HomeEntertainmentXbox နဲ့ Playstation ကစားသူများအကြား ကွာခြားချက်များ။

Xbox နဲ့ Playstation ကစားသူများအကြား ကွာခြားချက်များ။

- Advertisement -

လေ့လာဆန်းစစ်မှုအသစ်အရ Xbox ကစားသူများသည် Playstation ကစားသူများထက် ကိုယ်အား၊ နှုတ်အားဖြင့် ပိုမိုစိတ်ဆိုးဒေါသထွက်လေ့ရှိကြောင်း သိရှိရပါတယ်။ ယခုစစ်တမ်းကို ဝက်ဘ်ဆိုက်တစ်ခုမှ စိတ်ပညာရှင်များနဲ့ ပူးပေါင်းလုပ်ဆောင်ကာ ဂိမ်းကစားသူ (၉၆၄) ယောက်ရဲ့ အမူအကျင့်များကို စစ်တမ်းကောက်ယူကာ ယခုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

Xbox ရဲ့ MW2 နဲ့ Playstation မှ FIFA ဂိမ်းများဟာ ဆော့ကစားသူများရဲ့ စိတ်ခံစားချက်ကို အမြင့်ဆုံး တွန်းပို့ပေးနိုင်ပြီး အွန်လိုင်းဂိမ်းပွဲများကို အနိုင်ရချိန်၌ အကြီးအကျယ်ပျော်ရွှင်ရတတ်သလို အဆိုပါဂိမ်းများကြောင့်ပင် ဒေါသအကြီးဆုံးလူသားအဖြစ်သို့ ရောက်ရှိခဲ့ရပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေရဲ့ ဖော်ပြချက်အရ Xbox ကစားသူများသည် ကိုယ်လက်အားဖြင့်  ပြုမူဒေါသထွက်မှုအတွက် (၀.၅၄၁)၊ နှုတ်အားဖြင့် ပြောဆိုကြမ်းတမ်းမှုအတွက် (၀.၆၃၄)၊  ဒေါသနဲ့ရန်လိုမှုများအတွက် (၀.၆၂၄) စီ ရှိနေကြောင်း သိရှိရပါတယ်။

- Advertisement -

Playstation ကစားသူများမှာမူ ကိုယ်လက်အားဖြင့် ပြုမူဒေါသထွက်မှုအတွက် (၀.၅၂၉)၊ နှုတ်အားဖြင့်  ပြောဆိုကြမ်းတမ်းမှုအတွက် (၀.၆၀၆)၊ ဒေါသထွက်မှုအတွက် (၀.၅၂၃) နဲ့ ရန်လိုမှုအတွက် (၀.၅၉၈) ရရှိခဲ့ပါတယ်။   Nintendo ဂိမ်းကစားသူများမှာမူ (၀.၄၅၂)၊ (၀.၅၆၇)၊ (၀.၄၆၀) နဲ့ (၀.၅၄၈) ရရှိခဲ့ပြီး ကွန်ပျူတာနဲ့ မိုဘိုင်းဂိမ်းကစားသူများမှာမူ Nintendo ဂိမ်းကစားသူများနဲ့ ရမှတ်အတူတူပင်ဖြစ်ကြောင်း သိရှိရပါတယ်။

- Advertisement -

အဆိုပါစစ်တမ်းကို ကောက်ခံသည့် ဝက်ဘ်ဆိုက်က “Xbox ကစားသမားတွေက ဂိမ်းဆော့ရင်း စိတ်ဆိုးဒေါသထွက်တာ၊ ရန်လိုတဲ့နေရာတွေမှာ ထိပ်ဆုံးကဖြစ်တယ်ဆိုတာ သေချာပါတယ်။ ဂိမ်းတစ်ခုချင်းစီအနေနဲ့ ပြောရမယ်ဆိုရင် Battlefield နဲ့ Call of Duty ကစားတဲ့သူတွေက အင်မတန်မှကို စိတ်ဆိုးဒေါသထွက်လေ့ရှိပါတယ်။” ဟု ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယောက်ျားလေး ဂိမ်းကစားသူများသည် မိန်းကလေး ဂိမ်းကစားသူများထက် စိတ်ဆိုးဒေါသထွက်မှုနှုန်းက (၁၃) ရာခိုင်နှုန်းအထိ ပိုမိုများပြားပြီး အံ့အားသင့်ဖွယ်ရာအနေနဲ့ Family Game ပုံစံဖြစ်သည့် Animal Crossing ဂိမ်းက GTA ကို ကျော်ဖြတ်ပြီး စိတ်ဆိုးဒေါသထွက်စရာအကောင်းဆုံး ထိပ်တန်းဂိမ်း (၅) ခု စာရင်းဝင်သွားခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nine + one =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...