HomeHome & Propertyရန်ကုန်မြို့မှစီမံကိန်းကြီး (၂) ခုအတွက် ရင်းနှီးမြှုပ်နှံသွားမည့် Colliers

ရန်ကုန်မြို့မှစီမံကိန်းကြီး (၂) ခုအတွက် ရင်းနှီးမြှုပ်နှံသွားမည့် Colliers

- Advertisement -

Colliers International Myanmar သည် Developer Noble Twin Dragons နဲ့ ပူးပေါင်းကာ Pyay Tower နဲ့ Pyay Residences တို့၌ ရင်းနှီးမြှုပ်နှံရန် သဘောတူညီမှုစာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ကြောင်း သိရှိရပါတယ်။ Colliers အနေဖြင့် မြေဧက (၂.၁၆) ဧက ကျယ်ဝန်းသည့်နေရာ၌ တည်ရှိသည့် Pyay Tower ၌ ရင်းနှီးမြှုပ်နှံသွားမည့်အပြင် (၁၈) ထပ်အမြင့်ရှိ Grade A အဆင့် Pyay Residences တို့၌  ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပါတယ်။

Pyay Residences ၌ စျေးဝယ်စင်တာ (၅) ထပ်ပါဝင်မည်ဖြစ်ပြီး တိုက်ခန်းပေါင်း (၂၁၉) ခန်းပါဝင်ကာ Pyay Tower နဲ့ ပူးတွဲတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ လက်ရှိအချိန်၌လည်း တိုက်ခန်းများကို ငှားရမ်းရန်နဲ့  ရောင်းချရန် ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။ Noble Twin Dragons သည် နာမည်ကျော် Ruby Dragon ကုမ္ပဏီအုပ်စုရဲ့ လက်အောက်၌တည်ရှိပြီး ပြီးခဲ့သည့်နှစ်များအတွင်းမှ အိမ်ခြံမြေစျေးကွက်သို့ ထိုးဖောက်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ Colliers မှ မန်နေးဂျင်းဒါရိုက်တာ Karlo Pobre နဲ့ Noble Twin Dragons ရဲ့ အမှုဆောင်အရာရှိချုပ် Jennifer Janeth တို့သည် ပြီးခဲ့သည့် သြဂုတ်လ (၂၀) ရက်နေ့က Noble Twin Dragons ရုံးချုပ်၌ ပူးပေါင်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ယခုစီမံကိန်းရဲ့ အဓိကရည်မှန်းချက်က ရန်ကုန်မြို့မြောက်ပိုင်းရှိ ပြည်လမ်းတစ်လျှောက်၌ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်သည်ဟု Karlo Pobre က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Noble Twin Dragons ရဲ့ အမှုဆောင်အရာရှိချုပ် Janeth ကလည်း ယခုကဲ့သို့ Colliers နဲ့ ပူးပေါင်းဖြစ်ခဲ့သည့်အပေါ် စိတ်လှုပ်ရှားမိကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ Colliers အနေဖြင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပေါင်း (၆၀) ကျော်ကို ပြုလုပ်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း (၉၀၀) ကျော်ဖိုးအထိ ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်ပါတယ်။ Colliers အနေဖြင့် စီမံကိန်းများ၊ ဟိုတယ်များ၊ အပန်းဖြေစီမံကိန်းများ၊ တိုက်ခန်းများအပြင် စီးပွားရေးနဲ့စက်မှုဇုန်များ၌ အဓိကရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

ရန္ကုန္ၿမိဳ႕မွစီမံကိန္းႀကီး (၂) ခုအတြက္ ရင္းႏွီးျမွဳပ္ႏွံသြားမည့္ Colliers

Colliers International Myanmar သည္ Developer Noble Twin Dragons နဲ႔ ပူးေပါင္းကာ Pyay Tower နဲ႔ Pyay Residences တို႔၌ ရင္းႏွီးျမွဳပ္ႏွံရန္ သေဘာတူညီမႈစာခ်ဳပ္တစ္ရပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရွိရပါတယ္။ Colliers အေနျဖင့္ ေျမဧက (၂.၁၆) ဧက က်ယ္ဝန္းသည့္ေနရာ၌ တည္ရွိသည့္ Pyay Tower ၌ ရင္းႏွီးျမွဳပ္ႏွံသြားမည့္အျပင္ (၁၈) ထပ္အျမင့္ရွိ Grade A အဆင့္ Pyay Residences တို႔၌  ရင္းႏွီးျမွဳပ္ႏွံသြားမည္ ျဖစ္ပါတယ္။

Pyay Residences ၌ ေစ်းဝယ္စင္တာ (၅) ထပ္ပါဝင္မည္ျဖစ္ၿပီး တိုက္ခန္းေပါင္း (၂၁၉) ခန္းပါဝင္ကာ Pyay Tower နဲ႔ ပူးတြဲတည္ေဆာက္ထားျခင္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္၌လည္း တိုက္ခန္းမ်ားကို ငွားရမ္းရန္နဲ႔  ေရာင္းခ်ရန္ ျပင္ဆင္ေနၿပီလည္းျဖစ္ပါတယ္။ Noble Twin Dragons သည္ နာမည္ေက်ာ္ Ruby Dragon ကုမၸဏီအုပ္စုရဲ႕ လက္ေအာက္၌တည္ရွိၿပီး ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္းမွ အိမ္ၿခံေျမေစ်းကြက္သို႔ ထိုးေဖာက္ဝင္ေရာက္လာခဲ့ျခင္းျဖစ္ပါတယ္။ Colliers မွ မန္ေနးဂ်င္းဒါရိုက္တာ Karlo Pobre နဲ႔ Noble Twin Dragons ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Jennifer Janeth တို႔သည္ ၿပီးခဲ့သည့္ ၾသဂုတ္လ (၂၀) ရက္ေန႔က Noble Twin Dragons ရုံးခ်ဳပ္၌ ပူးေပါင္းေရးစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

ယခုစီမံကိန္းရဲ႕ အဓိကရည္မွန္းခ်က္က ရန္ကုန္ၿမိဳ႕ေျမာက္ပိုင္းရွိ ျပည္လမ္းတစ္ေလွ်ာက္၌ စီးပြားေရးလုပ္ငန္းမ်ား ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေစရန္ျဖစ္သည္ဟု Karlo Pobre က ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ Noble Twin Dragons ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Janeth ကလည္း ယခုကဲ့သို႔ Colliers နဲ႔ ပူးေပါင္းျဖစ္ခဲ့သည့္အေပၚ စိတ္လႈပ္ရွားမိေၾကာင္း ဖြင့္ဟေျပာၾကားခဲ့ပါတယ္။ Colliers အေနျဖင့္ ျမန္မာႏိုင္ငံအတြင္း ရင္းႏွီးျမွဳပ္ႏွံမႈေပါင္း (၆၀) ေက်ာ္ကို ျပဳလုပ္ခဲ့ၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာသန္းေပါင္း (၉၀၀) ေက်ာ္ဖိုးအထိ ရင္းႏီွးျမွဳပ္ႏွံခဲ့ၿပီးျဖစ္ပါတယ္။ Colliers အေနျဖင့္ စီမံကိန္းမ်ား၊ ဟိုတယ္မ်ား၊ အပန္းေျဖစီမံကိန္းမ်ား၊ တိုက္ခန္းမ်ားအျပင္ စီးပြားေရးနဲ႔စက္မႈဇုန္မ်ား၌ အဓိကရင္းႏွီးျမွဳပ္ႏွံထားေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

- Advertisement -

Source ~ Mingalarrealestate

#HM(Soshwe)

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 + 14 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...