HomeOtherCovid-19 ရောဂါပိုးကို ဝူဟန်မြို့ဓါတ်ခွဲခန်းမှာ ထုတ်လုပ်ခဲ့တဲ့ သက်သေတွေ လက်ဝယ်ပိုင်ဆိုင်ထားတယ်လို့ ဆိုလာတဲ့ ရောဂါပိုးမွှားဗေဒပညာရှင်တစ်ဦး။

Covid-19 ရောဂါပိုးကို ဝူဟန်မြို့ဓါတ်ခွဲခန်းမှာ ထုတ်လုပ်ခဲ့တဲ့ သက်သေတွေ လက်ဝယ်ပိုင်ဆိုင်ထားတယ်လို့ ဆိုလာတဲ့ ရောဂါပိုးမွှားဗေဒပညာရှင်တစ်ဦး။

- Advertisement -

ဗြိတိသျှနိုင်ငံမှာပြုလုပ်တဲ့ “Loose Women” ဆိုတဲ့ အမျိုးသမီးစကားဝိုင်းဆွေးနွေးပွဲမှာ ရောဂါပိုးမွှားဗေဒပညာရှင် ဒေါက်တာ Li-Meng Yan က သူဟာ ၂၀၁၉ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ Covid-19 ရောဂါပိုးမွှားကို ဓါတ်ခွဲလေ့လာမှုပြုလုပ်ရာမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်ခဲ့တယ်လို့ ဆိုလာပါတယ်။ အဆိုပါ ဓါတ်ခွဲခြင်းနဲ့ပတ်သက်ပြီးတော့ ဒေါက်တာ Li-Meng Yan က Covid-19 ရောဂါပိုးဟာ သဘာဝအလျောက် ပေါ်ပေါက်လာတာမဟုတ်ဘဲ လူသားတွေကလုပ်ယူခဲ့တဲ့ ရောဂါပိုးမွှားဖြစ်တယ်လို့ ဖွင့်ဟဝန်ခံလာခဲ့ပါတယ်။

ယခုလက်ရှိမှာတော့ Covid-19ရောဂါပိုးဟာ တန်ဖိုးရှိတဲ့လူ့အသက်ပေါင်း ၉ သိန်းလောက်ကို နှုတ်ယူသွားပြီး ဖြစ်ပါတယ်။ ဒေါက်တာ Li-Meng Yan ရဲ့ ပြောကြားချက်အရတော့ ရောဂါပိုးဟာ ဝူဟန်မြို့မှာရှိတဲ့ တရုတ်အစိုးရအဖွဲ့ပိုင်တဲ့ ဓါတ်ခွဲခန်းမှာ ဖန်တီးပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာတော့ တရုတ်အစိုးရအဖွဲ့က အဆိုပါရောဂါပိုးဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က အသားငါးစျေးမှာရောင်းချတဲ့ ရေနေသတ္တဝါအသေတွေဆီကနေ ကူးစက်လာခြင်းဖြစ်တယ်လို့ ကြေငြာခဲ့ခြင်းဟာ အမှန်တရားတစ်ခုကို ဖုံးကွယ်ထားတဲ့ သတင်းအမှားတစ်ခုသာ ဖြစ်တယ်ဆိုတာကိုလည်း သိလာရပါတယ်။

- Advertisement -

ဒေါက်တာ Li-Meng Yan က ဘေကျင်းမြို့အာဏာပိုင်အဖွဲ့အစည်းကို ရောဂါပိုးမွှားနဲ့ပတ်သက်ပြီး လိမ်လည်ကြေငြာခဲ့ခြင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒေါက်တာ Li-Meng Yan က ဟောင်ကောင်မြို့ လူထုကျန်းမာရေးကျောင်းက သူ့ရဲ့အထက်အရာရှိတစ်ဦးဟာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကို အဆိုပါရောဂါပိုးအကြောင်းနဲ့ ပတ်သက်ပြီး အမှန်တိုင်းမပြောပြဘဲ ဖုံးကွယ်ထားဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေါက်တာ Li-Meng Yanက ရောဂါပိုးဟာ လူလူချင်း ထိတွေ့ရာကနေပြီးတော့ ကူးစက်နိုင်ကြောင်း သတိပေးပြောကြားတုန်းကလည်း တားမြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

