HomeTechကိုရိုနာဗိုင်းရပ်စ်ကြောင့် အမြတ်အစွန်း (၂) ဆအထိ မြင့်တက်လာခဲ့သည့် နည်းပညာကုမ္ပဏီကြီးတစ်ခု။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမြတ်အစွန်း (၂) ဆအထိ မြင့်တက်လာခဲ့သည့် နည်းပညာကုမ္ပဏီကြီးတစ်ခု။

- Advertisement -

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း လူကြိုက်အများဆုံး Videoconferencing app တစ်ခုဖြစ်ခဲ့သည့် Zoom ရဲ့ ဝင်ငွေသည် (၂၀၂၀) ခုနှစ်ရဲ့ 2nd Quarter (၂) ဆအထိ မြင့်တက်လာခဲ့ပြီး ဇူလိုင်လ (၃၁) ရက်နေ့အထိ  ကောက်ယူခဲ့သည့်မှတ်တမ်းအရ Zoom ရဲ့ ဝင်ငွေသည် (၃၅၅) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၆၆၃.၅) သန်းအထိ ရှိခဲ့ပါတယ်။

ကျွမ်းကျင်သူများက Zoom ရဲ့ ဝင်ငွေကို အမေရိကန်ဒေါ်လာ (၅၀၀.၅) သန်းအထိသာ ခန့်မှန်းခဲ့ကြပေမယ့် လက်တွေ့၌မူ Zoom ရဲ့ဝင်ငွေက ကျွမ်းကျင်သူများရဲ့ခန့်မှန်းပမာဏကိုပါ ကျော်ဖြတ်သွားခဲ့ခြင်းဖြစ်ပါတယ်။ ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်ရဲ့ 2nd Quarter နဲ့ နှိုင်းယှဉ်လိုက်ပါက အမြတ်ငွေက အမေရိကန်ဒေါ်လာ (၁၈၆) သန်းအထိ ထိုးတက်လာခဲ့ပြီး အသုံးပြုသူအရေအတွက် ရာခိုင်နှုန်းကလည်း (၄၅၈) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။

- Advertisement -

Zoom နဲ့အတူ ပြိုင်ဘက်ကုမ္ပဏီများဖြစ်သည့် Cisco Webex နဲ့ Microsoft Teams တို့ကို အသုံးပြုသူအရေအတွက်လည်း မြင့်တက်ခဲ့ပေမယ့် Zoom ကို လူကြိုက်နှစ်သက်မှုက အခြားသော ပြိုင်ဘက်ကုမ္ပဏီများထက် သာလွန်ခဲ့ပါတယ်။ ဒါပေမယ့် Zoom အနေဖြင့် အသုံးပြုသူများရဲ့ ကိုယ်ရေးအချက်အလက်များကို Facebook ထံ ပေးပို့ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသလို တရုတ်နိုင်ငံနဲ့၄င်းတို့အကြား ဆက်သွယ်မှုများကြောင့် နိုင်ငံရေးဆိုင်ရာစစ်ဆေးမှုများကိုလည်း ခံယူခဲ့ရကာ အစိုးရလုပ်ငန်းဆိုင်ရာကိစ္စရပ်များအတွက် အသုံးပြုရန်မသင့်တော်ကြောင်း သတိပေးမှုများထွက်ပေါ်ခဲ့ပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အျမတ္အစြန္း (၂) ဆအထိ ျမင့္တက္လာခဲ့သည့္ နည္းပညာကုမၸဏီႀကီးတစ္ခု။

ကိုရိုနာဗုိင္းရပ္စ္ကာလအတြင္း လူႀကိဳက္အမ်ားဆုံး Videoconferencing app တစ္ခုျဖစ္ခဲ့သည့္ Zoom ရဲ႕ ဝင္ေငြသည္ (၂၀၂၀) ခုႏွစ္ရဲ႕ 2nd Quarter (၂) ဆအထိ ျမင့္တက္လာခဲ့ၿပီး ဇူလိုင္လ (၃၁) ရက္ေန႔အထိ  ေကာက္ယူခဲ့သည့္မွတ္တမ္းအရ Zoom ရဲ႕ ဝင္ေငြသည္ (၃၅၅) ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ၿပီး အေမရိကန္ေဒၚလာ (၆၆၃.၅) သန္းအထိ ရွိခဲ့ပါတယ္။

ကြ်မ္းက်င္သူမ်ားက Zoom ရဲ႕ ဝင္ေငြကို အေမရိကန္ေဒၚလာ (၅၀၀.၅) သန္းအထိသာ ခန္႔မွန္းခဲ့ၾကေပမယ့္ လက္ေတြ႕၌မူ Zoom ရဲ႕ဝင္ေငြက ကြ်မ္းက်င္သူမ်ားရဲ႕ခန္႔မွန္းပမာဏကိုပါ ေက်ာ္ျဖတ္သြားခဲ့ျခင္းျဖစ္ပါတယ္။ ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္ရဲ႕ 2nd Quarter နဲ႕ ႏိႈင္းယွဥ္လိုက္ပါက အျမတ္ေငြက အေမရိကန္ေဒၚလာ (၁၈၆) သန္းအထိ ထိုးတက္လာခဲ့ၿပီး အသုံးျပဳသူအေရအတြက္ ရာခိုင္ႏႈန္းကလည္း (၄၅၈) ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ပါတယ္။

Zoom နဲ႔အတူ ၿပိဳင္ဘက္ကုမၸဏီမ်ားျဖစ္သည့္ Cisco Webex နဲ႔ Microsoft Teams တို႔ကို အသံုးျပဳသူအေရအတြက္လည္း ျမင့္တက္ခဲ့ေပမယ့္ Zoom ကို လူႀကိဳက္ႏွစ္သက္မႈက အျခားေသာ ၿပိဳင္ဘက္ကုမၸဏီမ်ားထက္ သာလြန္ခဲ့ပါတယ္။ ဒါေပမယ့္ Zoom အေနျဖင့္ အသံုးျပဳသူမ်ားရဲ႕ ကိုယ္ေရးအခ်က္အလက္မ်ားကို Facebook ထံ ေပးပို႔ခဲ့သည္ဟု စြပ္စြဲခံခဲ့ရသလို တရုတ္ႏိုင္ငံနဲ႔၄င္းတို႔အၾကား ဆက္သြယ္မႈမ်ားေၾကာင့္ ႏိုင္ငံေရးဆုိင္ရာစစ္ေဆးမႈမ်ားကိုလည္း ခံယူခဲ့ရကာ အစိုးရလုပ္ငန္းဆိုင္ရာကိစၥရပ္မ်ားအတြက္ အသံုးျပဳရန္မသင့္ေတာ္ေၾကာင္း သတိေပးမႈမ်ားထြက္ေပၚခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ BBC

#HM(Soshwe)

#soshwetech

#soshwforyourdailylife

#likeandshare

- Advertisement -

Must Read