Facebook၊ Twitter၊ YouTube တို့နဲ့အပြိုင်လူသိများထင်ရှားသည့် TikTok ကို မကြာခင်အချိန်အတွင်း ရောင်းချဖွယ်ရှိကြောင်း သိရှိရပါတယ်။ တရုတ်အခြေစိုက် အင်အားကြီးနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် ByteDance က TikTok ကို အလုံးစုံပိုင်ဆိုင်ခွင့်အတွက် လက်လျှော့သွားရန် ပြင်ဆင်ထားပြီး မကြာခင်အချိန်အတွင်း၌ပင် TikTok အားရောင်းချမည့်အစီအစဉ်ကို အတည်ပြုကြေငြာဖွယ်ရှိနေပါတယ်။
Microsoft၊ Oracle နဲ့ အမေရိကန်ကြားခံကုမ္ပဏီတစ်ခုက TikTok ကို ဝယ်ယူရန်ကမ်းလှမ်းထားကြောင်း ပြီးခဲ့သည့်အပတ်က CNBC သတင်းဌာနမှတစ်ဆင့်ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့၌ TikTok ရဲ့တန်ဖိုးက ဒေါ်လာ ဘီလီယံ (၃၀) ကျော်အထိရှိကြောင်းလည်း သိရှိရပါတယ်။ TikTok ကိုအရောင်းအဝယ်ပြုလုပ်သည့်ကိစ္စနဲ့ပတ်သက်၍ ကာယကံရှင်အပါအဝင် Microsoft နဲ့ Oracle တို့ကလည်း တစ်စုံတစ်ရာမှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပါတယ်။
Walmart အနေဖြင့် TikTok မှတစ်ဆင့် မိမိတို့ရဲ့ စျေးကွက်ကိုထိုးဖောက်ရန် ပြင်ဆင်နေပြီး ကနဦး၌ Google ရဲ့မိခင်ကုမ္ပဏီတစ်ခုဖြစ်သည့် Alphabet နဲ့ လက်တွဲရန်ပြင်ဆင်ခဲ့ပေမယ့် Alphabet နဲ့လက်တွဲလိုက်ပါက TikTok အပေါ်ထားရှိသည့်ရည်မှန်းချက်ကို ထိခိုက်နိုင်ခြင်းကြောင့် Microsoft နဲ့ ပူးပေါင်းလက်တွဲခဲ့ပါတယ်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ TikTok ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Kevin Mayer ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီးနောက် TikTok ရဲ့ အနာဂတ်နဲ့ပတ်သက်သည့်သတင်းများလည်း ပိုမိုလှုပ်ခတ်လာခဲ့ပါတယ်။
ပြီးခဲ့သည့်လအနည်းငယ်အတွင်း၌ TikTok ကို အသုံးပြုသည့်အရေအတွက်က ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့ပြီး အထူးသဖြင့် လူငယ်များအကြား၌ ရေပန်းစားကျော်ကြားခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရ၊ စစ်တပ်နဲ့အိမ်ဖြူတော်တို့က TikTok အနေဖြင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် အန္တရာယ်ရှိကြောင်းသတိပေးခဲ့ပြီး TikTok အနေဖြင့် အသုံးပြုသူများရဲ့ အချက်အလက်များကို တရားမဝင်စုဆောင်းထားကြောင်း ကြေညာခဲ့ပါတယ်။
TikTok ဘက်က အဆိုပါစွပ်စွဲချက်များကို ငြင်းဆန်ထားပေမယ့် အမေရိကန်သမ္မတဖြစ်သူ ဒေါ်နယ်ထရမ့်ကမူ TiktTok ကိုအမေရိကန်ပိုင်ကုမ္ပဏီတစ်ခုခုမှဝယ်ယူပြီး အပြည့်အဝထိန်းချုပ်နိုင်စွမ်းမရှိပါက အဆိုပါ Application ကို အမေရိကန်နိုင်ငံ၌ ပိတ်ပင်တားဆီးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
<Unicode Version>
