HomeSportဘာစီလိုနာကြယ်ပွင့်ကစားသမားတစ်ဦးကို ခေါ်ယူရန်ပစ်မှတ်ထားနေသည့် ပရီးမီးယားလိဂ်ထိပ်သီး (၂) သင်း။

ဘာစီလိုနာကြယ်ပွင့်ကစားသမားတစ်ဦးကို ခေါ်ယူရန်ပစ်မှတ်ထားနေသည့် ပရီးမီးယားလိဂ်ထိပ်သီး (၂) သင်း။

- Advertisement -

အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း (၂) သင်းဖြစ်သည့်  ယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့သည် ဘာစီလိုနာအသင်းမှ ထွက်ခွာရန်ပစ်မှတ်ထားနေသည့်  တိုက်စစ်ကစားသမားဂရစ်ဇ်မန်းကို  ခေါ်ယူရန်  စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါတယ်။ ယခုနှစ်အပြောင်းအရွှေ့ရာသီ၌ ဘာစီလိုနာအသင်းရဲ့အဓိကအသင်းခေါင်းဆောင်မက်ဆီ ထွက်ခွာသွားပါက  ဂရစ်ဇ်မန်းအနေဖြင့် လာမယ့်ဘောလုံးရာသီ အသင်းရဲ့တိုက်စစ်ကို အဓိကဦးဆောင်ရလိမ့်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်၌မူ မက်ဆီကဘာစီလိုနာအသင်းတွင်သာ ဆက်နေရန်ဆုံးဖြတ်ခဲ့သဖြင့်  ဂရစ်ဇ်မန်းရဲ့ဘာစီလိုနာကစားသမားဘဝ အနာဂတ်က ပြန်လည်လှုပ်ခတ်လာခဲ့ခြင်းဖြစ်ပါတယ်။

ပြီးခဲ့သည့်ဘောလုံးရာသီ၌ အက်သလက်တီကိုမက်ဒရစ်အသင်းမှ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဂရစ်ဇ်မန်းအနေဖြင့် ပြီးခဲ့သည့်ဘောလုံးရာသီတစ်လျှောက်လုံး ပုံမှန်ခြေစွမ်းပြသနိုင်ရန်  ရုန်းကန်ခဲ့ရခြင်းကြောင့် အသင်းမှပြန်လည်ရောင်းချမည်ဟု သတင်းများထွက်ပေါ်ခဲ့ပါတယ်။ အသက် (၂၉) နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ဂရစ်ဇ်မန်းအနေဖြင့် ပြီးခဲ့သည့်ဘောလုံးရာသီက  ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၄၈) ပွဲကစား (၁၅) ဂိုးသာသွင်းယူနိုင်ခဲ့ပြီး လက်ရှိအချိန်၌ အဆိုပါကစားသမားကို ခေါ်ယူရန်အတွက် ယူနိုက်တက်၊ လီဗာပူးအသင်းတို့က စောင့်ကြည့်နေပြီး  အာဆင်နယ်အသင်းကလည်း ဂရစ်ဇ်မန်းနဲ့ဘာစီလိုနာအသင်းတို့ရဲ့ အခြေအနေကို  စောင့်ကြည့်လျက်ရှိပါတယ်။

ဘာစီလိုနာအသင်းတာဝန်ရှိသူများကလည်း အသင်းရဲ့ နာမည်ကျော်ကြယ်ပွင့်ကစားသမားဖြစ်သည့်  ဂရစ်ဇ်မန်းကို ယခုအပြောင်းအရွှေ့မပိတ်ခင်၌  အပြီးသတ်ရောင်းချသွားရန် ပြင်ဆင်ထားပါတယ်။  ဂရစ်ဇ်မန်းအနေနဲ့လည်း ဘာစီလိုနာအသင်းနဲ့ (၂၀၂၄) ခုနှစ်အထိ  စာချုပ်သက်တမ်းရှိနေသည့်တိုင်  အသင်းခေါင်းဆောင်မက်ဆီနဲ့ အဆင်မပြေဖြစ်နေသည့်သတင်းများ ထွက်ပေါ်နေခြင်း၊ ပုံမှန်ခြေစွမ်းပြသနိုင်ရန်  ရုန်းကန်နေရခြင်းတို့ကြောင့် အသင်းကထွက်ခွာရန် ပြင်ဆင်လျက်ရှိပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

ဘာစီလိုနာၾကယ္ပြင့္ကစားသမားတစ္ဦးကို ေခၚယူရန္ပစ္မွတ္ထားေနသည့္ ပရီးမီးယားလိဂ္ထိပ္သီး (၂) သင္း။

 

