HomeSportဂွါဒီယိုလာနဲ့မက်ဆီတို့ ဒုတိယအကြိမ်ပြန်လည်ပေါင်းစည်းဖြစ်တော့မှာလား ? ? ?

ဂွါဒီယိုလာနဲ့မက်ဆီတို့ ဒုတိယအကြိမ်ပြန်လည်ပေါင်းစည်းဖြစ်တော့မှာလား ? ? ?

- Advertisement -

မန်စီးတီးအသင်းသည် ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်ကစားသမား မက်ဆီကိုခေါ်ယူနိုင်ရန် ရေပန်းစားနေပြီးနောက် အသင်းရဲ့နည်းပြ ဂွါဒီယိုလာကိုပါ စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ မက်ဆီက ဘာစီလိုနာအသင်းမှထွက်ခွာရန် တောင်းဆိုခဲ့ပြီးနောက် အသင်းရဲ့ရာသီကြိုအစီအစဉ်များအတွက် လာရောက်ပူးပေါင်းတော့ခြင်းမရှိဘဲ အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုရန် ဘာစီလိုနာအသင်းထံသို့ တရားဝင်ဖက်စ်ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။

တိုက်ဆိုင်စွာနဲ့ပဲ ဘာစီလိုနာနဲ့မက်ဆီတို့အကြား အပြောင်းအရွှေ့သတင်းများ လှုပ်ခတ်နေချိန်၌ ဂွါဒီယိုလာက ဘာစီလိုနာမြို့သို့ရောက်ရှိနေခဲ့သလို မက်ဆီရဲ့ဖခင်ဖြစ်သူကလည်း မန်ချက်စတာမြို့သို့ရောက်ရှိနေခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိအချိန်၌ မက်ဆီက အသက် (၃၃) နှစ်အရွယ်ရှိလာခဲ့ပြီး မိမိရဲ့ကစားသမားဘဝ နေဝင်ချိန်မရောက်ခင် စိန်ခေါ်မှုအသစ်များကို ရှာဖွေရန်ဆန္ဒရှိလာခဲ့သလို မန်စီးတီးအသင်းကလည်း အဆိုပါအချက်ကို အသုံးချကာ ဂွါဒီယိုလာကိုပါ အသင်း၌ ဆက်လက်ထိန်းသိမ်းထားရန် ပြင်ဆင်လာခြင်းဖြစ်ပါတယ်။

ဂွါဒီယိုလာနဲ့မက်ဆီတို့နှစ်ဦးသည် ဘာစီလိုနာအသင်း၌ အတူတကွလက်တွဲခဲ့ကြဖူးပြီး ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့ဖူးရာ မန်စီးတီးအသင်းတာဝန်ရှိသူများက မိမိတို့ရဲ့အသင်းကို တစ်ချိန်ကဘာစီလိုနာကဲ့သို့ ခေတ်တစ်ခေတ်တည်ထောင်နိုင်ရန် ဆန္ဒရှိနေကြခြင်းဖြစ်ပါတယ်။ မက်ဆီနဲ့ဘာစီလိုနာအသင်းတို့အကြား စာချုပ်သက်တမ်းက လာမယ့် (၂၀၂၁) ခုနှစ်အထိ ကျန်ရှိနေဆဲဖြစ်ပေမယ့် စာချုပ်အတွင်း၌ (၂၀၂၀) ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့မတိုင်ခင် မက်ဆီအနေဖြင့် အသင်းမှအလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာနိုင်ကြောင်း ထည့်သွင်းချုပ်ဆိုထားပါတယ်။

- Advertisement -

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးရာသီအဆုံးသတ်ချိန် နောက်ကျခဲ့ပြီးနောက် မက်ဆီအနေဖြင့် အဆိုပါစာချုပ်ပါအချက်အလက်က ယခုအချိန်အထိ အကျုံးဝင်သည်ဟုယူဆကာ ဘာစီလိုနာအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန်ပြင်ဆင်လာခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဘက်က မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ခံမည်မဟုတ်သလို လာလီဂါဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း မက်ဆီနဲ့ဘာစီလိုနာအသင်းတို့အကြား ပေါင်သန်း (၇၀၀) တန် စာချုပ်က ယခုအချိန်အထိ အကျုံးဝင်နေဆဲဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

