HomeTechအမေရိကန်နိုင်ငံအတွက် အလုပ်အကိုင်ပေါင်းသိန်းနဲ့ချီ ဖန်တီးပေးခဲ့သည့် နည်းပညာကုမ္ပဏီကြီး။

အမေရိကန်နိုင်ငံအတွက် အလုပ်အကိုင်ပေါင်းသိန်းနဲ့ချီ ဖန်တီးပေးခဲ့သည့် နည်းပညာကုမ္ပဏီကြီး။

- Advertisement -

iOS အနေဖြင့် ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်၊ ဧပြီလမှစတင်ကာ အမေရိကန်နိုင်ငံအတွင်း၌ အလုပ်အကိုင်ပေါင်း (၃) သိန်းအထိ ဖန်တီးပေးနိုင်ခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် iOS App အနေဖြင့် အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ်ပေါင်း (၅၀) အတွက် အလုပ်အကိုင်ပေါင်း (၂.၁) သန်းကျော်အထိ ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

အဆိုပါအလုပ်အကိုင်များအနက်အများစုသည် အရှေ့ဘက်နဲ့ အနောက်ဘက် ကမ်းရိုးတန်းပြည်နယ်များအတွက်ဖြစ်ပြီး iOS အနေဖြင့် တက္ကဆက်ပြည်နယ်၌လည်း အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာ ဖန်တီးပေးနိုင်ခဲ့သလို အနောက်အလယ်ပိုင်းဒေသ၌မူ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအနည်းဆုံး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်ကာလအတွင်း အမေရိကန်နိုင်ငံသားများအနေဖြင့် iOS App များမှတစ်ဆင့် အစားအသောက်များ မှာယူစားသောက်ခြင်း၊ အိမ်မှတစ်ဆင့် ပညာသင်ယူခြင်းနဲ့အလုပ်လုပ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို ရရှိနိုင်ခဲ့ပါတယ်။ စီးပွားရေးအကျပ်အတည်းကြောင့် အမေရိကန်နိုင်ငံ၌ အလုပ်လက်မဲ့ဦးရေတိုးတက်လာခဲ့ပေမယ့် Developer များမှာမူ ၄င်းတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် စိတ်ပူစရာမရှိခဲ့ကြောင်းလည်း Apple က ဆိုပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

- Advertisement -

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read