HomeSportယခုနွေရာသီအပြောင်းအရွှေ့အတွက် ပထမဆုံးကစားသမားခေါ်ယူမှုပြုလုပ်ခဲ့သည့် ယူနိုက်တက်။

ယခုနွေရာသီအပြောင်းအရွှေ့အတွက် ပထမဆုံးကစားသမားခေါ်ယူမှုပြုလုပ်ခဲ့သည့် ယူနိုက်တက်။

- Advertisement -

ယူနိုက်တက်အသင်းသည် အေဂျက်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။ အသက် (၂၃) နှစ်အရွယ် အဆိုပါ နယ်သာလန် လက်ရွေးစင်ကွင်းလယ်လူသည် အေဂျက်စ်အသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းများကို ပြသထားပြီး ဥရောပထိပ်တန်းအသင်းကြီးများရဲ့ စိတ်ဝင်စားမှုကိုခံခဲ့ရသည့် ကစားသမားဖြစ်ပါတယ်။ ဗန်ဒီဘိခ်အနေဖြင့် စပိန်အင်အားကြီးကလပ် ရီးရဲယ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ရန် ပြီးခဲ့သည့်  ဆောင်းရာသီအပြောင်းအရွှေ့တည်းက သဘောတူညီမှုရရှိခဲ့ပေမယ့် လက်ရှိအချိန်အထိ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ဘဲ ကစားသမားကိုယ်တိုင်က ယူနိုက်တက်အသင်းကိုသာ လိုလိုလားလား  ရွေးချယ်သွားခဲ့ခြင်းဖြစ်ပါတယ်။

ဗန်ဒီဘိခ်ကိုခေါ်ယူရန် ဘာစီလိုနာအသင်းကလည်း အပြိုင်အဆိုင်ဖြစ်ခဲ့ပေမယ့် ဗန်ဒီဘိခ်အနေဖြင့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ရန်အတွက် စိတ်အားထက်သန်နေခဲ့ပြီး ယူနိုက်တက်အသင်းဘက်က တရားဝင်ကမ်းလှမ်းချိန်၌ အေဂျက်စ်အသင်းက ချက်ချင်းလက်ခံခဲ့ခြင်းဖြစ်ပါတယ်။ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်က ဗန်ဒီဘိိခ်ရဲ့အနာဂတ်အတွက် ဆုတောင်းစကားပြောကြားခဲ့ပြီး အေဂျက်စ်အသင်းရဲ့ အမှုဆောင်အရာရှိချုပ်လည်းဖြစ်၊ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ဂိုးသမားဟောင်းကြီးလည်းဖြစ်ခဲ့သည့် ဗန်ဒါးဆားက ဗန်ဒီဘိခ်ရဲ့ အပြောင်းအရွှေ့ကို လျင်လျင်မြန်မြန်နဲ့ အပြီးသတ်နိုင်ရန် အကူအညီပေးခဲ့ပါတယ်။

- Advertisement -

ဗန်ဒီဘိခ်အတွက် ယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) ပေးချေရမည်ဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် (၇,၅၀၀၀) ဖြင့် (၅) နှစ် စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအနေဖြင့် ဗန်ဒီဘိခ်ကိုခေါ်ယူပြီးသည့်တိုင် မိမိတို့ရဲ့ထိပ်တန်းပစ်မှတ်ကစားသမားတစ်ဦးဖြစ်သည့် ဆန်ချိုကိုခေါ်ယူနိုင်ရန် ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး ဒေါ့မွန်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၂၀) သတ်မှတ်ထားသည့် အဆိုပါကစားသမားအတွက် ဆွေးနွေးမှုများဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

- Advertisement -

ယူနိုက်တက်နည်းပြဆိုးလ်ရှားကလည်း ဗန်ဒီဘိခ်ကိုခေါ်ယူပြီးသည့်တိုင် ညာတောင်ပံတိုက်စစ်နေရာအတွက် ဆန်ချို၊ ဗဟိုနောက်ခံလူနေရာအတွက် လိုက်ပ်ဇစ်နောက်ခံလူ ယူပါမီကာနိုတို့ကို ထပ်မံခေါ်ယူရန် စိတ်ဝင်စားနေဆဲဖြစ်ပြီး ဗဟိုတိုက်စစ်မှူးတစ်ဦးထပ်မံခေါ်ယူရန်အတွက်လည်း အသင်းထံသို့  တောင်းဆိုထားကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

 