အဂၤလန္ပရီးမီးယားလိဂ္ရဲ႕ ထိပ္သီးအသင္း (၂) သင္းျဖစ္သည့္  ယူႏိုက္တက္အသင္းနဲ႔ လီဗာပူးအသင္းတို႔သည္ ဘာစီလိုနာအသင္းမွ ထြက္ခြာရန္ပစ္မွတ္ထားေနသည့္  တိုက္စစ္ကစားသမားဂရစ္ဇ္မန္းကို  ေခၚယူရန္  ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သိရွိရပါတယ္။ ယခုႏွစ္အေျပာင္းအေ႐ႊ႕ရာသီ၌ ဘာစီလိုနာအသင္းရဲ႕အဓိကအသင္းေခါင္းေဆာင္မက္ဆီ ထြက္ခြာသြားပါက  ဂရစ္ဇ္မန္းအေနျဖင့္ လာမယ့္ေဘာလုံးရာသီ အသင္းရဲ႕တိုက္စစ္ကို အဓိကဦးေဆာင္ရလိမ့္မည္ဟု သတင္းမ်ား ထြက္ေပၚခဲ့ေပမယ့္ လက္ရွိအခ်ိန္၌မူ မက္ဆီကဘာစီလိုနာအသင္းတြင္သာ ဆက္ေနရန္ဆုံးျဖတ္ခဲ့သျဖင့္  ဂရစ္ဇ္မန္းရဲ႕ဘာစီလိုနာကစားသမားဘဝ အနာဂတ္က ျပန္လည္လႈပ္ခတ္လာခဲ့ျခင္းျဖစ္ပါတယ္။

ၿပီးခဲ့သည့္ေဘာလုံးရာသီ၌ အက္သလက္တီကိုမက္ဒရစ္အသင္းမွ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေျပာင္းေ႐ႊ႕လာခဲ့သည့္ ဂရစ္ဇ္မန္းအေနျဖင့္ ၿပီးခဲ့သည့္ေဘာလုံးရာသီတစ္ေလွ်ာက္လုံး ပုံမွန္ေျခစြမ္းျပသႏိုင္ရန္  ႐ုန္းကန္ခဲ့ရျခင္းေၾကာင့္ အသင္းမွျပန္လည္ေရာင္းခ်မည္ဟု သတင္းမ်ားထြက္ေပၚခဲ့ပါတယ္။ အသက္ (၂၉) ႏွစ္အ႐ြယ္ ျပင္သစ္လက္ေ႐ြးစင္ဂရစ္ဇ္မန္းအေနျဖင့္ ၿပီးခဲ့သည့္ေဘာလုံးရာသီက  ဘာစီလိုနာအသင္းအတြက္ ၿပိဳင္ပြဲစုံ (၄၈) ပြဲကစား (၁၅) ဂိုးသာသြင္းယူႏိုင္ခဲ့ၿပီး လက္ရွိအခ်ိန္၌ အဆိုပါကစားသမားကို ေခၚယူရန္အတြက္ ယူႏိုက္တက္၊ လီဗာပူးအသင္းတို႔က ေစာင့္ၾကည့္ေနၿပီး  အာဆင္နယ္အသင္းကလည္း ဂရစ္ဇ္မန္းနဲ႔ဘာစီလိုနာအသင္းတို႔ရဲ႕ အေျခအေနကို  ေစာင့္ၾကည့္လ်က္ရွိပါတယ္။

ဘာစီလိုနာအသင္းတာဝန္ရွိသူမ်ားကလည္း အသင္းရဲ႕ နာမည္ေက်ာ္ၾကယ္ပြင့္ကစားသမားျဖစ္သည့္  ဂရစ္ဇ္မန္းကို ယခုအေျပာင္းအေ႐ႊ႕မပိတ္ခင္၌  အၿပီးသတ္ေရာင္းခ်သြားရန္ ျပင္ဆင္ထားပါတယ္။  ဂရစ္ဇ္မန္းအေနနဲ႔လည္း ဘာစီလိုနာအသင္းနဲ႔ (၂၀၂၄) ခုႏွစ္အထိ  စာခ်ဳပ္သက္တမ္းရွိေနသည့္တိုင္  အသင္းေခါင္းေဆာင္မက္ဆီနဲ႔ အဆင္မေျပျဖစ္ေနသည့္သတင္းမ်ား ထြက္ေပၚေနျခင္း၊ ပုံမွန္ေျခစြမ္းျပသႏိုင္ရန္  ႐ုန္းကန္ေနရျခင္းတို႔ေၾကာင့္ အသင္းကထြက္ခြာရန္ ျပင္ဆင္လ်က္ရွိပါတယ္။

<Zawgyi Version>

- Advertisement -

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

sixteen + 4 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...