HomeTechအမေရိကန်ပြည်ထောင်စု သမ္မတအသစ်ရွေးကောက်ပွဲနဲ့ပက်သက်ပြီး သတိပေးလိုက်တဲ့ Microsoft

အမေရိကန်ပြည်ထောင်စု သမ္မတအသစ်ရွေးကောက်ပွဲနဲ့ပက်သက်ပြီး သတိပေးလိုက်တဲ့ Microsoft

- Advertisement -

မကြာခင်မှာဆိုက်ရောက်လာတော့မယ့် ၂၀၂၀ ခုနှစ် အမေရိကန်ပြည်ထောင်စု သမ္မတအသစ် ရွေးကောက်ပွဲမှာလည်း ရရှားနိုင်ငံ ၊ တရုတ်နိုင်ငံ နဲ့ အီရန်နိုင်ငံမှ အွန်လိုင်းမသမာသူတွေဟာ Donald Trump နဲ့ Joe Biden တို့နှစ်ဦးရဲ့ ရွေးကောက်ပွဲပါတီတွေကို အနှောင့်ယှက်ကြီး နှောင့်ယှက်ကြဦးမယ်လို့ Microsoft ကုမ္ပဏီမှ သုတေသနပညာရှင်တွေက ဆိုကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လက်ရှိသမ္မတကြီး Donald Trump နဲ့ Joe Biden တို့နှစ်ဦးရဲ့ အမေရိကန်ပြည်ထောင်စုသမ္မတအသစ် ရွေးကောက်ခံယှဉ်ပြိုင်မှုမှာလည်း အွန်လိုင်းမသမာသူတွေဟာ တစ်ခုမဟုတ်တစ်ခုတော့ နှောင့်ယှက်လာကြဦးမှာပါပဲ။ ၂၀၁၆ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာလည်း အခြားသောနိုင်ငံက အွန်လိုင်းမသမာသူတွေဟာ မဲအရေအတွက်တွေကို ခိုးယူပြီး ဒီမိုကရေစီအဖွဲ့အနိုင်မရအောင် ပြုလုပ်ခဲ့ဖူးပါတယ်။

အွန်လိုင်းမသမာသူတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို ဟိုးအရင်ကတည်းက တိတ်တဆိတ်ချောင်းနေကြပါတယ်။ ဒါပေမယ့် အဆိုပါမသမာသူတွေဟာ အခုတစ်ခေါက်မှာတော့ နည်းပညာရှင်တွေက ခြေရာမခံနိုင်လောက်အောင် တိတ်ဆိတ်စွာ စောင့်ကြည့်နေမှာပါပဲ။

- Advertisement -

၂၀၁၆ ခုနှစ်မှာကျင်းပခဲ့တဲ့ အမေရိကန်ပြည်ထောင်စုသမ္မတရွေးကောက်ပွဲမှာ ရရှားနိုင်ငံက အွန်လိုင်းမသမာသူတွေက ဒီမိုကရေစီဝါဒီဖြစ်တဲ့ Hillary Clinton ပါတီအဖွဲ့ကနေ ထောင်ပေါင်းများစွာသော Email တွေကို ခိုးယူခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုက ဆိုက်ဘာလုံခြုံရေးစနစ်ကြီးဟာ တစ်နေရာရာမှာတော့ လစ်ဟာနေတယ်ဆိုတာကိုတော့ ဘယ်သူမှငြင်းလို့မရပါဘူး။

- Advertisement -

FBI ကလည်း အမေရိကန်ပြည်ထောင်စု သမ္မတအသစ်ရွေးကောက်ပွဲအတွက် အွန်လိုင်းမသမာသူတွေက နေ့စဉ်နဲ့အမျှ နှောင့်ယှက်မှုတွေပြုလုပ်နေပေမယ့်လည်း သိသာထင်ရှားတဲ့ သက်သေတွေကိုတော့ မတွေ့ရှိရသေးဘူးလို့ ဆိုထားပါတယ်။ ဒါပေမယ့်လည်း Microsoft ကုမ္ပဏီက အွန်လိုင်းလုံခြုံရေးအဖွဲ့ကတော့ ရရှားနိုင်ငံ ၊ တရုတ်နိုင်ငံနဲ့ အီရန်နိုင်ငံတို့မှ အွန်လိုင်းမသမာသူတွေရဲ့ ခြေရာတွေကို ရှာဖွေတွေ့ရှိထားတယ်လို့ ဆိုလာခဲ့ပါတယ်။

ရရှားနိုင်ငံက အွန်လိုင်းမသမာသူတွေဟာ အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲကို တစ်နည်းတစ်ဖုံနဲ့ လွှမ်းမိုးလုပ်ကိုင် ခြယ်လှယ်နိုင်ဖို့အတွက် ကြိုးပမ်းနေကြတယ်လို့ ယူဆကြပါတယ်။ ရရှားနိုင်ငံအွန်လိုင်းမသမာသူတွေဟာ သူတို့ရဲ့လုပ်ထုံးလုပ်နည်းအဟောင်းတွေကို အသုံးမပြုတော့ဘဲ နည်းလမ်းသစ်တွေကိုအသုံးပြုပြီး အမေရိကန်ပြည်ထောင်စုအတွင်းမှာရှိတဲ့ ရွေးကောက်ယှဉ်ပြိုင်ခံမယ့် ပါတီတွေအတွက် အလုပ်လုပ်ပေးနေတဲ့ အဖွဲ့အစည်းတွေကိုပါ ပစ်မှတ်ထားလာခဲ့တာပဲဖြစ်ပါတယ်။

ရရှားနိုင်ငံက အွန်လိုင်းမသမာသူတွေဟာ မတူညီတဲ့ IP Addresses အခု ၁၀၀၀ လောက်ကို အသုံးပြုနေပြီး နေ့စဉ်နဲ့အမျှ IP Addresses အသစ် အခု ၂၀ လောက်ထပ်တိုးနေကြတယ်လို့ Microsoft ကုမ္ပဏီမှ ဆိုလာပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက အွန်လိုင်းမသမာသူတွေဟာလည်း မတ်လနဲ့ စက်တင်ဘာလအတွင်းမှာလည်း Joe Biden ရဲ့ ရွေးကောက်ပွဲပါတီက ဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေရဲ့ လူမှုကွန်ရက်အကောင့်တွေထဲကို ခိုးဝင်ပြီး လျှို့ဝှက်အချက်အလက်တွေကို စောင့်ကြည့်နေတယ်လို့ ကုမ္ပဏီက ဆိုခဲ့ပါတယ်။

ဘယ်အခြေအနေတွေအထိ ရောက်လာတော့မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

<Unicode Version>

 

 


- Advertisement -









<Zawgyi Version>

 

Source ~ CNet

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

6 + nine =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...