ယခုေႏြရာသီအေျပာင္းအေရႊ႕အတြက္ ပထမဆုံးကစားသမားေခၚယူမႈျပဳလုပ္ခဲ့သည့္ ယူႏိုက္တက္။

ယူႏိုက္တက္အသင္းသည္ ေအဂ်က္စ္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ကို ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ အသက္ (၂၃) ႏွစ္အရြယ္ အဆိုပါ နယ္သာလန္ လက္ေရြးစင္ကြင္းလယ္လူသည္ ေအဂ်က္စ္အသင္းနဲ႔အတူ အေကာင္းဆုံးေျခစြမ္းမ်ားကို ျပသထားၿပီး ဥေရာပထိပ္တန္းအသင္းႀကီးမ်ားရဲ႕ စိတ္ဝင္စားမႈကိုခံခဲ့ရသည့္ ကစားသမားျဖစ္ပါတယ္။ ဗန္ဒီဘိခ္အေနျဖင့္ စပိန္အင္အားႀကီးကလပ္ ရီးရဲယ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ရန္ ၿပီးခဲ့သည့္  ေဆာင္းရာသီအေျပာင္းအေရႊ႕တည္းက သေဘာတူညီမႈရရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ အေျပာင္းအေရႊ႕မျဖစ္ေျမာက္ခဲ့ဘဲ ကစားသမားကိုယ္တိုင္က ယူႏိုက္တက္အသင္းကိုသာ လုိလိုလားလား  ေရြးခ်ယ္သြားခဲ့ျခင္းျဖစ္ပါတယ္။

ဗန္ဒီဘိခ္ကိုေခၚယူရန္ ဘာစီလိုနာအသင္းကလည္း အၿပိဳင္အဆိုင္ျဖစ္ခဲ့ေပမယ့္ ဗန္ဒီဘိခ္အေနျဖင့္ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ရန္အတြက္ စိတ္အားထက္သန္ေနခဲ့ၿပီး ယူႏိုက္တက္အသင္းဘက္က တရားဝင္ကမ္းလွမ္းခ်ိန္၌ ေအဂ်က္စ္အသင္းက ခ်က္ခ်င္းလက္ခံခဲ့ျခင္းျဖစ္ပါတယ္။ ေအဂ်က္စ္နည္းျပ အဲရစ္တန္ဟက္ခ္က ဗန္ဒီဘိိခ္ရဲ႕အနာဂတ္အတြက္ ဆုေတာင္းစကားေျပာၾကားခဲ့ၿပီး ေအဂ်က္စ္အသင္းရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္လည္းျဖစ္၊ ယူႏိုက္တက္အသင္းရဲ႕ ဂႏၱဝင္ဂိုးသမားေဟာင္းႀကီးလည္းျဖစ္ခဲ့သည့္ ဗန္ဒါးဆားက ဗန္ဒီဘိခ္ရဲ႕ အေျပာင္းအေရႊ႕ကို လ်င္လ်င္ျမန္ျမန္နဲ႔ အၿပီးသတ္ႏိုင္ရန္ အကူအညီေပးခဲ့ပါတယ္။

ဗန္ဒီဘိခ္အတြက္ ယူႏိုက္တက္အသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၄၀) ေပးေခ်ရမည္ျဖစ္ၿပီး တစ္ပတ္လုပ္ခေပါင္ (၇,၅၀၀၀) ျဖင့္ (၅) ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုသြားမည္ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအေနျဖင့္ ဗန္ဒီဘိခ္ကိုေခၚယူၿပီးသည့္တုိင္ မိမိတို႔ရဲ႕ထိပ္တန္းပစ္မွတ္ကစားသမားတစ္ဦးျဖစ္သည့္ ဆန္ခ်ိဳကိုေခၚယူႏိုင္ရန္ ဆက္လက္ေဆြးေႏြးေနဆဲျဖစ္ၿပီး ေဒါ့မြန္အသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၁၂၀) သတ္မွတ္ထားသည့္ အဆိုပါကစားသမားအတြက္ ေဆြးေႏြးမႈမ်ားဆက္လက္ျပဳလုပ္ေနဆဲျဖစ္ပါတယ္။

ယူႏိုက္တက္နည္းျပဆိုးလ္ရွားကလည္း ဗန္ဒီဘိခ္ကိုေခၚယူၿပီးသည့္တိုင္ ညာေတာင္ပံတိုက္စစ္ေနရာအတြက္ ဆန္ခ်ိဳ၊ ဗဟိုေနာက္ခံလူေနရာအတြက္ လိုက္ပ္ဇစ္ေနာက္ခံလူ ယူပါမီကာႏိုတုိ႔ကို ထပ္မံေခၚယူရန္ စိတ္ဝင္စားေနဆဲျဖစ္ၿပီး ဗဟိုတိုက္စစ္မွဴးတစ္ဦးထပ္မံေခၚယူရန္အတြက္လည္း အသင္းထံသို႔  ေတာင္းဆိုထားေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read