HomeBanking & Financeကမ္ဘာ့တတိယမြောက် အချမ်းသာဆုံးသူဌေးကြီးဖြစ်လာတဲ့ Elon Musk
ကမ္ဘာ့တတိယမြောက် အချမ်းသာဆုံးသူဌေးကြီးဖြစ်လာတဲ့ Elon Musk
- Advertisement -
Elon Musk လို့ ကြားလိုက်တာနဲ့ Tesla ၊ SpaceX ၊ The Boring Company ၊ Hyperloop နဲ့ OpenAI ကုမ္ပဏီတွေရဲ့ ပိုင်ရှင်ဆိုတာ အားလုံးနီးပါးက သိကြပြီးသားဖြစ်ပါတယ်။ Elon Musk ဟာ Facebook ကုမ္ပဏီရဲ့ CEO Mark Zuckerberg ကို ကျော်တက်နိုင်ခဲ့ပြီး သူ့ရဲ့အရှေ့မှာတော့ Bill Gates နဲ့ Jeff Bezos တို့ ရှိနေဆဲပဲ ဖြစ်ပါတယ်။
- Advertisement -
Bloomberg Billionaire Index အဖွဲ့အစည်းရဲ့ လေ့လာတွေ့ရှိချက်အရ Tesla ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးဟာ လွန်ခဲ့တဲ့ တနင်္လာနေ့မှာတော့ ၁၂% အထိ ထိုးတက်သွားခဲ့ပါတယ်။ ရှယ်ယာတန်ဖိုးတက်လာခဲ့ခြင်းက Elon Musk ကို ကမ္ဘာအချမ်းသာဆုံးသူဌေးသူကြွယ်များ စာရင်းမှာ   နံပါတ် ၃ နေရာ ချိတ်စေခဲ့တာပဲဖြစ်ပါတယ်။
- Advertisement -
- Advertisement -
Musk ပိုင်ဆိုင်တဲ့ Tesla ကုမ္ပဏီရဲ့ အသားတင်ပိုင်ဆိုင်မှု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄၇၅ ဘီလျံ ရှိပါတယ်။ Musk ဟာ Tesla ကုမ္ပဏီကနေ လစာတွေမရယူခဲ့ဘူးဆိုပေမယ့်  ရှယ်ယာအရောင်းအဝယ်ကနေပဲ အကျိုးအမြတ်တွေရရှိခဲ့တာပဲဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ Musk ဟာ ကုမ္ပဏီရဲ့ ရှယ်ယာ ၁၈ % ကို ပိုင်ဆိုင်ထားပြီးသားပဲဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာပဲ Musk ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၉ဝဘီလျံလောက် တိုးတက်လာခဲ့ပါတယ်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာတော့ Musk ရဲ့ အသားတင်ပိုင်ဆိုင်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၂ ဘီလျံလောက်အထိ တိုးလာခဲ့ပါတယ်။ ရှယ်ယာစျေးကွက် မတည်ငြိမ်နေတဲ့အချိန်မှာ Tesla ကုမ္ပဏီက ဒေါ်လာ ၅ ဘီလျံဖိုးလောက် ရှယ်ယာအသစ်တွေကို  ရောင်းထုတ်ခဲ့ပါသေးတယ်။  ပြီးခဲ့တဲ့ရက်အနည်းငယ်ကတော့ ရှယ်ယာတန်ဖိုးက ၁%  လောက်  ကျဆင်းသွားခဲ့တယ်ဆိုပေမယ့်လည်း  အခြေအနေကောင်းတစ်ရပ်မှာ  ရပ်တည်နေနိုင်သေးတယ်လို့  ယူဆနိုင်ပါတယ်။
<Unicode Version>
<Zawgyi Version>
Source ~ CNN
#SY(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare
- Advertisement -
Must Read