HomeEducationမြန်မာနိုင်ငံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်ကျောင်း (၁၆) ကျောင်း။

မြန်မာနိုင်ငံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်ကျောင်း (၁၆) ကျောင်း။

- Advertisement -

တစ်ချိန်ကအာရှတိုက်ရဲ့ အကောင်းဆုံးတက္ကသိုလ်ဖြစ်ခဲ့ဖူးသည့် ရန်ကုန်တက္ကသိုလ်အပါအဝင်  တက္ကသိုလ်ကျောင်း (၁၆) ကျောင်းကို  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျောင်းများအဖြစ်  သတ်မှတ်ပေးလိုက်ကြောင်း အဆင့်မြင့်ပညာရေးဦးစီးဌာနရဲ့ အထွေထွေဒါရိုက်တာ ဦးသိန်းဝင်းက  ပြောကြားခဲ့ပါတယ်။ ထို့အတွက်ကြောင့် အဆိုပါတက္ကသိုလ်များအနေဖြင့် မာစတာဘွဲ့အပါအဝင်  အဆင့်မြင့်ပညာရေးစနစ်များကို မိမိတို့အစီအစဉ်ဖြင့် တိုးချဲ့သင်ကြားနိုင်မည်လည်းဖြစ်ပါတယ်။

သို့ဖြစ်ရာ ဝန်ကြီးဌာနအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်သည့် အဆိုပါတက္ကသိုလ်များရဲ့  အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုများကို ဝင်ရောက်စွက်ဖက်တော့မည်မဟုတ်ကြောင်း သိရှိရပါတယ်။

- Advertisement -

“သူတို့အနေနဲ့ သင်ရိုးညွှန်းတမ်းတွေ၊ သင်ကြားရေးစနစ်တွေကို သူတို့စိတ်ကြိုက်  ပြင်ဆင်နိုင်ပါတယ်။” ဟုလည်း ဦးသိန်းဝင်းကဆိုပါတယ်။ ဒါ့အပြင်ဌာနတစ်ခုချင်းစီအတွက်လည်း  ပါမောက္ခ (၆) ယောက်နဲ့အထက် ခေါ်ယူခန့်အပ်နိုင်ကြောင်းသိရှိရပါတယ်။

- Advertisement -

ယခုကဲ့သို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်သည့် တက္ကသိုလ်ကျောင်း (၁၆) ကျောင်းမှာ  ရန်ကုန်တက္ကသိုလ်၊  မန္တလေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊  စစ်ကိုင်းတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊  ရန်ကုန်အဆင်မြင့်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေးအဆင့်မြင့်နည်းပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်သတင်းအချက်အလက်နဲ့နည်းပညာတက္ကသိုလ်၊ မန္တလေးသတင်းအချက်အလက်နဲ့ နည်းပညာတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊  မန္တလေးအဝေးသင်တက္ကသိုလ်တို့ ပါဝင်ကြောင်းသိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

 

 

ျမန္မာႏိုင္ငံမွ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတကၠသိုလ္ေက်ာင္း (၁၆) ေက်ာင္း။

 

တစ္ခ်ိန္ကအာရွတိုက္ရဲ႕ အေကာင္းဆုံးတကၠသိုလ္ျဖစ္ခဲ့ဖူးသည့္ ရန္ကုန္တကၠသိုလ္အပါအဝင္  တကၠသိုလ္ေက်ာင္း (၁၆) ေက်ာင္းကို  ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေက်ာင္းမ်ားအျဖစ္  သတ္မွတ္ေပးလိုက္ေၾကာင္း အဆင့္ျမင့္ပညာေရးဦးစီးဌာနရဲ႕ အေထြေထြဒါ႐ိုက္တာ ဦးသိန္းဝင္းက  ေျပာၾကားခဲ့ပါတယ္။ ထို႔အတြက္ေၾကာင့္ အဆိုပါတကၠသိုလ္မ်ားအေနျဖင့္ မာစတာဘြဲ႕အပါအဝင္  အဆင့္ျမင့္ပညာေရးစနစ္မ်ားကို မိမိတို႔အစီအစဥ္ျဖင့္ တိုးခ်ဲ႕သင္ၾကားႏိုင္မည္လည္းျဖစ္ပါတယ္။

သို႔ျဖစ္ရာ ဝန္ႀကီးဌာနအေနျဖင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေပးလိုက္သည့္ အဆိုပါတကၠသိုလ္မ်ားရဲ႕  အုပ္ခ်ဳပ္ေရးနဲ႔ စီမံခန႔္ခြဲမႈမ်ားကို ဝင္ေရာက္စြက္ဖက္ေတာ့မည္မဟုတ္ေၾကာင္း သိရွိရပါတယ္။

“သူတို႔အေနနဲ႔ သင္႐ိုးၫႊန္းတမ္းေတြ၊ သင္ၾကားေရးစနစ္ေတြကို သူတို႔စိတ္ႀကိဳက္  ျပင္ဆင္ႏိုင္ပါတယ္။” ဟုလည္း ဦးသိန္းဝင္းကဆိုပါတယ္။ ဒါ့အျပင္ဌာနတစ္ခုခ်င္းစီအတြက္လည္း  ပါေမာကၡ (၆) ေယာက္နဲ႔အထက္ ေခၚယူခန႔္အပ္ႏိုင္ေၾကာင္းသိရွိရပါတယ္။

ယခုကဲ့သို႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေပးလိုက္သည့္ တကၠသိုလ္ေက်ာင္း (၁၆) ေက်ာင္းမွာ  ရန္ကုန္တကၠသိုလ္၊  မႏၲေလးတကၠသိုလ္၊ ရန္ကုန္စီးပြားေရးတကၠသိုလ္၊ ရန္ကုန္ပညာေရးတကၠသိုလ္၊  စစ္ကိုင္းတကၠသိုလ္၊ ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္၊ မႏၲေလးႏိုင္ငံျခားဘာသာတကၠသိုလ္၊  ရန္ကုန္အဆင္ျမင့္နည္းပညာတကၠသိုလ္၊ မႏၲေလးနည္းပညာတကၠသိုလ္၊ မႏၲေလးအဆင့္ျမင့္နည္းပညာတကၠသိုလ္၊ ရန္ကုန္ကြန္ပ်ဴတာတကၠသိုလ္၊ မႏၲေလးကြန္ပ်ဴတာတကၠသိုလ္၊ ရန္ကုန္သတင္းအခ်က္အလက္နဲ႔နည္းပညာတကၠသိုလ္၊ မႏၲေလးသတင္းအခ်က္အလက္နဲ႔ နည္းပညာတကၠသိုလ္၊ ရန္ကုန္အေဝးသင္တကၠသိုလ္၊  မႏၲေလးအေဝးသင္တကၠသိုလ္တို႔ ပါဝင္ေၾကာင္းသိရွိရပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read