- Advertisement -

၂၀၂၀ ခုနှစ် ဧပြီလရောက်တဲ့အခါမှာတော့ ဒေါက်တာ Li-Meng Yan က ဟောင်ကောင်မြို့ကနေ ထွက်လာပြီးတော့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာခဲ့ပါတယ်။ အခုချိန်မှာလည်း ဒေါက်တာ Li-Meng Yan က ရောဂါပိုးမွှားဟာ ဝူဟန်မြို့က ဓါတ်ခွဲခန်းတစ်ခုမှာ ဖန်တီးပြုလုပ်ခဲ့ခြင်းဟာ မှန်ကန်ကြောင်း သက်သေပြနိုင်မယ့် သိပ္ပံနည်းပညာဆိုင်ရာ သက်သေတွေရှိကြောင်းနဲ့ ဒီသက်သေတွေကို ထုတ်ဖော်ပြသသွားဖို့ စီစဉ်ထားကြောင်းကို ဆိုလာခဲ့ပါတယ်။

- Advertisement -

ဒေါက်တာ Li-Meng Yan ပြောပြတဲ့ Covid-19 ရောဂါပိုးမွှားရဲ့ မျိုးရိုးဗီဇဟာ လူသားတွေရဲ့ လက်ဗွေရာနဲ့တူပြီး သူထုတ်ဖော်ပြလာမယ့် သိပ္ပံနည်းကျသက်သေတွေကို ဇီဝဗေဒနဲ့ပတ်သက်ပြီး တတ်ကျွမ်းမှုမရှိတဲ့သူတွေကတောင် နားလည်နိုင်တယ်လို့ ဆိုလာခဲ့ပါတယ်။ ဒေါက်တာ Li-Meng Yan က “ရောဂါပိုးရဲ့ မူလပုံစံကိုနားလည်ထားမှ ကျွန်မတို့တွေအားလုံး ဒီရောဂါဆိုးကြီးကို အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍များသာ ကျွန်မဟာ ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး အမှန်အတိုင်း မပြောခဲ့ဘူးဆိုရင်တော့ ကျွန်မတစ်ဘဝလုံး နောင်တတွေနဲ့ ရှင်သန်သွားရမှာ။” လို့ ဆိုခဲ့ပါတယ်။

ဒေါက်တာ Li-Meng Yan က သူဟာ တရုတ်နိုင်ငံကနေ မထွက်ခွာလာခင်မှာ တရုတ်အစိုးရအဖွဲ့က သူ့နဲ့ပတ်သက်တဲ့ အချက်အလက်တွေအားလုံးကို ရှင်းလင်းပစ်လိုက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရုတ်အစိုးရအဖွဲ့က လူတစ်ချို့ကိုငှားရမ်းပြီး Covid-19 နဲ့ပတ်သက်ပြီး သူပြောခဲ့သမျှဟာ လုပ်ဇာတ်တွေသာဖြစ်ကြောင်း သတင်းအမှားတွေ ဖြန့်ဝေစေခဲ့တယ်လို့လည်း ဆိုပါတယ်။

ဝူဟန်မြို့ ရောဂါပိုးမွှားဗေဒအဖွဲ့အစည်းက ဒါရိုက်တာဖြစ်သူ Yuan Zhiming ကတော့ “Covid019 ရောဂါပိုးဟာ တမင်ဖန်တီးယူထားတဲ့ ရောဂါပိုးမွှားတစ်ခုဖြစ်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။”လို့ ဧပြီလမှာ ထွက်ဆိုချက်တွေပေးခဲ့ပါတယ်။ အကယ်၍များသာ ဒေါက်တာ Li-Meng Yan က Covid-19 ရောဂါပိုးနဲ့ ပတ်သက်တဲ့ သက်သေတွေကိုသာ ဖော်ထုတ်ပြခဲ့မယ်ဆိုရင်တော့ တရုတ်အစိုးရတော့ သေဖွယ်ရာရှိပါတယ်။

<Unicode Version>

 

 

Covid-19 ေရာဂါပိုးကို ဝူဟန္ၿမိဳ႕ဓါတ္ခြဲခန္းမွာ ထုတ္လုပ္ခဲ့တဲ့ သက္ေသေတြ လက္ဝယ္ပိုင္ဆိုင္ထားတယ္လို႔ ဆိုလာတဲ့ ေရာဂါပိုးမႊားေဗဒပညာရွင္တစ္ဦး။

