HomeLifeStyleအာဖရိကမှသည်အမေရိကဆီသို့ ဘဲလေးအကဖြင့်ခြေလှမ်းလာသည့် ကောင်လေးတစ်ယောက်။

အာဖရိကမှသည်အမေရိကဆီသို့ ဘဲလေးအကဖြင့်ခြေလှမ်းလာသည့် ကောင်လေးတစ်ယောက်။

- Advertisement -

အသက် (၁၂) နှစ်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသား Anthony Mmesoma Madu တစ်ယောက် မိုးရေစိုစွတ်နေသည့် ကြမ်းပြင်ပေါ်၌ ဘဲလေးအက,ကပြနေသည့် ဗီဒီယိုဖိုင်က အွန်လိုင်းပေါ်၌ ပျံ့နှံ့လာခဲ့ပြီးနောက် အမေရိကန်နိုင်ငံ Viola Davis ရဲ့ အမေရိကန်ဘဲလေး Theatre တစ်ခု၌ ပညာသင်ကြားခွင့် ရရှိခဲ့ပါတယ်။

- Advertisement -

Madu အနေဖြင့် The Leap of Dance Academy ၌လည်း ပညာသင်ကြားနေသူဖြစ်ပြီး အဆိုပါအကယ်ဒမီကို တည်ထောင်သူ Ajala Owoseni က Madu ရဲ့မိခင် Ifeoma ကိုတွေ့ဆုံကာ သားဖြစ်သူက ဘဲလေးအကအပေါ် စိတ်အားထက်သန်နေကြောင်း ပြောကြားခဲ့ပါတယ်။ Madu သည် Lagos ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သည့် Ojo ၌ ကြီးပြင်းလာသူဖြစ်ပြီး “အဲ့ဒီမှာ ကျွန်တော့်လိုမျိုး ဘဲလေးအက ကတဲ့ယောက်ျားလေး မရှိပါဘူး။ လူတွေက ဘဲလေးအကကို မြင်တဲ့အခါမှာ ဒါကမိန်းကလေးတွေအတွက်ပဲဖြစ်တယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ မိန်းကလေးတွေအတွက်ချည်းပဲ မဟုတ်ပါဘူး။” ဆိုပြီး ပြောကြားခဲ့ပါတယ်။

- Advertisement -

ဆက်လက်၍လည်း Madu က “ကျွန်တော်ဘဲလေးအက,ကနေတဲ့အချိန်မှာ အိပ်မက်တစ်ခုလိုပဲ ခံစားရပါတယ်။” ဟု ပြောကြားခဲ့ပြီး Madu ရဲ့ လက်ဦးဆရာဖြစ်သူ Owoseni ကလည်း “Madu က အင်မတန်ကတိတည်ပြီး ရိုကျိုးတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ ပထမဆုံးနေ့ကတည်းက Medu တစ်ယောက် စူးစူးစမ်းစမ်းရှိခဲ့ပြီး ယောက်ျားလေးတွေလည်း အမှန်တကယ် ဘဲလေးအက ကနိုင်ကြပါတယ်။” ဟု ချီးကျူးပြောကြားခဲ့ပါတယ်။ Madu က The Leap of Dance Academy ၌ တစ်ပတ်လျှင် (၆) ရက်၊ တစ်ရက်လျှင် (၅) နာရီနှုန်းဖြင့် လေ့ကျင့်ခဲ့ရပါတယ်။ ဘဲလေးအကသင်ကြားခဲ့ရသည့် အတွေ့အကြုံနဲ့ ပတ်သက်၍လည်း Madu က “အစကတော့ ဘဲလေးအကကို အလွန်လွယ်ကူတယ်လို့ထင်ခဲ့တာ တကယ်ကကြည့်တဲ့အခါမှာသာ ခက်ခဲမှန်းသိခဲ့ရပါတယ်။ Owoseni က ကျွန်တော့်ကို ဘဲလေးအကနဲ့ပက်သက်ပြီး အကောင်းဆုံးသင်ကြားပေးခဲ့ပါတယ်။ ကျွန်တော်ကလည်း အိမ်ပြန်လေ့ကျင့်ခဲ့ပြီး  နောက်တစ်နေ့ကျ သူ့ကိုပြန်ကပြခဲ့ပါတယ်။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

American Ballet Theatre ရဲ့ အနုပညာဒါရိုက်တာဖြစ်သူ Cynthia Harvey ထံသို့ သူငယ်ချင်းဖြစ်သူက Madu ကပြနေသည့် ဗီဒီယိုဖိုင်ကို ပြသခဲ့ပြီးနောက် Cynthia က Madu ကို ချက်ချင်းရှာဖွေခဲ့ပါတယ်။ Madu က “ကျွန်တော်က ပရော်ဖက်ရှင်နယ်ဘဲလေးအကမောင်ဖြစ်လာဖို့ မျှော်လင့်ထားပြီး နိုင်ဂျီးရီးယားနိုင်ငံမှာလည်း ဘဲလေးအက ကနိုင်တယ်ဆိုတာကို သိရှိစေချင်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။ Madu သည် ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်းက ကျင်းပခဲ့သည့် တောင်အာဖရိကရဲ့နိုင်ငံတကာ ဘဲလေးအကပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

- Advertisement -

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

four + 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...