HomeTechသတင်းမျှဝေခြင်းကို တားမြစ်ပိတ်ပင်တော့မည့် Facebook

သတင်းမျှဝေခြင်းကို တားမြစ်ပိတ်ပင်တော့မည့် Facebook

- Advertisement -

Facebook သည် သြစတြေးလျနိုင်ငံ၌ သူတို့ရဲ့ ပလက်ဖောင်းကိုအသုံးပြုပြီး သတင်းများမျှဝေနေခြင်းကို ပိတ်ပင်ရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ သြစတြေးလျနိုင်ငံအတွင်းရှိ သတင်းဌာနများအနေဖြင့် Facebook ပေါ်မှတစ်ဆင့် သတင်းများရေးသားတင်ဆက်နေခြင်းအပေါ် Facebook က တားဆီးရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်လအတွင်း၌လည်း အသုံးပြုသူများအနေဖြင့် ဝန်ဆောင်မှုများကို သုံးစွဲရာ၌ ဆိုးရွားသည့်ရလဒ်များကို ရရှိလာနိုင်ကြောင်း Google က သတိပေးခဲ့ပါတယ်။

Facebook အနေဖြင့် ဥပဒေသမားများ၊ နည်းပညာသမားများနဲ့ တင်းမာမှုများရှိလာပြီးနောက် ယခုကဲ့သို့  စတင်တင်းကျပ်လာခဲ့ခြင်းဖြစ်ပြီး ယခုဥပဒေသာအတည်ဖြစ်ခဲ့ပါက သြစတြေးလျနိုင်ငံသားများအနေဖြင့် Facebook ပေါ်မှတစ်ဆင့် သတင်းများမျှဝေခွင့်ဆုံးရှုံးနိုင်ကြောင်းသိရှိရပါတယ်။ သြစတြေးလျနိုင်ငံမှ စားသုံးသူရေးရာအခွင့်အရေးကော်မရှင် (ACCC) က ကြော်ငြာသမားများ၊ Publisher များရဲ့ ဆုံးရှုံးမှုများအတွက် ဥပဒေအသစ်ကို အတည်ပြုရန် ပြင်ဆင်နေချိန်၌ Facebook က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး Facebook ရဲ့ ယခုလုပ်ရပ်အပေါ် ACCC ဘက်ကလည်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ACCC အနေဖြင့် Facebook၊ Google တို့နဲ့ စီးပွားရေးသမားများအကြား ပွင့်လင်းမြင်သာမှုရှိရေး ဥပဒေကို ပြဌာန်းရန် ပြင်ဆင်နေခြင်းဖြစ်ပြီး Facebook ရဲ့ သြစတြေးလျနိုင်ငံနဲ့  နယူးဇီလန်နိုင်ငံ အခြေပြု မန်နေးဂျင်းဒါရိုက်တာ Will Easton က ယခုလုပ်ရပ်သည် နိုင်ငံအတွင်းရှိ သတင်းအဖွဲ့အစည်းများကို  ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ ဒါ့အပြင် သြစတြေးလျနိုင်ငံအတွင်းရှိ သတင်းအဖွဲ့အစည်းများအနေဖြင့် Facebook ပေါ်သို့ မျှဝေမည့် သတင်းကဲ့သို့ အကြောင်းအရာများအတွက် အခကြေးငွေပေးချေရမည်ဟုလည်း Will Easton က အကျပ်ကိုင်ခဲ့ပါတယ်။

- Advertisement -

(၂၀၂၀) ခုနှစ်ရဲ့ ပထမ (၅) လတာကာလအတွင်း၌ သြစတြေးလျနို်င်ငံမှ သတင်းဝက်ဘ်ဆိုက်များအနေဖြင့်  Facebook မှတစ်ဆင့် လင့်ကလစ်ခ် (၂.၃) ဘီလီယံအထိ ရရှိခဲ့ကြောင်း Easton က ပြောကြားခဲ့ပြီး အကယ်၍သာ သြစတြေးလျနိုင်ငံအတွင်း သတင်းများမျှဝေခြင်းကို ပိတ်ပင်သည့် ဥပဒေအတည်ပြုခဲ့သည့်တိုင် မိသားစုဝင်များ၊ သူငယ်ချင်းများနဲ့ ဆက်သွယ်နိုင်ဦးမည်ဖြစ်ကြောင်း၊ ယခုရွေးချယ်မှုက မိမိတို့ရဲ့ ဦးစားပေးရွေးချယ်မှုမဟုတ်ဘဲ နောက်ဆုံးရွေးချယ်မှုတစ်ခုသာဖြစ်ကြောင်း Easton က တုံ့ပြန်ခဲ့ပါတယ်။