- Advertisement -

ဘာစီလိုနာအသင်းရဲ့နည်းပြသစ်ဖြစ်လာသည့် ရော်နယ်ကိုးမန်းနဲ့မက်ဆီတို့ဆွေးနွေးပြီးချိန်၌ မက်ဆီအနေဖြင့် ယခုကဲ့သို့ အသင်းမှထွက်ခွာရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သလို ရော်နယ်ကိုးမန်းအနေဖြင့် အသင်းရဲ့ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်ကိုပါ အသင်းမှရှင်းထုတ်ပစ်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။ မန်စီးတီးအသင်း၌မူ နည်းပြဂွါဒီယိုလာရဲ့အနာဂတ်က မငြိမ်မသက်ဖြစ်နေရာ မက်ဆီကိုသာခေါ်ယူနိုင်ခဲ့မည်ဆိုပါက ဂွါဒီယိုလာအနေဖြင့် အသင်းနဲ့နောက်ထပ် (၃) နှစ် စာချုပ်သက်တမ်းတိုးမည်ဟု မန်စီးတီးအသင်းတာဝန်ရှိသူများက ယူဆထားခြင်းကြောင့် တစ်ချိန်ကဘာစီလိုနာအသင်းမှာ လက်တွဲညီခဲ့သည့် ဂွွါဒီယိုလာနဲ့မက်ဆီတို့နှစ်ဦး မန်စီးတီးအသင်းမှာ ပြန်လည်ပေါင်းစည်းဖြစ်မလားဆိုခြင်းကိုမူ ပရိသတ်များက စိတ်ဝင်တစားစောင့်ကြည့်နေကြပြီဖြစ်ပါတယ်။

<Unicode Version>

 

 

ဂြါဒီယိုလာနဲ႔မက္ဆီတို႔ ဒုတိယအႀကိမ္ျပန္လည္ေပါင္းစည္းျဖစ္ေတာ့မွာလား ? ? ?

မန္စီးတီးအသင္းသည္ ဘာစီလိုနာအသင္းရဲ႕ၾကယ္ပြင့္ကစားသမား မက္ဆီကိုေခၚယူနိုင္ရန္ ေရပန္းစားေနၿပီးေနာက္ အသင္းရဲ႕နည္းျပ ဂြါဒီယိုလာကိုပါ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ျပင္ဆင္ထားေၾကာင္း သိရွိရပါတယ္။ မက္ဆီက ဘာစီလိုနာအသင္းမွထြက္ခြာရန္ ေတာင္းဆိုခဲ့ၿပီးေနာက္ အသင္းရဲ႕ရာသီႀကိဳအစီအစဥ္မ်ားအတြက္ လာေရာက္ပူးေပါင္းေတာ့ျခင္းမရွိဘဲ အသင္းမွ အလြတ္ေျပာင္းေရႊ႕ေၾကးျဖင့္ ထြက္ခြာခြင့္ျပဳရန္ ဘာစီလိုနာအသင္းထံသို႔ တရားဝင္ဖက္စ္ေပးပို႔ခဲ့ၿပီးျဖစ္ပါတယ္။

တိုက္ဆိုင္စြာနဲ႔ပဲ ဘာစီလိုနာနဲ႔မက္ဆီတို႔အၾကား အေျပာင္းအေရႊ႕သတင္းမ်ား လႈပ္ခတ္ေနခ်ိန္၌ ဂြါဒီယိုလာက ဘာစီလိုနာၿမိဳ႕သို႔ေရာက္ရွိေနခဲ့သလို မက္ဆီရဲ႕ဖခင္ျဖစ္သူကလည္း မန္ခ်က္စတာၿမိဳ႕သို႔ေရာက္ရွိေနခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ပါတယ္။ လက္ရွိအခ်ိန္၌ မက္ဆီက အသက္ (၃၃) ႏွစ္အရြယ္ရွိလာခဲ့ၿပီး မိမိရဲ႕ကစားသမားဘဝ ေနဝင္ခ်ိန္မေရာက္ခင္ စိန္ေခၚမႈအသစ္မ်ားကို ရွာေဖြရန္ဆႏၵရွိလာခဲ့သလို မန္စီးတီးအသင္းကလည္း အဆိုပါအခ်က္ကို အသုံးခ်ကာ ဂြါဒီယိုလာကိုပါ အသင္း၌ ဆက္လက္ထိန္းသိမ္းထားရန္ ျပင္ဆင္လာျခင္းျဖစ္ပါတယ္။

