HomeHome & Propertyပြည်ပမှရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်လာနိုင်တဲ့ အရှေ့တောင်အာရှ ဈေးကွက်အသစ်တစ်ခု။

ပြည်ပမှရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်လာနိုင်တဲ့ အရှေ့တောင်အာရှ ဈေးကွက်အသစ်တစ်ခု။

- Advertisement -

ထိုင်းနိုင်ငံအတွင်းရှိ ရုံးခန်းစျေးကွက်အသစ်သည် ထိုင်းနိုင်ငံအတွင်းမှ ရင်းနှီးမြှုပ်နှံသူများကိုသာမက ပြည်ပက ရင်းနှီးမြှုပ်နှံမှုများကိုပါ ဆွဲဆောင်လာနိုင်ကြောင်း သိရှိရပါတယ်။ Colliers International ရဲ့ သုတေသနနဲ့ ဆက်သွယ်ရေးတွဲဖက်ဒါရိုက်တာ Phattarachai Taweewong က (၂၀၂၄) ခုနှစ်နောက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ ရုံးခန်းစျေးကွက်က ယခုထက်ပိုမိုတွင်ကျယ်လာမည်ဖြစ်ပြီး (၂၀၂၅) ခုနှစ်၌အပြီးသတ်ရန် တည်ဆောက်ထားသည့် ရုံးခန်းအသစ်က အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ (၁) သန်းကျော် ကျယ်ဝန်းမည်ဖြစ်ကြောင်း သိရှိရပါတယ်။

Pipeline ရဲ့ အဆိုပါစီမံကိန်း၌ ရုံးခန်းအသစ်နဲ့ပတ်သက်သည့် စီမံကိန်းပေါင်း (၂၈) ခုပါဝင်မည်ဖြစ်ပြီး ရုံးခန်းသီးသန့်တာဝါ ပါဝင်မည်ဖြစ်သလို ရုံးခန်း၊ ဟိုတယ်နဲ့ လက်လီရောင်းချရာနေရာများ ရောနှောထားသည့် နေရာများလည်း ပါဝင်မည်ဖြစ်ပါတယ်။ အဆိုပါစီမံကိန်းများအနက် (၂) ခုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ထိုင်ဝမ်နိုင်ငံမှ JLK Holdings အပါအဝင်အခြားသောနိုင်ငံခြားကုမ္ပဏီများလည်း ပါဝင်ပြီး (၃၂) ထပ်အမြင့်ရှိကာ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ (၃) သောင်းခွဲကျယ်ဝန်းသည့် ရုံးခန်းတာဝါကို တည်ဆောက်လျက်ရှိကြောင်း သိရှိရပါတယ်။

- Advertisement -

JLK သည် ယခုစီမံကိန်းဆောင်ရွက်လျက်ရှိသည့်မြေနေရာကို ပြီးခဲ့သည့်နှစ်အတွင်းက တစ်စတုရန်းလျှင် ဘတ် (၁၅၀၀) ဖြင့် စုစုပေါင်းဘတ် (၂.၂) ဘီလီယံဖြင့် မြေကွက်တစ်ကွက် ဝယ်ယူခဲ့ခြင်းဖြစ်ပါတယ်။ နောက်ထပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ခုမှာမူ Asia Thaiyuan ဆောက်လုပ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ဖြစ်ပြီး (၂၀၁၀) ခုနှစ်၌ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလည်းဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီအနေဖြင့် ရုံးခန်း၊ ဟိုတယ်နဲ့ လက်လီရောင်းချရာနေရာများ ပါဝင်မည့်နေရာကို ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး အကျယ်အဝန်းအားဖြင့် စတုရန်းမီတာပေါင်း (၂၂,၃၄၁) မီတာအထိ ကျယ်ဝန်းကြောင်း သိရှိရပါတယ်။

- Advertisement -

Colliers International ရဲ့ ဖော်ပြချက်အရ (၂၀၂၅) ခုနှစ်၌ အပြီးသတ်မည့် စီမံကိန်းအသစ်ပေါင်း (၂၈) ခုအနက် (၆) ခုက LPN အပါအဝင် Origin Property, Property Perfect, Supalai, Frasers Property နဲ့ Central Pattana တို့ဖြစ်ပါတယ်။ ဒါ့အပြင်ထိုင်းနိုင်ငံအတွင်း၌ ယခုနှစ်၌ ရုံးခန်းတာဝါအသစ် (၅) ခု ပြီးဆုံးမည်ဖြစ်ပြီး အဆိုပါတာဝါ (၅) ခုပေါင်းရဲ့ အကျယ်အဝန်းက စတုရန်းမီတာ (၁၃၄,၀၅၃) တန်ဖိုးအားဖြင့် (၁၃.၁) ဘီလီယံ ကုန်ကျမည်ဖြစ်ပါတယ်။ လက်ရှိအချိန်၌ ထိုင်းနိုင်ငံအတွင်းရှိ ရုံးခန်းစျေးကွက်ကို အခြားသောလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံသူများကလည်း စိတ်ဝင်စားလျက်ရှိပြီး Siam Motors Group, Jurangkool Family, Maneepin, Laemthong Corporation နဲ့ Plan B Holding တို့ကဲ့သို့ ကားပစ္စည်း၊ ဖက်ရှင်၊ အစားအသောက်နဲ့ မီဒီယာပိုင်းလုပ်ငန်းများက (၂၀၂၅) ခုနှစ်နှောင်းပိုင်း၌ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read