HomeEntertainmentရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် တောင်ကိုးရီးယား ဇာတ်ကားကောင်းများ။

ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် တောင်ကိုးရီးယား ဇာတ်ကားကောင်းများ။

- Advertisement -

တောင်ကိုရီးယားရုပ်ရှင်ကားတွေဟာ ဇာတ်လမ်းတွဲတွေများလွန်းပြီး ဒရာမာများလွန်းတယ်လို့ ယူဆထားတာကြောင့် တောင်ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်ရတာမကြိုက်တဲ့သူတွေအတွက် ဇာတ်လမ်းတိုပြီး ဇာတ်အိမ်ကောင်းလွန်းတဲ့ တောင်ကိုးရီးယားဇာတ်ကားတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Parasite (2019) – လက်တွေ့လောကမှာ လူတန်းစားကွာခြားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကွဲပြားတဲ့ပြဿနာတွေနဲ့ လူသားတွေရဲ့ စိတ်အမှောင်ဘက်ခြမ်းဟာ ဘယ်အခြေအနေထိ ရောက်စေသလဲဆိုတာကို ဖော်ပြရိုက်ကူးပြထားတာဟာ အသက်ဝင်လွန်းလို့ နိုင်ငံတကာ အကောင်းဆုံးရုပ်ရှင်ဆုကို ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။

- Advertisement -

 

- Advertisement -

၂။ Train to Busan (2016) – ရောဂါပိုးကူးစက်ခံလိုက်ရတဲ့ လူသားစားဖုတ်ကောင်တွေနဲ့ ဘူဆန်မြို့ကိုသွားတဲ့ ရထားပေါ်မှာ အတူစီးနင်းလိုက်ပါလာတဲ့ လူသားတစ်စုဟာ လူသားစားဖုတ်ကောင်တွေကို ဘယ်လိုမျိုး ခုခံကာကွယ်လဲဆိုတာအပြင် ချစ်ခြင်းမေတ္တာတွေကိုလည်း  မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

 

၃။ Burning (2018) – ဂျပန်နိုင်ငံသား စာရေးဆရာ Haruki Murakami ရဲ့ ဝတ္ထုတို “Barn Burning” ကို တောင်ကိုရီးယားနိုင်ငံသား ဒါရိုက်တာ Lee Chang-dong က ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့  ငယ်သူငယ်ချင်းတစ်ယောက် ပြန်လည်ပေါ်ပေါက်လာခြင်းက ငယ်စဉ်ဘဝက  အရိပ်ဟောင်း  ပြန်လည်ခြောက်လန့်တာခံနေရတဲ့  လူငယ်လေးအကြောင်းကို ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

 

၄။ The Host (2006) – ဒါရိုက်တာ Bong Joon Ho ရဲ့  နောက်ထပ်ဖန်တီးမှုတစ်ခုဖြစ်တဲ့  ဧရာမရေနေသတ္တဝါမိစ္ဆာနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာ လူသားတွေရဲ့တုံ့ပြန်မှုကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

- Advertisement -

 

၅။ Extreme Job (2019) – ကြက်ကြော်အရောင်းဆိုင်ကနေ မူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့ဂိုဏ်းကို ရှာတွေ့ဖို့  စုံထောက်တွေက ဘယ်လိုမျိုး ရှာဖွေဖော်ထုတ်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။

 

၆။ Oldboy (2003) – ထောင်နန်းကို ၁၅ နှစ်လောက်စံပြီးတဲ့နောက်မှာ လက်စားချေမှုကို အကောင်အထည်ဖော်တဲ့ အမျိုးသားတစ်ယောက်အကြောင်းကို တောင်ကိုရီးယားနိုင်ငံရဲ့ အကျော်ကြားဆုံးသော ရုပ်ရှင်ဒါရိုက်တာ Park Chan Wook က စိတ်ဝင်စားဖွယ် ပြန်လည်ရိုက်ကူး တင်ဆက်ထားတာပဲဖြစ်ပါတယ်။

 

၇။ The Handmaiden (2016) – စာရေးဆရာမ Sarah Waters ရဲ့ ၂၀၀၂ ခုနှစ်မှာ ရေးသားခဲ့တဲ့ “Fingersmith” ဝတ္တုကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးတွေရဲ့အနားကို ချဉ်းကပ်ကာ ပိုင်ဆိုင်မှုတွေကို တစ်ပတ်လှည့်ကာရယူတတ်တဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး လောဘကြီးတဲ့ လူသားတွေရဲ့ သဘာဝကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