ဂြါဒီယိုလာနဲ႔မက္ဆီတုိ႔ႏွစ္ဦးသည္ ဘာစီလိုနာအသင္း၌ အတူတကြလက္တြဲခဲ့ၾကဖူးၿပီး ေဘာလုံးေလာကကို လႊမ္းမိုးႏိုင္ခဲ့ဖူးရာ မန္စီးတီးအသင္းတာဝန္ရွိသူမ်ားက မိမိတို႔ရဲ႕အသင္းကို တစ္ခ်ိန္ကဘာစီလိုနာကဲ့သို႔ ေခတ္တစ္ေခတ္တည္ေထာင္ႏိုင္ရန္ ဆႏၵရွိေနၾကျခင္းျဖစ္ပါတယ္။ မက္ဆီနဲ႔ဘာစီလိုနာအသင္းတို႔အၾကား စာခ်ဳပ္သက္တမ္းက လာမယ့္ (၂၀၂၁) ခုႏွစ္အထိ က်န္ရွိေနဆဲျဖစ္ေပမယ့္ စာခ်ဳပ္အတြင္း၌ (၂၀၂၀) ခုႏွစ္၊ ဇြန္လ (၁၀) ရက္ေန႔မတိုင္ခင္ မက္ဆီအေနျဖင့္ အသင္းမွအလြတ္ေျပာင္းေရႊ႕ေၾကးျဖင့္ ထြက္ခြာႏိုင္ေၾကာင္း ထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

- Advertisement -

ဒါေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေဘာလံုးရာသီအဆုံးသတ္ခ်ိန္ ေနာက္က်ခဲ့ၿပီးေနာက္ မက္ဆီအေနျဖင့္ အဆုိပါစာခ်ဳပ္ပါအခ်က္အလက္က ယခုအခ်ိန္အထိ အက်ံဳးဝင္သည္ဟုယူဆကာ ဘာစီလိုနာအသင္းမွ အလြတ္ေျပာင္းေရႊ႕ေၾကးျဖင့္ ထြက္ခြာရန္ျပင္ဆင္လာျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ ဘာစီလိုနာအသင္းဘက္က မက္ဆီကို အလြတ္ေျပာင္းေရႊ႕ေၾကးျဖင့္ လက္လႊတ္ခံမည္မဟုတ္သလို လာလီဂါေဘာလံုးအဖြဲ႕ခ်ဳပ္ဘက္ကလည္း မက္ဆီနဲ႔ဘာစီလိုနာအသင္းတို႔အၾကား ေပါင္သန္း (၇၀၀) တန္ စာခ်ဳပ္က ယခုအခ်ိန္အထိ အက်ံဳးဝင္ေနဆဲျဖစ္ေၾကာင္း တရားဝင္ေၾကညာခဲ့ပါတယ္။

ဘာစီလိုနာအသင္းရဲ႕နည္းျပသစ္ျဖစ္လာသည့္ ေရာ္နယ္ကိုးမန္းနဲ႔မက္ဆီတို႔ေဆြးေႏြးၿပီးခ်ိန္၌ မက္ဆီအေနျဖင့္ ယခုကဲ့သို႔ အသင္းမွထြက္ခြာရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္သလို ေရာ္နယ္ကိုးမန္းအေနျဖင့္ အသင္းရဲ႕ဝါရင့္တိုက္စစ္မွဴး ဆြာရက္ဇ္ကိုပါ အသင္းမွရွင္းထုတ္ပစ္ရန္ ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း သိရွိရပါတယ္။ မန္စီးတီးအသင္း၌မူ နည္းျပဂြါဒီယိုလာရဲ႕အနာဂတ္က မၿငိမ္မသက္ျဖစ္ေနရာ မက္ဆီကိုသာေခၚယူႏိုင္ခဲ့မည္ဆိုပါက ဂြါဒီယိုလာအေနျဖင့္ အသင္းနဲ႔ေနာက္ထပ္ (၃) ႏွစ္ စာခ်ဳပ္သက္တမ္းတိုးမည္ဟု မန္စီးတီးအသင္းတာဝန္ရွိသူမ်ားက ယူဆထားျခင္းေၾကာင့္ တစ္ခ်ိန္ကဘာစီလိုနာအသင္းမွာ လက္တြဲညီခဲ့သည့္ ဂြြါဒီယိုလာနဲ႔မက္ဆီတို႔ႏွစ္ဦး မန္စီးတီးအသင္းမွာ ျပန္လည္ေပါင္းစည္းျဖစ္မလားဆိုျခင္းကိုမူ ပရိသတ္မ်ားက စိတ္ဝင္တစားေစာင့္ၾကည့္ေနၾကၿပီျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 × five =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...