HomeEntertainmentကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကမ္ဘာကျော်ဟောလီးဝုဒ်မင်းသားကြီး။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ကမ္ဘာကျော်ဟောလီးဝုဒ်မင်းသားကြီး။

- Advertisement -

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း (၂၅) သန်းကျော်လာချိန်၌ နာမည်ကျော်အနုပညာရှင်များ၊ နိုင်ငံရေးသမားများအပါအဝင် ထင်ပေါ်ကျော်ကြားသူအများအပြားလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။ လက်ရှိအချိန်၌ The Rock အဖြစ် နာမည်ကြီးသည့် Dwayne Johnson လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့်အပြင် The Rock ရဲ့ မိသားစုဝင်အားလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း သိရှိရပါတယ်။

အဆိုပါသတင်းကို The Rock ကိုယ်တိုင်ကအတည်ပြုခဲ့ခြင်းဖြစ်ပြီး ဇနီးသည် Lauren နဲ့ ကလေးနှစ်ယောက်ပါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရခြင်းဖြစ်ပါတယ်။ The Rock က “ကျွန်တော့် မိန်းမ Lauren အပြင် ကလေးနှစ်ယောက်နဲ့ ကျွန်တော်ပါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။ ဒါက ကျွန်တော်တို့ ကြုံတွေ့ခဲ့ရသမျှထဲမှာ အခက်ခဲဆုံးနဲ့ စိန်ခေါ်မှုအရှိဆုံးအဖြစ်အပျက်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့အားလုံး ကျန်းကျန်းမာမာပဲ ရှိနေပါတယ်။” ဟု (၁၁) မိနစ်တာကြာမြင့်သည့် ဗီဒီယိုမှတစ်ဆင့် ပရိသတ်များထံ အသိပေးပြောကြားခဲ့ပါတယ်။

The Rock ထံ၌ အဆက်ဟောင်း Dany Garcia နဲ့အတူ ရရှိခဲ့သည့် အသက် (၁၉) နှစ်အရွယ် Simone ဆိုသည့် သမီးတစ်ဦးလည်းရှိပြီး လက်ရှိဇနီးသည်ဖြစ်သူ Lauren နဲ့အတူရရှိထားသည့် အသက် (၄) နှစ်အရွယ် Jasmine နဲ့ အသက် (၂) နှစ်အရွယ် Tiana တို့ လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။ The Rock က “ကျွန်တော်တစ်ယောက်တည်း Positive ပြဖို့ ဆုတောင်းခဲ့ပေမယ့် ဆုတောင်းမပြည့်ခဲ့ပါဘူး။ ကျွန်တော့်မိသားစုဝင်တွေအားလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ဒါကအရှိုက်တည့်တည့်ကို ထိုးနှက်လိုက်သလိုပါပဲ။” ဟု ပြောကြားခဲ့ပါတယ်။

- Advertisement -

ဒါ့အပြင် The Rock က အဆိုပါဗီဒီယိုမှတစ်ဆင့် ကိုယ်ခံအားကောင်းမွန်အောင်နေထိုင်ရန် ပရိသတ်များကို တိုက်တွန်းခဲ့ကြောင်းလည်း သိရှိရပါတယ်။ (၂၀၂၀) ခုနှစ်အတွင်း၌ The Rock ရဲ့ ဇာတ်ကားများ ထွက်ရှိလာမည်မဟုတ်ပေမယ့် The Rock အနေဖြင့် လာမယ့် (၂၀၂၁) ခုနှစ်အတွင်း ထွက်ရှိလာမည့် ဇာတ်ကားကြီး (၃) ကားအတွက် ကြိုးစားအားထုတ်လျက်ရှိနေပါတယ်။

- Advertisement -

<Unicode Version>

 

 

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရတ့ဲ ကမာၻေက်ာ္ေဟာလီးဝုဒ္မင္းသားႀကီး။

ကမာၻေပၚတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း (၂၅) သန္းေက်ာ္လာခ်ိန္၌ နာမည္ေက်ာ္အႏုပညာရွင္မ်ား၊ ႏိုင္ငံေရးသမားမ်ားအပါအဝင္ ထင္ေပၚေက်ာ္ၾကားသူအမ်ားအျပားလည္း ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံခဲ့ရပါတယ္။ လက္ရွိအခ်ိန္၌ The Rock အျဖစ္ နာမည္ႀကီးသည့္ Dwayne Johnson လည္း ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရသည့္အျပင္ The Rock ရဲ႕ မိသားစုဝင္အားလုံး ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံခဲ့ရေၾကာင္း သိရွိရပါတယ္။

အဆိုပါသတင္းကို The Rock ကိုယ္တိုင္ကအတည္ျပဳခဲ့ျခင္းျဖစ္ၿပီး ဇနီးသည္ Lauren နဲ႔ ကေလးႏွစ္ေယာက္ပါ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံခဲ့ရျခင္းျဖစ္ပါတယ္။ The Rock က “ကြ်န္ေတာ့္ မိန္းမ Lauren အျပင္ ကေလးႏွစ္ေယာက္နဲ႔ ကြ်န္ေတာ္ပါ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံခဲ့ရပါတယ္။ ဒါက ကြ်န္ေတာ္တို႔ ႀကံဳေတြ႕ခဲ့ရသမွ်ထဲမွာ အခက္ခဲဆုံးနဲ႔ စိန္ေခၚမႈအရွိဆုံးအျဖစ္အပ်က္ပါပဲ။ ဒါေပမယ့္ ကြ်န္ေတာ္တို႔အားလုံး က်န္းက်န္းမာမာပဲ ရွိေနပါတယ္။” ဟု (၁၁) မိနစ္တာၾကာျမင့္သည့္ ဗီဒီယိုမွတစ္ဆင့္ ပရိသတ္မ်ားထံ အသိေပးေျပာၾကားခဲ့ပါတယ္။

The Rock ထံ၌ အဆက္ေဟာင္း Dany Garcia နဲ႔အတူ ရရွိခဲ့သည့္ အသက္ (၁၉) ႏွစ္အရြယ္ Simone ဆိုသည့္ သမီးတစ္ဦးလည္းရွိၿပီး လက္ရွိဇနီးသည္ျဖစ္သူ Lauren နဲ႔အတူရရွိထားသည့္ အသက္ (၄) ႏွစ္အရြယ္ Jasmine နဲ႔ အသက္ (၂) ႏွစ္အရြယ္ Tiana တို႔ လက္ရွိအခ်ိန္၌ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံခဲ့ရပါတယ္။ The Rock က “ကြ်န္ေတာ္တစ္ေယာက္တည္း Positive ျပဖို႔ ဆုေတာင္းခဲ့ေပမယ့္ ဆုေတာင္းမျပည့္ခဲ့ပါဘူး။ ကြ်န္ေတာ့္မိသားစုဝင္ေတြအားလုံး ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရၿပီး ဒါကအရိႈက္တည့္တည့္ကို ထိုးႏွက္လိုက္သလိုပါပဲ။” ဟု ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ The Rock က အဆုိပါဗီဒီယုိမွတစ္ဆင့္ ကိုယ္ခံအားေကာင္းမြန္ေအာင္ေနထိုင္ရန္ ပရိသတ္မ်ားကို တိုက္တြန္းခဲ့ေၾကာင္းလည္း သိရွိရပါတယ္။ (၂၀၂၀) ခုႏွစ္အတြင္း၌ The Rock ရဲ႕ ဇာတ္ကားမ်ား ထြက္ရွိလာမည္မဟုတ္ေပမယ့္ The Rock အေနျဖင့္ လာမယ့္ (၂၀၂၁) ခုႏွစ္အတြင္း ထြက္ရွိလာမည့္ ဇာတ္ကားႀကီး (၃) ကားအတြက္ ႀကိဳးစားအားထုတ္လ်က္ရွိေနပါတယ္။

- Advertisement -

<Zawgyi Version>

 

Source ~ CNet

#HM(Soshwe)

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × four =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...