HomeTechအမေရိကန်နဲ့ဥရောပနိုင်ငံများကြား သတင်းအချက်အလက် ကူးပြောင်းပေးခြင်းကို ရပ်ဆိုင်းရတော့မယ့် Facebook

အမေရိကန်နဲ့ဥရောပနိုင်ငံများကြား သတင်းအချက်အလက် ကူးပြောင်းပေးခြင်းကို ရပ်ဆိုင်းရတော့မယ့် Facebook

- Advertisement -

Facebook ကုမ္ပဏီဟာ Ireland ဥပဒေတရားရုံက Facebook အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုကြား ကူးပြောင်းပေးခြင်းကို တားမြစ်လိုက်တာကြောင့် အခက်တွေ့နေရပါတယ်။ Facebook အတွက် ဥရောပနိုင်ငံတွေမှာနေတဲ့ လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို အမေရိကန်ပြည်ထောင်စုဆီ မရောက်ဖို့အတွက် Facebook ဟာ နည်းပညာပိုင်းဆိုင်ရာ လစ်ဟာနေတဲ့ ကွက်လပ်တွေကို လိုက်ဖြည့်ပေးနေရပါတယ်။

ဒီပြဿနာမီးစဟာ ဇူလိုင်လကနေစပြီးတော့ တငွေ့ငွေ့လောင်ကျွမ်းနေတယ်လို့ ယူဆရပါမယ်။ ဘာလို့လည်းဆိုတော့ ဥရောပထိပ်တန်းဥပဒေတရားရုံးက လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ထားဖို့အတွက် လူမှုကွန်ရက်ပလက်ဖောင်းကုမ္ပဏီဖြစ်တဲ့ Facebook ကိုလည်း အချက်အလက်တွေ ခိုးယူခံရခြင်းကို ထိထိရောက်ရောက်ကာကွယ်ပေးဖို့ အမိန့်ထုတ်ပြန်ထားခဲ့တာပဲဖြစ်ပါတယ်။

- Advertisement -

Ireland မှာရှိတဲ့ Facebook ရုံးချုပ်မှာလည်း Facebook အဖွဲ့က Irish DPC (Data Protection Commission – အချက်အလက်များ ကာကွယ်ရေးအဖွဲ့အစည်း) ဟာ အချက်အလက်များ လွှဲပြောင်းပေးခြင်းဆိုင်ရာကဏ္ဍကို ဘယ်လိုမျိုး အကျိုးသက်ရောက်မှုရှိစေမလဲဆိုတာကို စိုးရိမ်နေကြတာပဲဖြစ်ပါတယ်။

- Advertisement -

အခုတစ်ပတ်အတွင်းမှာလည်း Wall Street ဂျာနယ်က Irish အချက်အလက်များ ကာကွယ်ရေးအဖွဲ့အစည်းက Facebook ကို သတင်းအချက်အလက်များ ကူးပြောင်းပေးခြင်းကဏ္ဍကို ဆိုင်းငံ့ထားတယ်လို့ သတင်းပေးခဲ့ပါတယ်။ ဒါပေမယ့် Facebook အတွက်ကတော့ Irish အချက်အလက်များ ကာကွယ်ရေးအဖွဲ့အစည်းက ချမှတ်လိုက်တဲ့ တားမြစ်မှုဟာ မြန်ဆန်လွန်းတာကြောင့် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ခွင့်မရခဲ့တာကြောင့် လုပ်သင့်တာတွေ လုပ်ဆောင်နိုင်အောင် အချိန်အပိုင်းအခြားတစ်ခု သတ်မှတ်ပေးဖို့အတွက် တောင်းဆိုခဲ့ရတယ်လို့လည်း သိရပါတယ်။

- Advertisement -

Facebook ကုမ္ပဏီက နိုင်ငံတကာဆက်သွယ်မှုဆိုင်ရာ ပြဿနာတွေကို တာဝန်ယူဖြေရှင်းရတဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ Nick Clegg မှ လွန်ခဲ့တဲ့ ကြာသပတေးနေ့မှာတော့ Facebook ကုမ္ပဏီရဲ့ နိုင်ငံတကာ အချက်အလက် ပို့ပြောင်းပေးခြင်းကဏ္ဍနဲ့ ပတ်သက်ပြီး ရုတ်တရက်ကြီး စည်းမျဉ်းစည်းကမ်း သတ်မှတ်လိုက်ခြင်းက ကုမ္ပဏီရဲ့ရပ်တည်မှုကို အလဲထိုးရာရောက်တယ်လို့ ရေးသားပြောဆိုခဲ့ပါတယ်။

အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ Facebook ကုမ္ပဏီ CEO Mark Zuckerberg က ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းမှာပါ။ ဒါကြောင့် အထက်မှာဖော်ပြထားတဲ့ နည်းပညာရှုပ်ထွေးမှုတွေအကြောင်းကို စိတ်ဝင်စားတဲ့ Soshwe စာဖတ်ပရိသတ်ကြီးအနေနဲ့ နောက်ထပ်ဖော်ပြပေးသွားမယ့် ဆောင်းပါးတွေကိုလည်း ဆက်လက်စောင့်ကြည့်ဖတ်ရှုပေးကြပါဦးနော်။

<Unicode Version>

 

 

အေမရိကန္နဲ႔ဥေရာပႏိုင္ငံမ်ားၾကား သတင္းအခ်က္အလက္ ကူးေျပာင္းေပးျခင္းကို ရပ္ဆိုင္းရေတာ့မယ့္ Facebook

