HomeOtherစွန်နဲ့အတူ ဝေဟင်ထဲပါသွားခဲ့သည့် ကလေးငယ်တစ်ဦး။

စွန်နဲ့အတူ ဝေဟင်ထဲပါသွားခဲ့သည့် ကလေးငယ်တစ်ဦး။

- Advertisement -

အသက် (၃) နှစ်အရွယ် ကလေးငယ်လေးတစ်ဦး စွန်နဲ့အတူ လေထဲသို့ ပေ (၁၀၀) ခန့်အထိ လွင့်ပါသွားခဲ့သည့်ဖြစ်ရပ် ထိုင်ဝမ်နိုင်ငံ၌ ဖြစ်ပွားခဲ့ပါတယ်။ ဒေသခံမီဒီယာများရဲ့အဆိုအရ ပင်လယ်ကမ်းခြေမြို့တစ်မြို့ဖြစ်သည့် Nanlioao ၌ ကျင်းပပြုလုပ်ခဲ့သည့် ပွဲတော်တစ်ခုတွင် အဆိုပါကလေးငယ်လေးဟာ မမျှော်လင့်ဘဲ လေပြင်းတိုက်ခတ်သည့်အချိန်၌ ကလေးငယ်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုက စွန်နဲ့အတူ ငြိပါသွားခြင်းဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံအခြေစိုက် အာရှစွန်အဖွဲ့အစည်းရဲ့ အထွေထွေအတွင်းရေးမှူးတစ်ဦးဖြစ်သူ Ko- Fang က အဆိုပါပွဲတော်၌ စွန်များကို ချိုချဉ်များသယ်ဆောင်နိုင်ရေးအတွက် စီစဉ်ထားကြောင်း၊ အဆိုပါစွန်များကို ကလေးငယ်များ လက်လှမ်းမီရုံအနေအထား၌သာ ဝဲပျံနိုင်ရန် စီမံထားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ လေတိုက်နှုန်းပြင်းထန်သွားခဲ့ခြင်းဖြစ်ပြီး Beaufort Scale ကလည်း အဆင့် (၇) အထိ   ရောက်ရှိသွားခဲ့သည်ဟု ဖြေရှင်းခဲ့ပါတယ်။

- Advertisement -

- Advertisement -

ယခုဖြစ်ရပ်ကြောင့် အဆိုပါပွဲတော်ကို လာရောက်သူအများအပြား အထိတ်တလန့်ဖြစ်ခဲ့ရပေမယ့် အဆိုပါကလေးငယ်မှာမူ ကြီးကြီးမားမားထိခိုက်မိခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။ ဒါပေမယ့် မိဘများမှာမူ အဆိုပါဖြစ်ရပ်ကြောင့် မိမိတို့ရဲ့ ရင်သွေးငယ်လေးများအတွက် အထူးစိုးရိမ်ခဲ့ကြပြီး မျက်မြင်သက်သေတစ်ဦးကမူ အဆိုပါပွဲတော်၌ ကလေးငယ်များကို အထူးဂရုစိုက်ကြရန် လူမှုကွန်ရက်မှတစ်ဆင့် သတိပေးပြောကြားခဲ့ပါတယ်။

ကလေးငယ်လေးအနေဖြင့် စွန်နဲ့အတူ စက္ကန့် (၃၀) ကြာ ပျံဝဲနေခဲ့ပြီး ကလေးငယ်လေးရဲ့လက်မောင်း၌ ချည်မိလျက်သားဖြစ်နေသောစွန်ကို ပွဲတော်သို့ရောက်ရှိနေသည့် လူအုပ်ကြီးကဝိုင်းဝန်းဖြေပေးခဲ့ရပါတယ်။ အာဏာပိုင်များကမူ အသက် (၃) နှစ်အရွယ် ကလေးငယ်လေးရဲ့ လည်ပင်းနဲ့မျက်နှာတို့၌ အနည်းငယ်ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါပွဲတော်ကို စီစဉ်သည့် မြို့တော်ဝန် Lin Chih-Chien က ယခုဖြစ်ရပ်အတွက် ပြည်သူလူထုကို    တောင်းပန်စကားပြောကြားခဲ့ပြီး ယခုကဲ့သို့ထပ်မံမဖြစ်ပွားရန် စုံစမ်းစစ်ဆေးမှုများ  ပြုလုပ်သွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့ပါတယ်။

<Unicode Version>

 

#soshwenews

- Advertisement -

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

one × five =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...