- Advertisement -

Facebook ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးကလည်း ယခုကဲ့သို့ မိမိတို့ကို ပိတ်ပင်ရန် ကြိုးပမ်းနေသည့်ကိစ္စနဲ့ ပတ်သက်၍ မကြာခင် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ကြေညာသွားမည်ဟု ပြောကြားခဲ့ပါတယ်။  အချို့သောစီးပွားရေးကျွမ်းကျင်သူများကမူ Publisher များအနေဖြင့် သတင်းများမျှဝေခြင်းအတွက် Facebook နဲ့ Google တို့ကို အခကြေးငွေ ပေးချေသင့်ကြောင်း၊ Facebook နဲ့ Google တို့သည် အချိန်ကာလအတန်ကြာ သူတို့ရဲ့ဝန်ဆောင်မှုတွေကို အခမဲ့ပေးခဲ့ကြောင်း ယူဆနေကြပါတယ်။

<Unicode Version>

 

 

သတင္းမွ်ေဝျခင္းကို တားျမစ္ပိတ္ပင္ေတာ့မည့္ Facebook

Facebook သည္ ၾသစေၾတးလ်ႏိုင္ငံ၌ သူတို႕ရဲ႕ ပလက္ေဖာင္းကိုအသုံးျပဳၿပီး သတင္းမ်ားမွ်ေဝေနျခင္းကို ပိတ္ပင္ရန္ ျပင္ဆင္ေနေၾကာင္း သိရွိရပါတယ္။ ၾသစေၾတးလ်ႏိုင္ငံအတြင္းရွိ သတင္းဌာနမ်ားအေနျဖင့္ Facebook ေပၚမွတစ္ဆင့္ သတင္းမ်ားေရးသားတင္ဆက္ေနျခင္းအေပၚ Facebook က တားဆီးရန္ ျပင္ဆင္ေနျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္လအတြင္း၌လည္း အသုံးျပဳသူမ်ားအေနျဖင့္ ဝန္ေဆာင္မႈမ်ားကို သုံးစြဲရာ၌ ဆိုး႐ြားသည့္ရလဒ္မ်ားကို ရရွိလာႏိုင္ေၾကာင္း Google က သတိေပးခဲ့ပါတယ္။

Facebook အေနျဖင့္ ဥပေဒသမားမ်ား၊ နည္းပညာသမားမ်ားနဲ႔ တင္းမာမႈမ်ားရွိလာၿပီးေနာက္ ယခုကဲ့သို႔  စတင္တင္းက်ပ္လာခဲ့ျခင္းျဖစ္ၿပီး ယခုဥပေဒသာအတည္ျဖစ္ခဲ့ပါက ၾသစေၾတးလ်ႏိုင္ငံသားမ်ားအေနျဖင့္ Facebook ေပၚမွတစ္ဆင့္ သတင္းမ်ားမွ်ေဝခြင့္ဆုံးရႈံးႏိုင္ေၾကာင္းသိရွိရပါတယ္။ ၾသစေၾတးလ်ႏိုင္ငံမွ စားသုံးသူေရးရာအခြင့္အေရးေကာ္မရွင္ (ACCC) က ေၾကာ္ျငာသမားမ်ား၊ Publisher မ်ားရဲ႕ ဆုံးရႈံးမႈမ်ားအတြက္ ဥပေဒအသစ္ကို အတည္ျပဳရန္ ျပင္ဆင္ေနခ်ိန္၌ Facebook က ယခုကဲ့သို႔ တုံ႔ျပန္ခဲ့ျခင္းျဖစ္ၿပီး Facebook ရဲ႕ ယခုလုပ္ရပ္အေပၚ ACCC ဘက္ကလည္း ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