Facebook ကုမၸဏီဟာ Ireland ဥပေဒတရား႐ံုက Facebook အသံုးျပဳသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို ဥေရာပႏိုင္ငံေတြနဲ႔ အေမရိကန္ျပည္ေထာင္စုၾကား ကူးေျပာင္းေပးျခင္းကို တားျမစ္လိုက္တာေၾကာင့္ အခက္ေတြ႕ေနရပါတယ္။ Facebook အတြက္ ဥေရာပႏိုင္ငံေတြမွာေနတဲ့ လူမႈကြန္ရက္အသံုးျပဳသူေတြရဲ႕ ကိုယ္ပိုင္အခ်က္အလက္ေတြကို အေမရိကန္ျပည္ေထာင္စုဆီ မေရာက္ဖို႔အတြက္ Facebook ဟာ နည္းပညာပိုင္းဆိုင္ရာ လစ္ဟာေနတဲ့ ကြက္လပ္ေတြကို လိုက္ျဖည့္ေပးေနရပါတယ္။

ဒီျပႆနာမီးစဟာ ဇူလိုင္လကေနစၿပီးေတာ့ တေငြ႕ေငြ႕ေလာင္ကၽြမ္းေနတယ္လို႔ ယူဆရပါမယ္။ ဘာလို႔လည္းဆိုေတာ့ ဥေရာပထိပ္တန္းဥပေဒတရား႐ံုးက လူမႈကြန္ရက္အသံုးျပဳသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္မ်ားကို ကာကြယ္ထားဖို႔အတြက္ လူမႈကြန္ရက္ပလက္ေဖာင္းကုမၸဏီျဖစ္တဲ့ Facebook ကိုလည္း အခ်က္အလက္ေတြ ခိုးယူခံရျခင္းကို ထိထိေရာက္ေရာက္ကာကြယ္ေပးဖို႔ အမိန္႔ထုတ္ျပန္ထားခဲ့တာပဲျဖစ္ပါတယ္။

Ireland မွာရွိတဲ့ Facebook ႐ံုးခ်ဳပ္မွာလည္း Facebook အဖြဲ႔က Irish DPC (Data Protection Commission – အခ်က္အလက္မ်ား ကာကြယ္ေရးအဖြဲ႔အစည္း) ဟာ အခ်က္အလက္မ်ား လႊဲေျပာင္းေပးျခင္းဆိုင္ရာက႑ကို ဘယ္လိုမ်ိဳး အက်ိဳးသက္ေရာက္မႈရွိေစမလဲဆိုတာကို စိုးရိမ္ေနၾကတာပဲျဖစ္ပါတယ္။

အခုတစ္ပတ္အတြင္းမွာလည္း Wall Street ဂ်ာနယ္က Irish အခ်က္အလက္မ်ား ကာကြယ္ေရးအဖြဲ႔အစည္းက Facebook ကို သတင္းအခ်က္အလက္မ်ား ကူးေျပာင္းေပးျခင္းက႑ကို ဆိုင္းငံ့ထားတယ္လို႔ သတင္းေပးခဲ့ပါတယ္။ ဒါေပမယ့္ Facebook အတြက္ကေတာ့ Irish အခ်က္အလက္မ်ား ကာကြယ္ေရးအဖြဲ႔အစည္းက ခ်မွတ္လိုက္တဲ့ တားျမစ္မႈဟာ ျမန္ဆန္လြန္းတာေၾကာင့္ ျပင္ဆင္သင့္တာေတြ ျပင္ဆင္ခြင့္မရခဲ့တာေၾကာင့္ လုပ္သင့္တာေတြ လုပ္ေဆာင္ႏိုင္ေအာင္ အခ်ိန္အပိုင္းအျခားတစ္ခု သတ္မွတ္ေပးဖို႔အတြက္ ေတာင္းဆိုခဲ့ရတယ္လို႔လည္း သိရပါတယ္။

Facebook ကုမၸဏီက ႏိုင္ငံတကာဆက္သြယ္မႈဆိုင္ရာ ျပႆနာေတြကို တာဝန္ယူေျဖရွင္းရတဲ့ ဒုဥကၠ႒ျဖစ္တဲ့ Nick Clegg မွ လြန္ခဲ့တဲ့ ၾကာသပေတးေန႔မွာေတာ့ Facebook ကုမၸဏီရဲ႕ ႏိုင္ငံတကာ အခ်က္အလက္ ပို႔ေျပာင္းေပးျခင္းက႑နဲ႔ ပတ္သက္ၿပီး ႐ုတ္တရက္ႀကီး စည္းမ်ဥ္းစည္းကမ္း သတ္မွတ္လိုက္ျခင္းက ကုမၸဏီရဲ႕ရပ္တည္မႈကို အလဲထိုးရာေရာက္တယ္လို႔ ေရးသားေျပာဆိုခဲ့ပါတယ္။

အဆိုပါအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီးေတာ့ Facebook ကုမၸဏီ CEO Mark Zuckerberg က ဘယ္လိုမ်ိဳး ကိုင္တြယ္ေျဖရွင္းသြားမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာေကာင္းမွာပါ။ ဒါေၾကာင့္ အထက္မွာေဖာ္ျပထားတဲ့ နည္းပညာ႐ႈပ္ေထြးမႈေတြအေၾကာင္းကို စိတ္ဝင္စားတဲ့ Soshwe စာဖတ္ပရိသတ္ႀကီးအေနနဲ႔ ေနာက္ထပ္ေဖာ္ျပေပးသြားမယ့္ ေဆာင္းပါးေတြကိုလည္း ဆက္လက္ေစာင့္ၾကည့္ဖတ္႐ႈေပးၾကပါဦးေနာ္။

<Zawgyi Version>

 

Source ~ CNet

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read