အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ Covid-19 ရောဂါပျံ့နှံ့လာမှုကြောင့် လူသားအားလုံး အိမ်တွင်းကနေ အိမ်အပြင်ထွက်မရတဲ့ အချိန်အခိုက်အတန့်အတွင်းမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း ဗီဒီယိုဂိမ်းကစားသူဦးရေဟာ သိသိသာသာကို တိုးများလာခဲ့တာပဲဖြစ်ပါတယ်။
Maybank အဖွဲ့အစည်းက စီးပွါးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေဖြစ်တဲ့ Lee Ju Ye နဲ့ Chua Hak Bin တို့က အင်ဒိုနီးရှားနိုင်ငံက ဗီဒီယိုဂိမ်းတီထွင်သူတွေရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ၂၀၂၀ ခုနှစ် မတ်လမှာ ၅၀%လောက် ထိုးတက်လာတယ်လို့ လေ့လာဖော်ပြပေးခဲ့ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းရောင်းဝယ်သူတွေလည်း များပြားလာခဲ့ပြီး အင်တာနက်ဆက်သွယ်မှုပိုင်းဆိုင်ရာဟာလည်း တိုးတက်လာခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း အင်ဒိုနီးရှားနိုင်ငံဟာ ဒီဂျစ်တယ်နည်းပညာပိုင်းမှာ တိုးတက်သင့်သလောက် မတိုးတက်သေးဘဲ အားနည်းနေသေးတာဟာ ရှေ့လျှောက်မှာကြုံတွေ့နေရဦးမယ့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဦးမှာပါ။ မည်သို့ပင်ဆိုစေကာမှု အင်ဒိုနီးရှားနိုင်ငံရဲ့ ဗီဒီယိုဂိမ်းတီထွင်မှုကဏ္ဍနဲ့ App တီထွင်မှုကဏ္ဍတွေ တိုးတက်လာခြင်းဟာ အင်ဒိုနီးရှားနိုင်ငံ ဒီဂျစ်တယ်စီးပွါးရေးတိုးတက်လာဖို့အတွက် အထောက်အကူတစ်ရပ် ဖြစ်လာမှာပဲဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံအတွင်း နာမည်ကြီး ဒီဂျစ်တယ်နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Touchten Games ၊ Agate Studio နဲ့ Levio.id ကုမ္ပဏီတွေဟာ Covid-19 ရောဂါပျံ့နှံ့လာတဲ့အချိန်အတွင်းမှာ စီးပွားရေးအကွက်တွေကို မြင်ခဲ့ပြီးနောက်မှာတော့ တိုးမြှင့်ဖို့လိုအပ်တဲ့ နည်းစနစ်တွေကို တိုးမြှင့်လုပ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်။
ဒုတိယအကြိမ်ချမှတ်လိုက်တဲ့ အပြင်မထွက်ရအမိန့်ကြောင့် စင်္ကာပူနိုင်ငံအခြေစိုက် Sea Garena ကုမ္ပဏီက ငွေကြေးပေးဝယ်ယူတဲ့ နိုင်ငံအတွင်း အသုံးပြုသူတွေအပြင် နိုင်ငံတကာက အသုံးပြုသူတွေကြောင့်ပါ အကျိုးအမြတ်တွေ ရရှိလာခဲ့ပါတယ်။ တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Tencent ၊ Moonton ၊ Lilith နဲ့ Chuang Cool တို့ဟာလည်း အာရှဗီဒီယိုဂိမ်းထုတ်လုပ်ရေးစျေးကွက်မှာ ထိပ်တန်းကစားသူအများဆုံးသော ဗီဒီယိုဂိမ်းတွေကို တီထွင်ထုတ်လုပ်ရောင်းချနေသူတွေ ဖြစ်လာခဲ့ပါတယ်။
We are Social and Hootsuite အဖွဲ့အစည်းက ဇန်နဝါရီလမှာ အာရှနိုင်ငံသား အင်တာနက်အသုံးပြုသူတွေဟာ စမတ်ဖုန်းတွေကို အများဆုံးအသုံးပြုပြီး ဗီဒီယိုဂိမ်းတွေကို ဆော့ကစားလာကြတယ်လို့ မျှဝေပြောပြခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာတော့ ၈၈% ၊ ဖိလစ်ပိုင်နိုင်ငံအတွင်းမှာတော့ ၈၇% နဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေမှာတော့ ၈၅%လောက်ထိ တိုးများလာခဲ့တယ်လို့လည်း သိရပါတယ်။
စင်္ကာပူနိုင်ငံအခြေစိုက် Singtel ကုမ္ပဏီနဲ့ ထိုင်းနိုင်ငံမှာဖွင့်ထားတဲ့ကုမ္ပဏီခွဲ Advanced Info Service (AIS) တို့ဟာ တောင်ကိုးရီးယားအခြေစိုက် SK Telecom ကုမ္ပဏီနဲ့ လက်တွဲပူးပေါင်းပြီး ဗီဒီယိုဂိမ်းတီထွင်မှုမှာ ဗီဒီယိုဂိမ်းကစားသူတွေကို ထူးခြားပြည့်စုံတဲ့ ရသတွေ ပေးစွမ်းနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားပေးနေတယ်လို့လည်း သိရပါတယ်။
<Unicode Version>
Stay Home ကာလအတွင်း ဈေးကွက်ကျယ်ပြန့်လာတဲ့ ဗီဒီယိုဂိမ်းဈေးကွက်။
<Zawgyi Version>
Source ~ Businesstimes
#SY(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare