HomeEducationဆရာ၊ ဆရာမလိုအပ်ချက်မြင့်မားလာသည့် မြန်မာ့ပညာရေးစနစ်။

ဆရာ၊ ဆရာမလိုအပ်ချက်မြင့်မားလာသည့် မြန်မာ့ပညာရေးစနစ်။

- Advertisement -

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အတွက် ဆရာ၊ ဆရာမပေါင်း (၉၀,၀၀၀) ကျော်လိုအပ်လျက်ရှိကြောင်း သိရှိရပြီး ပညာရေးဝန်ကြီး ဦးမျိုးသိမ်းကြီးက သင်တန်းဆင်းပြီး ဆရာ၊ ဆရာမပေါင်း (၁၄,၃၈၈) အတွက် အလုပ်ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်သြဂုတ်လ (၂၁) ရက်နေ့၌ လွှတ်တော်သို့ပြောကြားခဲ့ပါတယ်။ ယခုပညာသင်နှစ်၌ အထက်တန်းကျောင်းများအတွက် ဆရာ၊ ဆရာမပေါင်း (၂၃၇၇) ယောက်၊ အလယ်တန်းကျောင်းများအတွက် ဆရာ၊ ဆရာမပေါင်း (၇၄၄၄) ယောက်နဲ့ မူလတန်းကျောင်းများအတွက် ဆရာ၊ ဆရာမပေါင်း (၄၅၆၇) ယောက် လိုအပ်နေကြောင်းလည်း ဦးမျိုးသိမ်းကြီးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ယခုနှစ်၌ ပညာရေးကောလိပ် (၂၅) ခုမှ ဘွဲ့ရ ဆရာ၊ ဆရာမပေါင်း (၁၉,၅၄၇) ယောက်ကို ခေါ်ယူခန့်အပ်သွားရန် ပြင်ဆင်ထားကြောင်းလည်း သိရှိရပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်သည် (၁၉၆၂) ခုနှစ်၌ ဗိုလ်ချုပ်နေဝင်း နိုင်ငံတော်အာဏာသိမ်းပြီးချိန်မှစတင်ကာကျဆင်းခဲ့ပြီး ယနေ့အချိန်အထိ ပြန်လည်ဦးမော့လာရန် ခက်ခက်ခဲခဲကြိုးစားရုန်းကန်နေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းပြီးနောက်ပိုင်း မြန်မာ့ပညာရေးစနစ်၌ တက်ရိပ်ပြလာခဲ့ပြီး Oxford မှ ထုတ်ပြန်သည့် မှတ်တမ်းအရ “မြန်မာ့ပညာရေးစနစ်က (၂၀၁၁) ခုနှစ်မှစတင်ပြီး အသွင်ကူးပြောင်းမှုတွေ မြင်တွေ့လာရပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံဖို့အတွက်တော့ လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်။” ဟု   ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကလည်း “မြန်မာနိုင်ငံမှာ စာမတတ်တဲ့သူတွေ အရမ်းကိုများပြားနေပါတယ်။ ဒါက ကျွန်တော်တို့ တိုင်းပြည်ရဲ့ပညာရေးစနစ်ကြောင့်ပါ။ စာမတတ်တဲ့သူတွေအနေနဲ့ ကိုယ်တိုင်ကျောင်းကိုသွား စာသင်ပြီး စာမေးပွဲဖြေသင့်ပါတယ်။ တကယ်လို့ သူတို့သာ စာတတ်မြောက်ကြမယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေ၊ စိန်ခေါ်မှုတွေ လွယ်လွယ်ကူကူနဲ့ နားလည်နိုင်ပါလိမ့်မယ်။” ဟု ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးညီလာခံ၌ ပြောကြားခဲ့ပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