ၿဗိတိသွ်ႏိုင္ငံမွာျပဳလုပ္တဲ့ “Loose Women” ဆိုတဲ့ အမ်ိဳးသမီးစကားဝိုင္းေဆြးေႏြးပြဲမွာ ေရာဂါပိုးမႊားေဗဒပညာရွင္ ေဒါက္တာ Li-Meng Yan က သူဟာ ၂၀၁၉ ခုႏွစ္မွာျပဳလုပ္ခဲ့တဲ့ Covid-19 ေရာဂါပိုးမႊားကို ဓါတ္ခြဲေလ့လာမႈျပဳလုပ္ရာမွာ ပါဝင္ခဲ့သူတစ္ဦးျဖစ္ခဲ့တယ္လို႔ ဆိုလာပါတယ္။ အဆိုပါ ဓါတ္ခြဲျခင္းနဲ႔ပတ္သက္ၿပီးေတာ့ ေဒါက္တာ Li-Meng Yan က Covid-19 ေရာဂါပိုးဟာ သဘာဝအေလ်ာက္ ေပၚေပါက္လာတာမဟုတ္ဘဲ လူသားေတြကလုပ္ယူခဲ့တဲ့ ေရာဂါပိုးမႊားျဖစ္တယ္လို႔ ဖြင့္ဟဝန္ခံလာခဲ့ပါတယ္။

ယခုလက္ရွိမွာေတာ့ Covid-19ေရာဂါပိုးဟာ တန္ဖိုးရွိတဲ့လူ႔အသက္ေပါင္း ၉ သိန္းေလာက္ကို ႏႈတ္ယူသြားၿပီး ျဖစ္ပါတယ္။ ေဒါက္တာ Li-Meng Yan ရဲ႕ ေျပာၾကားခ်က္အရေတာ့ ေရာဂါပိုးဟာ ဝူဟန္ၿမိဳ႕မွာရွိတဲ့ တ႐ုတ္အစိုးရအဖြဲ႔ပိုင္တဲ့ ဓါတ္ခြဲခန္းမွာ ဖန္တီးျပဳလုပ္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္းေလာက္မွာေတာ့ တ႐ုတ္အစိုးရအဖြဲ႔က အဆိုပါေရာဂါပိုးဟာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က အသားငါးေစ်းမွာေရာင္းခ်တဲ့ ေရေနသတၱဝါအေသေတြဆီကေန ကူးစက္လာျခင္းျဖစ္တယ္လို႔ ေၾကျငာခဲ့ျခင္းဟာ အမွန္တရားတစ္ခုကို ဖုံးကြယ္ထားတဲ့ သတင္းအမွားတစ္ခုသာ ျဖစ္တယ္ဆိုတာကိုလည္း သိလာရပါတယ္။

ေဒါက္တာ Li-Meng Yan က ေဘက်င္းၿမိဳ႕အာဏာပိုင္အဖြဲ႔အစည္းကို ေရာဂါပိုးမႊားနဲ႔ပတ္သက္ၿပီး လိမ္လည္ေၾကျငာခဲ့ျခင္းကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ေဒါက္တာ Li-Meng Yan က ေဟာင္ေကာင္ၿမိဳ႕ လူထုက်န္းမာေရးေက်ာင္းက သူ႔ရဲ႕အထက္အရာရွိတစ္ဦးဟာလည္း ကမာၻ႔က်န္းမာေရးအဖြဲ႔အစည္းကို အဆိုပါေရာဂါပိုးအေၾကာင္းနဲ႔ ပတ္သက္ၿပီး အမွန္တိုင္းမေျပာျပဘဲ ဖုံးကြယ္ထားဖို႔ တိုက္တြန္းခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ေဒါက္တာ Li-Meng Yanက ေရာဂါပိုးဟာ လူလူခ်င္း ထိေတြ႕ရာကေနၿပီးေတာ့ ကူးစက္ႏိုင္ေၾကာင္း သတိေပးေျပာၾကားတုန္းကလည္း တားျမစ္ခဲ့ၾကတယ္လို႔ သိရပါတယ္။

