HomeEntertainmentMission Impossible ဇာတ်ကားအတွက် ဇိမ်ခံသင်္ဘောနှစ်စီးငှားရမ်းခဲ့သည့် Tom Cruise

Mission Impossible ဇာတ်ကားအတွက် ဇိမ်ခံသင်္ဘောနှစ်စီးငှားရမ်းခဲ့သည့် Tom Cruise

- Advertisement -

နာမည်ကျော်မင်းသားကြီး Tom Cruise သည် Mission Impossible ဇာတ်ကားကို အမြန်ဆုံး အပြီးသတ်ရိုက်ကူးနိုင်ရန်အတွက် ဇိမ်ခံသင်္ဘောနှစ်စီးကို ငှားရမ်းခဲ့ကြောင်း သိရှိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုက်ကူးရေးအစီအစဉ်များ၌ များစွာအနှောင့်အနှေးဖြစ်ပေါ်နေရာ Tom Cruise က အဆိုပါကိစ္စကိုဖြေရှင်းရန်အတွက် ပေါင် (၅) သိန်းဖြင့် အဆိုပါဇိမ်ခံသင်္ဘောနှစ်စီးကို နော်ဝေနိုင်ငံ၌ ငှားရမ်းခဲ့ခြင်းဖြစ်ပါတယ်။

Mission Impossible ဇာတ်ကားကို ဥရောပတစ်လွှား၌ ရိုက်ကူးနေခြင်းဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပတစ်ဝှမ်း ပိတ်ပင်မှုများရှိနေသောကြောင့် ရိုက်ကူးရေးအစီအစဉ်များမှာ နှောင့်နှေးလျက်ရှိနေပါတယ်။ (၂၀၂၁) ခုနှစ်အတွင်း ရုံတင်ရန်စီစဉ်ထားသည့် ဇာတ်ကားအသစ်များမှာလည်း သတ်မှတ်ထားသည့်အချိန်ထက် နောက်ကျနိုင်ဖွယ်ရှိပြီး ပြည်တွင်းသတင်းဌာနများရဲ့ဖော်ပြချက်အရ Tom Cruise အနေဖြင့် ရိုက်ကူးရေးဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းရေးကို ရှေးရှု၍ ဇိမ်ခံသင်္ဘောများကို ဟိုတယ်အဖြစ်အသုံးချရန် ငွေကြေးစိုက်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

ထုတ်လုပ်ရေးကုမ္ပဏီအနေဖြင့် MS Fridtjof Nansen နဲ့ MS Vesteralen နှစ်စီးကိုငှားရမ်းခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလကုန်အထိ ငှားရမ်းရန်ပြင်ဆင်ထားပါတယ်။ အဆိုပါသင်္ဘောများအပေါ်၌ နော်ဝေနိုင်ငံမှ ဝန်ထမ်းပေါင်း (၂၀၀) ဝန်းကျင် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး အခြားသောနိုင်ငံတကာအမှုထမ်းပေါင်း (၂၀၀) လည်း အတူတကွတာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ယခုကဲ့သို့ ဇိမ်ခံသင်္ဘောများကို ငှားရမ်းခဲ့ခြင်းနဲ့ပတ်သက်၍ ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Truenorth က တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်းမရှိပေမယ့် သတင်းရင်းမြစ်တစ်ဦးကမူ “Tom အနေနဲ့ ဇာတ်ကားရိုက်ကူးရေးတွေမှာ  နောက်ထပ်အဟန့်အတားတွေ မရှိချင်တော့ပါဘူး။” ဟု The Sun သတင်းဌာနသို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

