://www.instagram.com/p/CEy-pAxF0NU/?utm_source=ig_embed

- Advertisement -

ကလေး (၂) ယောက်သည် မိဘများရဲ့ အကူအညီဖြင့် ကိုယ်တိုင်မုန့်လုပ်ကာ တစ်ခုလျှင် (၃) ဒေါ်လာဖြင့် ရောင်းချပြီး ရန်ပုံငွေရှာဖွေနေကြခြင်းလည်းဖြစ်ပါတယ်။ ဂျိုလီရဲ့လှူဒါန်းမှုနဲ့ပတ်သက်၍လည်း အဆိုပါကလေး (၂) ယောက်က ၄င်းတို့ရဲ့ အင်စတာဂရမ်အကောင့်မှတစ်ဆင့် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တွေ့ဆုံချိန်၌ ကိုယ်တိုင်ပြုလုပ်ထားသည့် မုန့်ကိုယူဆောင်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် ဂျိုလီနဲ့ အဆိုပါကလေး (၂) ယောက် ဗြိတိန်၌တွေ့ဆုံရန် စီစဉ်ထားကြောင်းလည်း BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဂျိုလီရဲ့လှူဒါန်းငွေပမာဏကို ကလေး (၂) ယောက်ရဲ့ မိသားစုဘက်က တရားဝင် ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေမယ့် လက်ရှိအချိန်အထိ ရန်ပုံငွေ ဒေါ်လာ (၇၆,၀၀၀) အထိ ရရှိထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။

https://www.instagram.com/p/CDuW7TUFZjn/?utm_source=ig_embed

ယီမင်နိုင်ငံ၌ပြည်တွင်းစစ်အပြီး (၂၀၁၅) ခုနှစ်မှစတင်ကာ နိုင်ငံတွင်းပြဿနာများနဲ့ပဋိပက္ခများ၊ စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်နေရာ နိုင်ငံအတွင်းနေထိုင်သည့် လူဦးရေရဲ့ (၈၀) ရာခိုင်နှုန်း ခန့်မှန်းချေ လူဦးရေ (၂၄) သန်းခန့်က အစားအစာနဲ့ ရေရရှိရေးအတွက် အခက်အခဲများနဲ့ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nine + 16 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...