HomeLifeStyleဝန်ထမ်းများကို လစာအပြည့်ပေးချေနိုင်ရန်အတွက် လစာ ၉၀% လျှော့ယူခဲ့တဲ့ သူဌေးတစ်ဦး။

ဝန်ထမ်းများကို လစာအပြည့်ပေးချေနိုင်ရန်အတွက် လစာ ၉၀% လျှော့ယူခဲ့တဲ့ သူဌေးတစ်ဦး။

- Advertisement -

အမေရိကန်နိုင်ငံမှ သူဌေးတစ်ဦးသည် သူ့ရဲ့ဝန်ထမ်းများကို လစာအပြည့်အဝပေးချေနိုင်ရေးအတွက် သူရရှိမည့်လစာ (၉၀) ရာခိုင်နှုန်းကို လျှော့ယူခဲ့ပြီး ဝန်ထမ်းများရရှိရမည့် အနည်းဆုံးလုပ်ခလစာပမာဏကို ပေးချေနိုင်ရန် စီစဉ်ခဲ့ကြောင်း သိရှိရပါတယ်။ Seattle အခြေစိုက် Gravity Payments ကို ပိုင်ဆိုင်သည့် သူဌေး Dan Prince အနေဖြင့် ယခုကဲ့သို့ လုပ်ခလစာလျှော့ယူခဲ့ခြင်းကြောင့် ဝန်ထမ်းများသည် ၄င်းတို့ရဲ့ အနည်းဆုံးလုပ်ခဖြစ်သည့် ဒေါ်လာ (၇) သောင်းကို ရရှိမည်လည်းဖြစ်ပါတယ်။

ဒါ့အပြင် Prince အနေဖြင့် ပြီးခဲ့သည့် (၂၀၁၅) ခုနှစ်၌ စီးပွားရေးဆိုင်ရာ အကျပ်အတည်းများဖြင့် ရင်ဆိုင်ရချိန်ကလည်း ယခုကဲ့သို့ စီစဉ်ခဲ့ဖူးပြီး ထိုစဉ်က သူရရှိမည့်လုပ်ခပမာဏကို တစ်ဝက်လျှော့ယူကာ ဝန်ထမ်းများရဲ့ဘဝကို ကယ်ဆယ်ခဲ့ဖူးပါတယ်။ Prince က “(၂၀၁၅) ခုနှစ်တည်းက ကျွန်တော်တို့ဝန်ထမ်းတွေအတွက် အနည်းဆုံးလုပ်ခလစာအဖြစ် ဒေါ်လာ (၇) သောင်းသတ်မှတ်ခဲ့ပြီး ကျွန်တော်တို့က ဆိုရှယ်လစ်စနစ် ဘာကြောင့်အလုပ်မဖြစ်ခဲ့လဲဆိုတာကို လေ့လာဖို့အတွက် MBA အစီအစဉ်တွေမှာ နမူနာလေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တည်းက ကျွန်တော်တို့ (၃) ဆလောက် တိုးတက်လာခဲ့ပြီး အခုချိန်မှာတော့ ဟားဗက်ရဲ့ အောင်မြင်တဲ့စီးပွားရေးကျောင်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။” ဆိုပြီး သူ့ရဲ့တွစ်တာအကောင့်မှတစ်ဆင့် ရေးသားခဲ့ပါတယ်။

- Advertisement -

Dan Prince က အနည်းဆုံးလုပ်ခ သတ်မှတ်ပေးလိုက်သည့်အချိန်မှစတင်ကာ Prince ရဲ့ဝန်ထမ်းများအနက် အိုးပိုင်အိမ်ပိုင်ဖြစ်လာသည့်ဝန်ထမ်း (၁၀) ဆအထိ ပိုမိုများပြားလာခဲ့သလို ဝန်ထမ်း (၇၀) ရာခိုင်နှုန်းကလည်း ၎င်းတို့ရဲ့အကြွေးများကို ဆပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကလေးရှိဝန်ထမ်းအရေအတွက်ကလည်း (၁၀) ဆကျော် မြင့်တက်လာခဲ့ပါတယ်။ ဝန်ထမ်းအားလုံးရဲ့ (၇၆) ရာခိုင်နှုန်းက ရုံးချုပ်အတွင်း၌ရှိနေပြီး အဆိုပါရာခိုင်နှုန်းရဲ့ (၂) ဆမှာမူ နိုင်ငံအနှံ့အပြားသို့ ရောက်ရှိနေကြောင်းလည်းသိရှိရပါတယ်။ ၂၀၂၁ ခုနှစ်အစောပိုင်းက BBC သတင်းဌာနနဲ့ တွေ့ဆုံချိန်၌လည်း Prince က “ကျွန်တော့်ဝန်ထမ်းတွေက ရလာသမျှ အကျိုးအမြတ်တွေအားလုံးကို ဖြုန်းတီးပစ်မယ်လို့ ကျွန်တော် အနည်းငယ်စိုးရိမ်မိခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဒီအရာတွေအားလုံးက ဆန့်ကျင်ဘက်တွေပါပဲ။” ဆိုပြီး ပြောကြားခဲ့ပါတယ်။

- Advertisement -

ဆက်လက်၍လည်း Prince က “အနည်းဆုံးလုပ်ခကို (၇) သောင်းအဖြစ် မသတ်မှတ်ခင်က ကျွန်တော်တို့ဝန်ထမ်းတွေက တစ်နှစ်ပျမ်းမျှ (၀) ကနေ (၂) ယောက်သာ မွေးဖွားခဲ့ကြပေမယ့် အခုလို အစီအစဉ်သတ်မှတ်လိုက်တဲ့ (၄) နှစ်ခွဲတာကာလအတွင်းမှာ ကလေးအယောက် (၄၀) နဲ့အထက်  မွေးဖွားနိုင်ခဲ့ပါပြီ။ Prince ရဲ့ Gravity မှ အရောင်းဒါရိုက်တာ Rosita Barlow က “အလုပ်လုပ်တဲ့အခါမှာ ပိုက်ဆံကို ရှေ့တန်းမတင်ထားဘူးဆိုရင် ကိုယ့်ကိုဘယ်အရာက ဘယ်လိုမျိုး စိတ်ဓာတ်လှုံ့ဆော်နိုင်လဲဆိုတာမျိုး ရှိနေပါပြီ။ ကျွန်တော်အလုပ်သွားတဲ့အချိန်မှာ ပိုက်ဆံဘယ်လိုရမလဲဆိုပြီး မတွေးတော့ပါဘူး။ အလုပ်ကို ဘယ်လိုမျိုးကောင်းအောင် လုပ်ရမလဲဆိုတာကိုပဲ အာရုံစိုက်ရမှာပါ။” ဟု ပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။

<Unicode Verison>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

thirteen − three =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...