ဆရာ၊ ဆရာမလိုအပ္ခ်က္ျမင့္မားလာသည့္ ျမန္မာ့ပညာေရးစနစ္။

ျမန္မာႏိုင္ငံရဲ႕ ပညာေရးစနစ္အတြက္ ဆရာ၊ ဆရာမေပါင္း (၉၀,၀၀၀) ေက်ာ္လိုအပ္လ်က္ရွိေၾကာင္း သိရွိရၿပီး ပညာေရးဝန္ႀကီး ဦးမ်ိဳးသိမ္းႀကီးက သင္တန္းဆင္းၿပီး ဆရာ၊ ဆရာမေပါင္း (၁၄,၃၈၈) အတြက္ အလုပ္ေခၚယူသြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ၾသဂုတ္လ (၂၁) ရက္ေန႔၌ လႊတ္ေတာ္သို႔ေျပာၾကားခဲ့ပါတယ္။ ယခုပညာသင္ႏွစ္၌ အထက္တန္းေက်ာင္းမ်ားအတြက္ ဆရာ၊ ဆရာမေပါင္း (၂၃၇၇) ေယာက္၊ အလယ္တန္းေက်ာင္းမ်ားအတြက္ ဆရာ၊ ဆရာမေပါင္း (၇၄၄၄) ေယာက္နဲ႔ မူလတန္းေက်ာင္းမ်ားအတြက္ ဆရာ၊ ဆရာမေပါင္း (၄၅၆၇) ေယာက္ လိုအပ္ေနေၾကာင္းလည္း ဦးမ်ိဳးသိမ္းႀကီးက ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ယခုႏွစ္၌ ပညာေရးေကာလိပ္ (၂၅) ခုမွ ဘြဲ႕ရ ဆရာ၊ ဆရာမေပါင္း (၁၉,၅၄၇) ေယာက္ကို ေခၚယူခန္႔အပ္သြားရန္ ျပင္ဆင္ထားေၾကာင္းလည္း သိရွိရပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ပညာေရးစနစ္သည္ (၁၉၆၂) ခုႏွစ္၌ ဗိုလ္ခ်ဳပ္ေနဝင္း ႏိုင္ငံေတာ္အာဏာသိမ္းၿပီးခ်ိန္မွစတင္ကာက်ဆင္းခဲ့ၿပီး ယေန႔အခ်ိန္အထိ ျပန္လည္ဦးေမာ့လာရန္ ခက္ခက္ခဲခဲႀကိဳးစားရုန္းကန္ေနရဆဲျဖစ္ပါတယ္။ ဒါေပမယ့္ ဒီမိုကေရစီစနစ္ကို အသြင္ေျပာင္းၿပီးေနာက္ပိုင္း ျမန္မာ့ပညာေရးစနစ္၌ တက္ရိပ္ျပလာခဲ့ၿပီး Oxford မွ ထုတ္ျပန္သည့္ မွတ္တမ္းအရ “ျမန္မာ့ပညာေရးစနစ္က (၂၀၁၁) ခုႏွစ္မွစတင္ၿပီး အသြင္ကူးေျပာင္းမႈေတြ ျမင္ေတြ႕လာရပါတယ္။ ဒါေပမယ့္ ၿပီးျပည့္စုံဖို႔အတြက္ေတာ့ လုပ္စရာေတြ အမ်ားႀကီးက်န္ပါေသးတယ္။” ဟု   ေဖာ္ျပခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ လက္ရွိကာကြယ္ေရးဦးစီးခ်ဳပ္ မင္းေအာင္လိႈင္ကလည္း “ျမန္မာႏိုင္ငံမွာ စာမတတ္တဲ့သူေတြ အရမ္းကိုမ်ားျပားေနပါတယ္။ ဒါက ကြ်န္ေတာ္တို႔ တိုင္းျပည္ရဲ႕ပညာေရးစနစ္ေၾကာင့္ပါ။ စာမတတ္တဲ့သူေတြအေနနဲ႔ ကိုယ္တိုင္ေက်ာင္းကိုသြား စာသင္ၿပီး စာေမးပြဲေျဖသင့္ပါတယ္။ တကယ္လို႔ သူတို႔သာ စာတတ္ေျမာက္ၾကမယ္ဆိုရင္ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္တဲ့လုပ္ငန္းစဥ္ေတြ၊ စိန္ေခၚမႈေတြ လြယ္လြယ္ကူကူနဲ႔ နားလည္ႏိုင္ပါလိမ့္မယ္။” ဟု ၿပီးခဲ့သည့္ရက္သတၱပတ္အတြင္းက က်င္းပျပဳလုပ္ခဲ့သည့္ ၿငိမ္းခ်မ္းေရးညီလာခံ၌ ေျပာၾကားခဲ့ပါတယ္။

<Zawgyi Version>

 

- Advertisement -

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 × 5 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...