ACCC အေနျဖင့္ Facebook၊ Google တို႔နဲ႔ စီးပြားေရးသမားမ်ားအၾကား ပြင့္လင္းျမင္သာမႈရွိေရး ဥပေဒကို ျပဌာန္းရန္ ျပင္ဆင္ေနျခင္းျဖစ္ၿပီး Facebook ရဲ႕ ၾသစေၾတးလ်ႏိုင္ငံနဲ႔  နယူးဇီလန္ႏိုင္ငံ အေျချပဳ မန္ေနးဂ်င္းဒါ႐ိုက္တာ Will Easton က ယခုလုပ္ရပ္သည္ ႏိုင္ငံအတြင္းရွိ သတင္းအဖြဲ႕အစည္းမ်ားကို  ထိခိုက္ေစႏိုင္ေၾကာင္း သတိေပးခဲ့ပါတယ္။ ဒါ့အျပင္ ၾသစေၾတးလ်ႏိုင္ငံအတြင္းရွိ သတင္းအဖြဲ႕အစည္းမ်ားအေနျဖင့္ Facebook ေပၚသို႔ မွ်ေဝမည့္ သတင္းကဲ့သို႔ အေၾကာင္းအရာမ်ားအတြက္ အခေၾကးေငြေပးေခ်ရမည္ဟုလည္း Will Easton က အက်ပ္ကိုင္ခဲ့ပါတယ္။

- Advertisement -

(၂၀၂၀) ခုႏွစ္ရဲ႕ ပထမ (၅) လတာကာလအတြင္း၌ ၾသစေၾတးလ်ႏို္င္ငံမွ သတင္းဝက္ဘ္ဆိုက္မ်ားအေနျဖင့္  Facebook မွတစ္ဆင့္ လင့္ကလစ္ခ္ (၂.၃) ဘီလီယံအထိ ရရွိခဲ့ေၾကာင္း Easton က ေျပာၾကားခဲ့ၿပီး အကယ္၍သာ ၾသစေၾတးလ်ႏိုင္ငံအတြင္း သတင္းမ်ားမွ်ေဝျခင္းကို ပိတ္ပင္သည့္ ဥပေဒအတည္ျပဳခဲ့သည့္တိုင္ မိသားစုဝင္မ်ား၊ သူငယ္ခ်င္းမ်ားနဲ႔ ဆက္သြယ္ႏိုင္ဦးမည္ျဖစ္ေၾကာင္း၊ ယခုေ႐ြးခ်ယ္မႈက မိမိတို႔ရဲ႕ ဦးစားေပးေ႐ြးခ်ယ္မႈမဟုတ္ဘဲ ေနာက္ဆုံးေ႐ြးခ်ယ္မႈတစ္ခုသာျဖစ္ေၾကာင္း Easton က တုံ႔ျပန္ခဲ့ပါတယ္။

Facebook ရဲ႕ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္တစ္ဦးကလည္း ယခုကဲ့သို႔ မိမိတို႔ကို ပိတ္ပင္ရန္ ႀကိဳးပမ္းေနသည့္ကိစၥနဲ႔ ပတ္သက္၍ မၾကာခင္ အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ျပန္ေၾကညာသြားမည္ဟု ေျပာၾကားခဲ့ပါတယ္။  အခ်ိဳ႕ေသာစီးပြားေရးကြၽမ္းက်င္သူမ်ားကမူ Publisher မ်ားအေနျဖင့္ သတင္းမ်ားမွ်ေဝျခင္းအတြက္ Facebook နဲ႔ Google တို႔ကို အခေၾကးေငြ ေပးေခ်သင့္ေၾကာင္း၊ Facebook နဲ႔ Google တို႔သည္ အခ်ိန္ကာလအတန္ၾကာ သူတို႔ရဲ႕ဝန္ေဆာင္မႈေတြကို အခမဲ့ေပးခဲ့ေၾကာင္း ယူဆေနၾကပါတယ္။

<Zawgyi Version>

 

Source ~ bbc

#HM(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twenty + 20 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...