HomeBanking & Financeနည်းပညာအခြေစိုက် Mobile Application တစ်ခုကြောင့်် ပိုင်ဆိုင်မှုဒေါ်လာ သုံးပုံတစ်ပုံအထိ မြင့်တက်လာတဲ့ ဟောင်ကောင်သူဌေးကြီး Li Ka-shing

နည်းပညာအခြေစိုက် Mobile Application တစ်ခုကြောင့်် ပိုင်ဆိုင်မှုဒေါ်လာ သုံးပုံတစ်ပုံအထိ မြင့်တက်လာတဲ့ ဟောင်ကောင်သူဌေးကြီး Li Ka-shing

- Advertisement -

ဟောင်ကောင်သူဌေးကြီးဖြစ်တဲ့ Li Ka-shing ဟာ ကိုဗစ်ရောဂါပျံ့နှံ့ချိန်ကစတင်ပြီး စီးပွါးရေးနယ်ပယ်မှာ အခက်အခဲတွေ ကြုံတွေ့နေရပေမယ့်လည်း မြို့အတွင်း အချမ်းသာဆုံး သူဌေးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ စီးပွားရေးဆိုင်ရာ အကြပ်အတည်းတွေကို ကြုံတွေ့နေရတာတောင်မှ အချမ်းသာဆုံးသူဌေးအဖြစ် ရပ်တည်နေနိုင်တာကတော့ ရုပ်မြင်သံကြားဆယ်သွယ်ရေး ဝန်ဆောင်မှုပေးစွမ်းနိုင်တဲ့ Zoom App နဲ့နှစ်ရှည်လများ လက်တွဲလာခဲ့တဲ့ လူယုံတော် Solina Chau ကြောင့်ပဲ ဖြစ်ပါတယ်။

ဟောင်ကောင်မြို့တော်မှာ မြင်တွေ့ရတဲ့ အခမ်းနားဆုံး ၊ အလှပဆုံးသော မိုးမျှော်တိုက်တွေကို တည်ဆောက်ရာမှာ ပြိုင်ဘက်မရှိတဲ့ သူဌေးကြီးဟာ ၂၀၁၃ ခုနှစ်မှာ ရုပ်မြင်သံကြားဆယ်သွယ်ရေး ဝန်ဆောင်မှုကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ အသက် ၉၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဌေးကြီးကတော့ ကယ်လီဖိုးနီးပြည်နယ်အခြေစိုက် San Jose ကုမ္ပဏီရဲ့ ရှယ်ယာ ၈.၅ % ကို ပိုင်ဆိုင်ထားတာပဲဖြစ်ပြီး အဆိုပါရှယ်ယာတန်ဖိုးကြောင့် Li Ka-shing ရဲ့ ပိုင်ဆိုင်မှုတန်ဖိုး သုံးပုံတစ်ပုံဟာ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ရှိနေပြီပဲဖြစ်ပါတယ်။

ရောဂါပိုးပျံ့နှံ့မှုကြောင့် တစ်နေရာထဲမှာ လူအများစုပြီး လုပ်ကိုင်ရတဲ့ အဖွဲ့အစည်းတွေနဲ့ စာသင်ကျောင်းတွေဟာ ယာယီပိတ်ထားခဲ့ရပြီးတဲ့နောက်မှာတော့ ရေရှည်ရပ်တည်နိုင်ဖို့အတွက် အင်တာနက်ကိုအသုံးပြုပြီး ရုပ်မြင်သံကြားဆက်သွယ်ရေးဝန်ဆောင်မှုကို အသုံးပြုကာ လုပ်ငန်းတွေကို ဆက်လက်လည်ပတ်ခဲ့ကြရပါတယ်။ လုပ်ငန်းအဖွဲ့အစည်းမှာ အရေးကြီးတဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်တဲ့အခါမျိုးတွေနဲ့ ကျောင်းသူ/ကျောင်းသားတွေကို ပညာသင်ကြားပေးတဲ့အချိန်မျိုးမှာတော့ Zoom App ဟာ တကယ်ကိုအသုံးဝင်တဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကြီး ဖြစ်လာပါတယ်။

- Advertisement -

ဒါကြောင့်ပဲ လုပ်ငန်းရှယ်ယာတန်ဖိုးဟာ ၄၁% အထိ တိုးတက်လာခဲ့ပြီး Bloomberg Billionaire Index အဖွဲ့အစည်းက စစ်တမ်းကောက်ချက်အရ Mr Li ရဲ့ လက်ရှိပိုင်ဆိုင်မှုတန်ဖိုးဟာ ၃၂.၂ ဘီလျံလောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့အစိုးရအဖွဲ့ကို တော်လှန်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာကြောင့် Mr Li ပိုင်ဆိုင်တဲ့ CK Hutchison Holdings နဲ့ CK Asset Holdings တို့ရဲ့ ရှယ်ယာတန်ဖိုးဟာ ၂၉ % ကျော် ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း Zoom App ကို လူအများအသုံးပြုလာတဲ့ အကျိုးကျေးဇူးကြောင့် Mr Li ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ပြန်လည်မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

 

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

six − four =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...