၂၀၂၀ ခုႏွစ္ ဧၿပီလေရာက္တဲ့အခါမွာေတာ့ ေဒါက္တာ Li-Meng Yan က ေဟာင္ေကာင္ၿမိဳ႕ကေန ထြက္လာၿပီးေတာ့ အေမရိကန္ျပည္ေထာင္စုကို ေရာက္ရွိလာခဲ့ပါတယ္။ အခုခ်ိန္မွာလည္း ေဒါက္တာ Li-Meng Yan က ေရာဂါပိုးမႊားဟာ ဝူဟန္ၿမိဳ႕က ဓါတ္ခြဲခန္းတစ္ခုမွာ ဖန္တီးျပဳလုပ္ခဲ့ျခင္းဟာ မွန္ကန္ေၾကာင္း သက္ေသျပႏိုင္မယ့္ သိပၸံနည္းပညာဆိုင္ရာ သက္ေသေတြရွိေၾကာင္းနဲ႔ ဒီသက္ေသေတြကို ထုတ္ေဖာ္ျပသသြားဖို႔ စီစဥ္ထားေၾကာင္းကို ဆိုလာခဲ့ပါတယ္။

ေဒါက္တာ Li-Meng Yan ေျပာျပတဲ့ Covid-19 ေရာဂါပိုးမႊားရဲ႕ မ်ိဳး႐ိုးဗီဇဟာ လူသားေတြရဲ႕ လက္ေဗြရာနဲ႔တူၿပီး သူထုတ္ေဖာ္ျပလာမယ့္ သိပၸံနည္းက်သက္ေသေတြကို ဇီဝေဗဒနဲ႔ပတ္သက္ၿပီး တတ္ကၽြမ္းမႈမရွိတဲ့သူေတြကေတာင္ နားလည္ႏိုင္တယ္လို႔ ဆိုလာခဲ့ပါတယ္။ ေဒါက္တာ Li-Meng Yan က “ေရာဂါပိုးရဲ႕ မူလပံုစံကိုနားလည္ထားမွ ကၽြန္မတို႔ေတြအားလံုး ဒီေရာဂါဆိုးႀကီးကို အႏိုင္ယူႏိုင္မွာ ျဖစ္ပါတယ္။ အကယ္၍မ်ားသာ ကၽြန္မဟာ ဒီေရာဂါပိုးနဲ႔ ပတ္သက္ၿပီး အမွန္အတိုင္း မေျပာခဲ့ဘူးဆိုရင္ေတာ့ ကၽြန္မတစ္ဘဝလံုး ေနာင္တေတြနဲ႔ ရွင္သန္သြားရမွာ။” လို႔ ဆိုခဲ့ပါတယ္။

ေဒါက္တာ Li-Meng Yan က သူဟာ တ႐ုတ္ႏိုင္ငံကေန မထြက္ခြာလာခင္မွာ တ႐ုတ္အစိုးရအဖြဲ႔က သူ႔နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြအားလံုးကို ရွင္းလင္းပစ္လိုက္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ တ႐ုတ္အစိုးရအဖြဲ႔က လူတစ္ခ်ိဳ႕ကိုငွားရမ္းၿပီး Covid-19 နဲ႔ပတ္သက္ၿပီး သူေျပာခဲ့သမွ်ဟာ လုပ္ဇာတ္ေတြသာျဖစ္ေၾကာင္း သတင္းအမွားေတြ ျဖန္႔ေဝေစခဲ့တယ္လို႔လည္း ဆိုပါတယ္။

ဝူဟန္ၿမိဳ႕ ေရာဂါပိုးမႊားေဗဒအဖြဲ႔အစည္းက ဒါ႐ိုက္တာျဖစ္သူ Yuan Zhiming ကေတာ့ “Covid019 ေရာဂါပိုးဟာ တမင္ဖန္တီးယူထားတဲ့ ေရာဂါပိုးမႊားတစ္ခုျဖစ္တယ္ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး။”လို႔ ဧၿပီလမွာ ထြက္ဆိုခ်က္ေတြေပးခဲ့ပါတယ္။ အကယ္၍မ်ားသာ ေဒါက္တာ Li-Meng Yan က Covid-19 ေရာဂါပိုးနဲ႔ ပတ္သက္တဲ့ သက္ေသေတြကိုသာ ေဖာ္ထုတ္ျပခဲ့မယ္ဆိုရင္ေတာ့ တ႐ုတ္အစိုးရေတာ့ ေသဖြယ္ရာရွိပါတယ္။

<Zawgyi Version>

 

Source ~ NYPost

#SY(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read