မၾကာခင္အခ်ိန္အတြင္း ေရာင္းခ်ေတာ့မည့္ Tik Tok
Facebook၊ Twitter၊ YouTube တို႔နဲ႔အၿပိဳင္လူသိမ်ားထင္ရွားသည့္ TikTok ကို မၾကာခင္အခ်ိန္အတြင္း ေရာင္းခ်ဖြယ္ရွိေၾကာင္း သိရွိရပါတယ္။ တရုတ္အေျခစိုက္ အင္အားႀကီးနည္းပညာကုမၸဏီတစ္ခုျဖစ္သည့္ ByteDance က TikTok ကို အလုံးစုံပိုင္ဆိုင္ခြင့္အတြက္ လက္ေလွ်ာ့သြားရန္ ျပင္ဆင္ထားၿပီး မၾကာခင္အခ်ိန္အတြင္း၌ပင္ TikTok အားေရာင္းခ်မည့္အစီအစဥ္ကို အတည္ျပဳေၾကျငာဖြယ္ရွိေနပါတယ္။
Microsoft၊ Oracle နဲ႔ အေမရိကန္ၾကားခံကုမၸဏီတစ္ခုက TikTok ကို ဝယ္ယူရန္ကမ္းလွမ္းထားေၾကာင္း ၿပီးခဲ့သည့္အပတ္က CNBC သတင္းဌာနမွတစ္ဆင့္ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ အေမရိကန္၊ ကေနဒါ၊ ၾသစေၾတးလ်နဲ႔ နယူးဇီလန္ႏိုင္ငံတို႔၌ TikTok ရဲ႕တန္ဖိုးက ေဒၚလာ ဘီလီယံ (၃၀) ေက်ာ္အထိရွိေၾကာင္းလည္း သိရွိရပါတယ္။ TikTok ကိုအေရာင္းအဝယ္ျပဳလုပ္သည့္ကိစၥနဲ႔ပတ္သက္၍ ကာယကံရွင္အပါအဝင္ Microsoft နဲ႔ Oracle တို႔ကလည္း တစ္စုံတစ္ရာမွတ္ခ်က္ေပးရန္ ျငင္းဆန္ခဲ့ပါတယ္။
Walmart အေနျဖင့္ TikTok မွတစ္ဆင့္ မိမိတို႔ရဲ႕ ေစ်းကြက္ကိုထိုးေဖာက္ရန္ ျပင္ဆင္ေနၿပီး ကနဦး၌ Google ရဲ႕မိခင္ကုမၸဏီတစ္ခုျဖစ္သည့္ Alphabet နဲ႔ လက္တြဲရန္ျပင္ဆင္ခဲ့ေပမယ့္ Alphabet နဲ႔လက္တြဲလိုက္ပါက TikTok အေပၚထားရွိသည့္ရည္မွန္းခ်က္ကို ထိခိုက္ႏိုင္ျခင္းေၾကာင့္ Microsoft နဲ႔ ပူးေပါင္းလက္တြဲခဲ့ပါတယ္။ ၿပီးခဲ့သည့္ရက္သတၱပတ္အတြင္း၌ TikTok ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ Kevin Mayer ရာထူးမွ ႏႈတ္ထြက္သြားခဲ့ၿပီးေနာက္ TikTok ရဲ႕ အနာဂတ္နဲ႔ပတ္သက္သည့္သတင္းမ်ားလည္း ပိုမိုလႈပ္ခတ္လာခဲ့ပါတယ္။
ၿပီးခဲ့သည့္လအနည္းငယ္အတြင္း၌ TikTok ကို အသုံးျပဳသည့္အေရအတြက္က ေၾကာက္ခမန္းလိလိ ျမင့္တက္လာခဲ့ၿပီး အထူးသျဖင့္ လူငယ္မ်ားအၾကား၌ ေရပန္းစားေက်ာ္ၾကားခဲ့ပါတယ္။ ဒါေပမယ့္ အေမရိကန္အစိုးရ၊ စစ္တပ္နဲ႔အိမ္ျဖဴေတာ္တို႔က TikTok အေနျဖင့္ အမ်ိဳးသားလုံၿခံဳေရးဆိုင္ရာ ကိစၥရပ္မ်ားအတြက္ အႏၱရာယ္ရွိေၾကာင္းသတိေပးခဲ့ၿပီး TikTok အေနျဖင့္ အသုံးျပဳသူမ်ားရဲ႕ အခ်က္အလက္မ်ားကို တရားမဝင္စုေဆာင္းထားေၾကာင္း ေၾကညာခဲ့ပါတယ္။
TikTok ဘက္က အဆိုပါစြပ္စြဲခ်က္မ်ားကို ျငင္းဆန္ထားေပမယ့္ အေမရိကန္သမၼတျဖစ္သူ ေဒၚနယ္ထရမ့္ကမူ TiktTok ကိုအေမရိကန္ပိုင္ကုမၸဏီတစ္ခုခုမွဝယ္ယူၿပီး အျပည့္အဝထိန္းခ်ဳပ္ႏိုင္စြမ္းမရွိပါက အဆိုပါ Application ကို အေမရိကန္ႏိုင္ငံ၌ ပိတ္ပင္တားဆီးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
<Zawgyi Version>
Source ~ Cnet
#HM(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare