HomeLifeStyleကမ္ဘာ့ချစ်သက်တမ်းအကြာရှည်ဆုံးသော အဖိုးအိုနဲ့အဖွားအိုတို့စုံတွဲ။

ကမ္ဘာ့ချစ်သက်တမ်းအကြာရှည်ဆုံးသော အဖိုးအိုနဲ့အဖွားအိုတို့စုံတွဲ။

- Advertisement -

တစ်ခါတစ်လေမှာ အသက်ကြီးနေတာတောင်မှ တစ်ဦးအပေါ်တစ်ဦးကြင်နာဆဲ ၊ ညှာတာဆဲ ၊ မှီခိုဆဲ ၊ ဂရုစိုက်နေဆဲဖြစ်တဲ့ သက်ကြီးရွယ်အိုစုံတွဲတွေကို မြင်လိုက်ရရင်ပဲ အချစ်စစ်ဆိုတာဟာ ရှားသွားပေမယ့် တကယ်ရှိသေးတယ်ဆိုတာကိုတော့ ယုံကြည်လို့ရပါသေးတယ်။

အသက် ၁၁၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Julio Cesar Mora နဲ့ အသက် ၁၀၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဖွားအို Waldramina Maclovia Quinteros Reyes တို့ဟာ ၁၉၄၁ခုနှစ် ဖေဖော်ဝါရီလ ရရက်နေ့မှာ လက်ထပ်ထိမ်းမြားခဲ့ကြပြီး နှစ်ပေါင်း ၈၀ နီးပါးရှိပြီဖြစ်တဲ့ အခုချိန်အထိကို တစ်ဦးအပေါ်တစ်ဦး ချစ်ခင်နှစ်သက်နေကြဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဖိုးအိုနဲ့အဖွားအိုတို့ဟာ ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး ချစ်သူစုံတွဲအဖြစ် စံချိန်တင်ခဲ့တာပဲဖြစ်ပါတယ်။

- Advertisement -

- Advertisement -

Julio က အသက် ၃၁ နှစ်အရွယ် Waldramina က အသက်၂၅ နှစ်အရွယ်မှာ နှစ်ဦးသားတွေ့ဆုံခဲ့ကြပြီး နှစ်ဖက်မိသားစုက သဘောမတူခဲ့တာတောင်မှ လက်ထပ်ထိမ်းမြားခဲ့ကြပြီး သားသမီးရတနာ ၅ ဦးကို ဘွဲ့ရပညာတတ်ကြီးတွေ ဖြစ်တဲ့အထိ အတူတကွ ပျိုးထောင်ပေးခဲ့ကြပါတယ်။ အဖိုးအိုနဲ့အဖွားအိုတို့ဟာ အခုချိန်မှာတော့ မြေး ၁၁ ယောက်၊ မြစ် ၂၁ ယောက်တောင်မှ ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။

အဖိုးအိုနဲ့အဖွားအိုတို့ရဲ့ သမီးတွေထဲကတစ်ယောက်ဖြစ်တဲ့ Aura Cecilia က အဖိုးအိုနဲ့အဖွားအိုတို့ဟာ မိသားစုဝင်တွေနဲ့အတူ ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်လေ့ရှိကြပြီး အသီးအနှံတွေကိုလည်း အတူစိုက်ပျိုးကြကာ မိသားစုစုံတွေ့ပွဲတွေမှာ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ ခြံထွက်သီးနှံတွေကို ကျွေးမွေးရတာ သဘောကျသူတွေဖြစ်တယ်လို့ မျှဝေပြောပြခဲ့ပါတယ်။ ဒါ့အပြင် အဖိုးအိုနဲ့အဖွားအိုဟာ အတူရှိနေတဲ့ ကာလတစ်လျှောက်လုံးမှာ ကြီးမားတဲ့ပြဿနာတွေ ရန်ဖြစ်စကားများရတာတွေ မရှိသလောက်ရှားတယ်လို့လည်း သိရပါတယ်။

အဖိုးအို Julio နဲ့ အဖွားအို Waldramina တို့ရဲ့ ချစ်ဇာတ်လမ်းလေးမှာ ပြောစမှတ်တွင်စရာ အမှတ်တရတွေ အများအပြားရှိနေဦးမယ်ဆိုတာကို ယုံကြည်ပါတယ်။ ပြည့်စုံတဲ့ အိမ်ထောင်ရေးဆိုတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့်လည်း မပြည့်စုံတဲ့ကြားကနေမှ မေတ္တာတရားအပြည့်အဝနဲ့ ခြုံလွှမ်းထားတဲ့ မိသားစုဘဝလေးကို တည်ထောင်ဖို့ဆိုရင်တော့ တစ်ဦးအပေါ်တစ်ဦးနားလည်ပေးဖို့က အဓိကကျပါတယ်။

<Unicode Version>

 

- Advertisement -

 

ကမာၻ႕ခ်စ္သက္တမ္းအၾကာရွည္ဆံုးေသာ အဖိုးအိုနဲ႕အဖြားအိုတို႕စုံတြဲ။

တစ္ခါတစ္ေလမွာ အသက္ႀကီးေနတာေတာင္မွ တစ္ဦးအေပၚတစ္ဦးၾကင္နာဆဲ ၊ ညႇာတာဆဲ ၊ မွီခိုဆဲ ၊ ဂ႐ုစိုက္ေနဆဲျဖစ္တဲ့ သက္ႀကီးရြယ္အိုစံုတြဲေတြကို ျမင္လိုက္ရရင္ပဲ အခ်စ္စစ္ဆိုတာဟာ ရွားသြားေပမယ့္ တကယ္ရွိေသးတယ္ဆိုတာကိုေတာ့ ယံုၾကည္လို႔ရပါေသးတယ္။

အသက္ ၁၁၀ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Julio Cesar Mora နဲ႔ အသက္ ၁၀၄ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အဖြားအို Waldramina Maclovia Quinteros Reyes တို႔ဟာ ၁၉၄၁ခုႏွစ္ ေဖေဖာ္ဝါရီလ ၇ရက္ေန႔မွာ လက္ထပ္ထိမ္းျမားခဲ့ၾကၿပီး ႏွစ္ေပါင္း ၈၀ နီးပါးရွိၿပီျဖစ္တဲ့ အခုခ်ိန္အထိကို တစ္ဦးအေပၚတစ္ဦး ခ်စ္ခင္ႏွစ္သက္ေနၾကဆဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အဖိုးအိုနဲ႔အဖြားအိုတို႔ဟာ ကမာၻ႔သက္တမ္းအရွည္ၾကာဆံုး ခ်စ္သူစံုတြဲအျဖစ္ စံခ်ိန္တင္ခဲ့တာပဲျဖစ္ပါတယ္။

Julio က အသက္ ၃၁ ႏွစ္အရြယ္ Waldramina က အသက္၂၅ ႏွစ္အရြယ္မွာ ႏွစ္ဦးသားေတြ႔ဆံုခဲ့ၾကၿပီး ႏွစ္ဖက္မိသားစုက သေဘာမတူခဲ့တာေတာင္မွ လက္ထပ္ထိမ္းျမားခဲ့ၾကၿပီး သားသမီးရတနာ ၅ ဦးကို ဘြဲ႔ရပညာတတ္ႀကီးေတြ ျဖစ္တဲ့အထိ အတူတကြ ပ်ိဳးေထာင္ေပးခဲ့ၾကပါတယ္။ အဖိုးအိုနဲ႔အဖြားအိုတို႔ဟာ အခုခ်ိန္မွာေတာ့ ေျမး ၁၁ ေယာက္၊ ျမစ္ ၂၁ ေယာက္ေတာင္မွ ပိုင္ဆိုင္ထားၿပီပဲျဖစ္ပါတယ္။

အဖိုးအိုနဲ႔အဖြားအိုတို႔ရဲ႕ သမီးေတြထဲကတစ္ေယာက္ျဖစ္တဲ့ Aura Cecilia က အဖိုးအိုနဲ႔အဖြားအိုတို႔ဟာ မိသားစုဝင္ေတြနဲ႔အတူ ႐ုပ္ရွင္႐ံုမွာ ႐ုပ္ရွင္သြားၾကည့္ေလ့ရွိၾကၿပီး အသီးအႏွံေတြကိုလည္း အတူစိုက္ပ်ိဳးၾကကာ မိသားစုစံုေတြ႔ပြဲေတြမွာ ကိုယ္တိုင္စိုက္ပ်ိဳးထားတဲ့ ျခံထြက္သီးႏွံေတြကို ေကၽြးေမြးရတာ သေဘာက်သူေတြျဖစ္တယ္လို႔ မွ်ေဝေျပာျပခဲ့ပါတယ္။ ဒါ့အျပင္ အဖိုးအိုနဲ႔အဖြားအိုဟာ အတူရွိေနတဲ့ ကာလတစ္ေလွ်ာက္လံုးမွာ ႀကီးမားတဲ့ျပႆနာေတြ ရန္ျဖစ္စကားမ်ားရတာေတြ မရွိသေလာက္ရွားတယ္လို႔လည္း သိရပါတယ္။

အဖိုးအို Julio နဲ႔ အဖြားအို Waldramina တို႔ရဲ႕ ခ်စ္ဇာတ္လမ္းေလးမွာ ေျပာစမွတ္တြင္စရာ အမွတ္တရေတြ အမ်ားအျပားရွိေနဦးမယ္ဆိုတာကို ယံုၾကည္ပါတယ္။ ျပည့္စံုတဲ့ အိမ္ေထာင္ေရးဆိုတာမ်ိဳးေတာ့ မရွိပါဘူး။ ဒါေပမယ့္လည္း မျပည့္စံုတဲ့ၾကားကေနမွ ေမတၱာတရားအျပည့္အဝနဲ႔ ျခံဳလႊမ္းထားတဲ့ မိသားစုဘဝေလးကို တည္ေထာင္ဖို႔ဆိုရင္ေတာ့ တစ္ဦးအေပၚတစ္ဦးနားလည္ေပးဖို႔က အဓိကက်ပါတယ္။

<Zawgyi Version>

 

Source ~ Elitereaders

#SY(Soshwe)

#soshwelifestyle

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

11 + 4 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...