HomeLifeStyleအသက် (၂) နှစ်အရွယ်ဖြင့် ရေလွှာလျှောစီးနိုင်သည့် ကလေးငယ်။

အသက် (၂) နှစ်အရွယ်ဖြင့် ရေလွှာလျှောစီးနိုင်သည့် ကလေးငယ်။

- Advertisement -

အသက် (၂) နှစ်အရွယ်သာရှိသေးသည့် ကလေးငယ်လေးတစ်ယောက်ဟာ အရွယ်နဲ့မလိုက်အောင် ကျွမ်းကျင်စွာ ရေလွှာလျှောစီးနိုင်ပြီး လှိုင်းလုံးများအကြား၌ အကူအညီတစ်စုံတစ်ရာမပါဘဲ မတ်တပ်ရပ်ကာ လှိုင်းစီးပြနိုင်ခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့မှ (၅၅) မိုင်အကွာရှိ Guaruja အမည်ရကမ်းရိုးတန်းမြို့လေးမှ Joao Vitor ဆိုတဲ့ ကလေးငယ်ဟာ အသက် (၂) နှစ်အရွယ်ဖြင့် ယခုကဲ့သို့ ကျွမ်းကျွမ်းကျင်ကျင် ရေလွှာလျှောစီးနိုင်ခဲ့ခြင်းဖြစ်ပြီး ဖခင်ဖြစ်သူနဲ့ အစ်မဖြစ်သူတို့ ပင်လယ်ကမ်းစပ်၌ ရေလွှာလျှောစီးနေသည်ကို နေ့တိုင်းမြင်တွေ့ရင်း ကြီးပြင်းလာခဲ့ရသူလည်း ဖြစ်ပါတယ်။

- Advertisement -

အဆိုပါကလေးငယ်ရဲ့မိခင်ဖြစ်သူ Camilla Chuque Braga က သူမရဲ့သားဖြစ်သူဟာ အသက် (၇) လသား အရွယ်တည်းက ရေကူးသင်ခဲ့ခြင်းကြောင်း ပြောကြားခဲ့ပြီး “သူ့အစ်မ Maria Clara နဲ့ အဖေဖြစ်သူတို့က တစ်နေကုန် ရေလွှာလျှောစီးရင်း သားဖြစ်သူကို အားကစားနဲ့ မိတ်ဆက်ပေးခဲ့တာပါ။ ကျွန်မယောက်ျားက Maria ကို လှိုင်းတွေနဲ့အသားကျအောင် သင်ကြားပေးခဲ့ပြီး တစ်နေ့မှာတော့ Joao ကိုလည်း သူ့အစ်မလို လိုက်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ Joao က သူ့အစ်မနည်းတူ လိုက်လုပ်ပြနိုင်ခဲ့ပါတယ်။” ဆိုပြီး ပြောကြားခဲ့ပါတယ်။

- Advertisement -

လက်ရှိအချိန်၌ Vitor က အသက် (၄) နှစ်အရွယ်ရှိနေပြီဖြစ်ပြီး လူကြီးများပင် လုပ်နိုင်ရန်ခက်ခဲသည့် စိန်ခေါ်မှုများကို ပင်လယ်လှိုင်းများအကြား၌ ဘုတ်ပြားပေါ်မှတစ်ဆင့် ကျွမ်းကျွမ်းကျင်ကျင် လုပ်ပြနေနိုင်ပြီဖြစ်ပါတယ်။ Joao ရဲ့ အစ်မဖြစ်သူ Maria Clara ကလည်း အသက် (၃) နှစ်နဲ့  (၆) လအရွယ်တည်းက အခြားသူရဲ့အကူအညီမပါဘဲ ရေလွှာလျှောစီးနိုင်ခဲ့ပြီး ထိုကဲ့သို့ဖြစ်လာရန် အသက်  (၂) နှစ်နဲ့ (၆) လအရွယ်တည်းက သင်ကြားပေးခဲ့ကြောင်း မိခင်ဖြစ်သူက ဆိုပါတယ်။

Joao တို့မိသားစုရဲ့ အိမ်ရှေ့၌ ပင်လယ်ကမ်းခြေရှိနေခြင်းကလည်း အားသာချက်ဖြစ်ပြီး “ကျွန်မ, သူတို့ကို နေ့တိုင်းကမ်းခြေခေါ်သွားပြီး ရေလွှာလျှောစီးလေ့ရှိပါတယ်။ ဒါပေမယ့် အရမ်းအေးပြီး မိုးရွာတဲ့နေ့တွေဆိုရင်တော့ မသွားပါဘူး။” ဆိုပြီး Camilla က ပြောကြားခဲ့ပါတယ်။ ရေလွှာလျှောစီးနေသည့် Joao ရဲ့ဓာတ်ပုံများနဲ့ ဗီဒီယိုများကို မိဘနှစ်ပါးက ဆိုရှယ်မီဒီယာများပေါ်၌ မျှဝေခဲ့ပြီး ပရိသတ်များကလည်း  အဆိုပါကလေးငယ်လေးရဲ့ စွမ်းဆောင်မှုအတွက် ချီးမွမ်းထောပနာပြုခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

- Advertisement -

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 × 5 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...