 

၈။ A Taxi Driver (2017) – ၁၉၈၀ ခုနှစ် တောင်ကိုရီးယားနိုင်ငံ Gwangju ဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်အကြောင်းကို ပြန်လည်ပုံဖော် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

 

၉။ Forgotten (2017) – ပြန်ပေးဆွဲခံလိုက်ရတဲ့ လူတစ်ယောက်က ရုတ်တရက် အိမ်ပြန်ရောက်လာပြီးနောက် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာသိရှိနိုင်ဖို့ ကြိုးစားရင်း ခါးသီးတဲ့အမှန်တရားတွေကို ဘယ်လိုမျိုး ရှာဖွေတွေ့ရှိခဲ့လဲဆိုတာကို စိတ်ဝင်စားရင်တော့ ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။

 

၁၀။ My Sassy Girl (2001) – ဘုကန့်လန့်နိုင်တဲ့ ကောင်မလေးနဲ့ ရိုးသားကြိုးစားတဲ့ တက္ကသိုလ်ကျောင်းသားတို့  တွေ့ဆုံတဲ့အခါမှာ ဘယ်လိုအလွဲလေးတွေ ဖြစ်လာမလဲဆိုတာကို ရယ်မောရင်း ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

 

၁၁။ Poetry (2010) – ချစ်ခင်နှစ်သက်ရသူတွေနဲ့ ပတ်သက်လာပြီဆိုရင် မသိစိတ်ကို  စိုးမိုးထားတဲ့ ခံစားချက်တွေရဲ့ သဘာဝကို လွမ်းဆွတ်ဖွယ်အသွင် ပြန်ပြောင်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကတော့ အဆွေးဇာတ်လမ်းတွေကို ကြည့်ရှုရတာ နှစ်သက်တဲ့ ပရိသတ်ကြီး ကြိုက်နှစ်သက်မှာပါ။

 

၁၂။ Okja (2017) – ဟောလီဝုဒ်အနုပညာရှင် Tilda Swinton နဲ့ Jake Gyllenhaal တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Bong Joon Ho က ကလေးမလေးတစ်ယောက်နဲ့ ဧရာမ သန္ဓေပြောင်းဝက်ကလေးတို့ရဲ့ လူသားနဲ့ တိရစ္တာန်ကြားမှာဖြစ်ပေါ်လာတဲ့ နွေးထွေးခိုင်မြဲတဲ့ သံယောဇဉ်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

 

၁၃။ I Saw The Devil (2010) – ချစ်ဇနီးရဲ့ အသက်ကို နှုတ်ယူသွားတဲ့ စိတ္တဇလူသတ်သမားကိုသိရှိဖို့ ရှာဖွေဖော်ထုတ်တဲ့ လျှို့ဝှက်သတင်းထောက်ရဲ့ တစ်ကိုယ်တော် လှုပ်ရှားမှုတွေကို စိတ်လှုပ်ရှားစွာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

 

၁၄။ Secret Sunshine (2007) – ဖခင်မရှိတော့တဲ့ သားသမီးတွေကို ဆက်လက်ပျိုးထောင်နိုင်ဖို့ မြို့အသစ်ကိုရွှေ့ပြောင်းလာရတဲ့ မိခင်တစ်ဦးရဲ့ အခက်အခဲတွေကြားထဲကနေ သားသမီးတွေအတွက် ကြိုးစားရုန်းကန်ရှင်သန်တာကို စိတ်မကောင်းစွာကြည့်ရှုရင်း တရားတွေရလာပါလိမ့်မယ်။

 

၁၅။ Mother (2009) – လူသတ်သမားရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတဲ့ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းနေတဲ့သားလေး သေဆုံးပြီးပြန်လည်ရှင်သန်ရတဲ့ဘဝမှာ ငြိမ်းချမ်းနိုင်ဖို့ တရားခံအစစ်အမှန်ကို ရှာဖွေဖော်ထုတ်ခဲ့တဲ့ သန်စွမ်းကြံ့ခိုင်တဲ့ မိခင်တစ်ဦးရဲ့ မိခင်မေတ္တာကို မြင်တွေ့ရမှာပါ။

<Unicode Version>

 

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

sixteen − thirteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...