Mission Impossible ဇာတ္ကားအတြက္ ဇိမ္ခံသေဘၤာႏွစ္စီးငွားရမ္းခဲ့သည့္ Tom Cruise

နာမည္ေက်ာ္မင္းသားႀကီး Tom Cruise သည္ Mission Impossible ဇာတ္ကားကို အျမန္ဆုံး အၿပီးသတ္ရိုက္ကူးႏိုင္ရန္အတြက္ ဇိမ္ခံသေဘၤာႏွစ္စီးကို ငွားရမ္းခဲ့ေၾကာင္း သိရွိရပါတယ္။ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ရိုက္ကူးေရးအစီအစဥ္မ်ား၌ မ်ားစြာအေႏွာင့္အေႏွးျဖစ္ေပၚေနရာ Tom Cruise က အဆိုပါကိစၥကိုေျဖရွင္းရန္အတြက္ ေပါင္ (၅) သိန္းျဖင့္ အဆိုပါဇိမ္ခံသေဘၤာႏွစ္စီးကို ေနာ္ေဝႏိုင္ငံ၌ ငွားရမ္းခဲ့ျခင္းျဖစ္ပါတယ္။

Mission Impossible ဇာတ္ကားကို ဥေရာပတစ္လႊား၌ ရိုက္ကူးေနျခင္းျဖစ္ေပမယ့္ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ဥေရာပတစ္ဝွမ္း ပိတ္ပင္မႈမ်ားရွိေနေသာေၾကာင့္ ရိုက္ကူးေရးအစီအစဥ္မ်ားမွာ ေႏွာင့္ေႏွးလ်က္ရွိေနပါတယ္။ (၂၀၂၁) ခုႏွစ္အတြင္း ရုံတင္ရန္စီစဥ္ထားသည့္ ဇာတ္ကားအသစ္မ်ားမွာလည္း သတ္မွတ္ထားသည့္အခ်ိန္ထက္ ေနာက္က်ႏိုင္ဖြယ္ရွိၿပီး ျပည္တြင္းသတင္းဌာနမ်ားရဲ႕ေဖာ္ျပခ်က္အရ Tom Cruise အေနျဖင့္ ရိုက္ကူးေရးဝန္ထမ္းမ်ား ေဘးအႏၱရာယ္ကင္းရွင္းေရးကို ေရွးရႈ၍ ဇိမ္ခံသေဘၤာမ်ားကို ဟိုတယ္အျဖစ္အသုံးခ်ရန္ ေငြေၾကးစိုက္ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရပါတယ္။

ထုတ္လုပ္ေရးကုမၸဏီအေနျဖင့္ MS Fridtjof Nansen နဲ႔ MS Vesteralen ႏွစ္စီးကိုငွားရမ္းခဲ့ျခင္းျဖစ္ၿပီး စက္တင္ဘာလကုန္အထိ ငွားရမ္းရန္ျပင္ဆင္ထားပါတယ္။ အဆုိပါသေဘၤာမ်ားအေပၚ၌ ေနာ္ေဝႏိုင္ငံမွ ဝန္ထမ္းေပါင္း (၂၀၀) ဝန္းက်င္ တာဝန္ထမ္းေဆာင္မည္ျဖစ္ၿပီး အျခားေသာႏိုင္ငံတကာအမႈထမ္းေပါင္း (၂၀၀) လည္း အတူတကြတာဝန္ထမ္းေဆာင္သြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ ယခုကဲ့သုိ႔ ဇိမ္ခံသေဘၤာမ်ားကို ငွားရမ္းခဲ့ျခင္းနဲ႔ပတ္သက္၍ ထုတ္လုပ္ေရးကုမၸဏီျဖစ္သည့္ Truenorth က တစ္စုံတစ္ရာ မွတ္ခ်က္ေပးခဲ့ျခင္းမရွိေပမယ့္ သတင္းရင္းျမစ္တစ္ဦးကမူ “Tom အေနနဲ႔ ဇာတ္ကားရိုက္ကူးေရးေတြမွာ  ေနာက္ထပ္အဟန္႔အတားေတြ မရွိခ်င္ေတာ့ပါဘူး။” ဟု The Sun သတင္းဌာနသုိ႔ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

- Advertisement -

Source ~ SkyNews

#HM(Soshwe)

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

1 × 2 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...