HomeTechစက်တင်ဘာလအတွင်းမှာ ထွက်ရှိလာတော့မယ့် Samsung ရဲ့ အဆန်းသစ်ဆုံးသော Galaxy Fold 2
စက်တင်ဘာလအတွင်းမှာ ထွက်ရှိလာတော့မယ့် Samsung ရဲ့ အဆန်းသစ်ဆုံးသော Galaxy Fold 2
- Advertisement -
Samsung ကုမ္ပဏီဟာ စမတ်ဖုန်းတွေကို ထုတ်လုပ်တဲ့အခါမှာ အရည်အသွေး ၊ စျေးနှုန်း ၊ အရောင်ကာလာနဲ့ ဖုန်းတစ်လုံးမှာ လိုအပ်တဲ့ မှန်ကန်တိကျတဲ့ အသံထွက်စနစ် ၊ ရုပ်မျက်နှာပြင် ကြည်လင်ပြတ်သားမှု ၊ အရည်အသွေးမှီတဲ့ ဖုန်းကင်မရာနဲ့ ဖုန်းအားကြာရှည်ခံမှုစတဲ့ အရာတွေကို ထည့်သွင်းထုတ်လုပ်ပေးပါတယ်။
Samsung ဖုန်းအမျိုးအစားတွေထဲက တစ်ချို့ဖုန်းအမျိုးအစားတွေကိုတော့ သာမန်လူတန်းစားတွေအနေနဲ့ စျေးနှုန်းချိုချိုသာသာဖြင့် ဝယ်ယူနိုင်အောင် ထုတ်လုပ်ပေးလျက်ရှိပါတယ်။ တစ်ခြားတစ်ဖက်မှာလည်း Samsung ဟာ စျေးကြီးပေမယ့် ပေးရတဲ့စျေးနှုန်းနဲ့ ကိုက်ညီတဲ့အတွေ့အကြုံတွေကို ရရှိစေမယ့် အရည်အသွေးမြင့်ဖုန်းတွေကိုလည်း ဆက်တိုက်ထုတ်လုပ်နေပါတယ်။
Samsung ကုမ္ပဏီဟာ မကြာသေးခင်ကမှ Galaxy Z Fold နဲ့ Z Flip တို့ကို ထုတ်လုပ်ထားပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ Galaxy Z Fold 2 ကို အမေရိကန်ဒေါ်လာ၂၀၀၀ နဲ့ ရောင်းချပေးတော့မှာပဲဖြစ်ပါတယ်။  “Fold” လို့ အမည်ပေးထားကတည်းက ဒီစမတ်ဖုန်းဟာ ခေါက်လို့ရတယ်ဆိုတာကို အထူးပြုထားခြင်းဖြစ်ပါတယ်။ ခေါက်လို့ပဲရတယ် တခြားဖုန်းတွေလောက် သုံးရတာအဆင်မပြေလောက်ဘူး ဆိုတာမျိုးမဟုတ်ပါဘူး။ ဒေါ်လာ ၂၀၀၀ နဲ့ ပေးဝယ်ဖို့ တန်လောက်တဲ့ ထူးခြားတဲ့အတွေ့အကြုံအသစ်တွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
- Advertisement -
Samsung ကုမ္ပဏီဟာ အရင်ကထုတ်လုပ်ခဲ့တဲ့ Galaxy Z Fold နဲ့ Z Flip တို့မှာ မထည့်သွင်းခဲ့မိတဲ့ လစ်ဟာခဲ့တဲ့ ပုံစံအသစ်တွေကို တစ်ဖန်ပြန်လည် ဆန်းသစ်ပြီး Galaxy Z Fold 2 မှာ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ ဘယ်အပိုင်းတွေကို ပြန်လည်ဆန်းသစ်ပြီး ထည့်သွင်းပေးထားလဲဆိုတော့ ပိုမိုကြည်လင်ပြတ်သားပြီး အရောင်စိုတဲ့ ရုပ်ပြမျက်နှာပြင် ၊ ဖုန်းအားကြာရှည်ခံမှုနဲ့ မြန်နှုန်းမြင့်အင်တာနက်လိုင်း 5G ကိုအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာပဲ ဖြစ်ပါတယ်။
- Advertisement -
Galaxy Z Fold 2 ဖုန်းအမျိုးအစားမှာ ရုပ်မျက်နှာပြင်အောက်မှာရှိတဲ့ ဖုန်မှုန့်နဲ့အညစ်အကြေးတွေကို အလိုအလျောက် သန့်ရှင်းပေးတဲ့ စနစ်လည်းပါဝင်ပါတယ်။ Galaxy Z Fold 2ရဲ့ ဖုန်းအလေးချိန်ဟာ Galaxy Z Fold ထက်ကို ပိုမိုလေးလံပြီးတော့ ပိုပြီးတော့လည်း စျေးကြီးပါတယ်။ ဒါ့အပြင် Galaxy Z Fold 2မှာတော့ ဖုန်းအတွင်းသိုလောင်နှုန်းအား 256 GB ပါဝင်ပါတယ်။
<Unicode Version>
Samsung ကုမ္ပဏီဟာ စမတ်ဖုန်းတွေကို ထုတ်လုပ်တဲ့အခါမှာ အရည်အသွေး ၊ ဈေးနှုန်း ၊ အရောင်ကာလာနဲ့ ဖုန်းတစ်လုံးမှာ လိုအပ်တဲ့ မှန်ကန်တိကျတဲ့ အသံထွက်စနစ် ၊ ရုပ်မျက်နှာပြင် ကြည်လင်ပြတ်သားမှု ၊ အရည်အသွေးမှီတဲ့ ဖုန်းကင်မရာနဲ့ ဖုန်းအားကြာရှည်ခံမှုစတဲ့ အရာတွေကို ထည့်သွင်းထုတ်လုပ်ပေးပါတယ်။
Samsung ဖုန်းအမျိုးအစားတွေထဲက တစ်ချို့ဖုန်းအမျိုးအစားတွေကိုတော့ သာမန်လူတန်းစားတွေအနေနဲ့ ဈေးနှုန်းချိုချိုသာသာဖြင့် ဝယ်ယူနိုင်အောင် ထုတ်လုပ်ပေးလျက်ရှိပါတယ်။ တစ်ခြားတစ်ဖက်မှာလည်း Samsung ဟာ ဈေးကြီးပေမယ့် ပေးရတဲ့ဈေးနှုန်းနဲ့ ကိုက်ညီတဲ့အတွေ့အကြုံတွေကို ရရှိစေမယ့် အရည်အသွေးမြင့်ဖုန်းတွေကိုလည်း ဆက်တိုက်ထုတ်လုပ်နေပါတယ်။
- Advertisement -
<Zawgyi Version>
Source ~ Cnet
#SY(Tech)
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
twenty − one =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...