HomeTechTikTok ကို Microsoft ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဝယ်ယူဖို့ စီစဉ်နေတဲ့ Walmart

TikTok ကို Microsoft ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဝယ်ယူဖို့ စီစဉ်နေတဲ့ Walmart

- Advertisement -

လွန်ခဲ့တဲ့ ကြာသပတေးနေ့မှာတော့ အမေရိကန်ပြည်ထောင်စုအခြေစိုက် လက်လီအရောင်းစျေးရုံကြီး Walmart က Microsoft နဲ့ လက်တွဲပြီး TikTokကို ဝယ်ယူဖို့စီစဉ်နေကြောင်း ထုတ်ဖော်ကြေငြာလာခဲ့တာပဲ ဖြစ်ပါတယ်။ TikTok App ကို တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီ ByteDance က ပိုင်ဆိုင်တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် TikTok App ဟာ အသုံးပြုသူတွေရဲ့  ကိုယ်ပိုင်အချက်အလက်တွေကို  လိုသလို အသုံးချပြီး  အမျိုးသားလုံခြုံမှုကို ထိပါးနှောင့်ယှက်နေတယ်လို့ ယူဆတာကြောင့် အမေရိကန်ပြည်ထောင်စုသမ္မတကြီး Donald Trump က အမေရိကန်နိုင်ငံသားတွေကို TikTok App ကို အသုံးပြုလို့မရတော့အောင်  လုပ်ပစ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့မှာတော့ အမေရိကန်ပြည်ထောင်စု သမ္မတကြီး Donald Trump က တရုတ်နိုင်ငံအခြေစိုက် ByteDance ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်နေတဲ့  အမေရိကန်နိုင်ငံမှာရှိတဲ့  လုပ်ငန်းအဖွဲ့အစည်းတွေကို ByteDance ကုမ္ပဏီနဲ့လက်တွဲဖြုတ်ဖို့ အချိန် ၄၅ ရက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီတော့ ဝါရှင်တန်နဲ့ ဘေကျင်းကြား သံတမန်ရေးရာဆက်ဆံရေးဟာ အဆင်မပြေဖြစ်လာတယ်လို့ ဆိုရပါမယ်။

- Advertisement -

အမေရိကန်ပြည်ထောင်စု သမ္မတကြီး Donald Trump က တရုတ်ကွန်မြူနစ်အဖွဲ့အစည်းဟာ TikTok App ကနေတဆင့် အစိုးရဝန်ထမ်းတွေရဲ့ နေထိုင်ရာအရပ်တွေကို လိုက်လံရှာဖွေပြီး ခြိမ်းခြောက်ငွေညှစ်တာတွေ  ပြုလုပ်လာမှာကို စိုးရိမ်နေတာကြောင့် အမေရိကန်နိုင်ငံသားတွေကို TikTok App အသုံးပြုခြင်းကို  ရပ်ဆိုင်းစေခဲ့တာပဲ ဖြစ်ပါတယ်။

- Advertisement -

ဒါ့အပြင် အမေရိကန်ပြည်ထောင်စု သမ္မတကြီး Donald Trump က TikTok App ကို အမေရိကန်ပြည်ထောင်စု  အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုကို ရောင်းချစေချင်နေပါတယ်။ ဒါကြောင့် Walmart ကုမ္ပဏီမှ  ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “Walmart နဲ့ Microsoft တို့ လက်တွဲပြီး TikTok ကို ဝယ်ယူလိုက်ခြင်းက အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့ကို စိတ်သက်သာရာရစေဖို့ မျှော်လင့်ပါတယ်။” လို့ AFP သတင်းဌာနကို  ပြောပြလာပါတယ်။

TikTok ဟာ လူငယ်တွေအများစု အသုံးပြုကြပြီး တီထွင်ဖန်းတီးနိုင်စွမ်း ဉာဏ်ကောင်းလွန်းတဲ့ လူငယ်တွေဟာ TikTok ကို အပျော်အတွက်ပဲ အသုံးပြုတာမဟုတ်ဘဲ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရအောင် အလုပ်ကမ်းလှမ်းလာတဲ့ ကုမ္ပဏီတွေရဲ့ ကုန်ပစ္စည်းတွေ / ဝန်ဆောင်မှုတွေကို  ကြော်ငြာရိုက်ကူးပေးကြတာပဲ  ဖြစ်ပါတယ်။ ဒါကြောင့်လည်း Walmart က လူငယ်စျေးဝယ်သူတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းက လက်လီစျေးရုံကြီးကို အကျိုးပြုနိုင်တယ်လို့ ယုံကြည်တာကြောင့် TikTok App ကို ဝယ်ယူချင်နေတာ  ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

GlobalData Retail ကုမ္ပဏီက စီမံအုပ်ချုပ်ရေးမှူးဒါရိုက်တာ Neil Saunders က “လူငယ်အများစုဟာ အင်တာနက်ကနေပဲဖြစ်ဖြစ် စျေးရုံကြီးကိုလာရောက်ပြီးတော့ပဲဖြစ်ဖြစ် ကုန်ပစ္စည်းတွေကို ဝယ်ယူလေ့မရှိကြပါဘူး။ Walmart လို လက်လီစျေးရုံကြီးကတော့ TikTok App ကို ဝယ်ယူလိုက်ပြီဆိုရင်တော့ လူငယ်အများစုရဲ့ အာရုံစိုက်မှုကို ရရှိလာမှာဖြစ်ပြီး Amazon ကုမ္ပဏီကိုလည်း ယှဉ်ပြိုင်ဖို့ လွယ်ကူသွားမှာပဲ ဖြစ်ပါတယ်။” လို့ ဆိုလာခဲ့ပါတယ်။

ဒီတော့ Walmart ဟာ Microsoft နဲ့ လက်တွဲပြီး TikTok App ကို ဝယ်ယူကာ အစိုးရအဖွဲ့အတွက်ရော ကုမ္ပဏီအတွက်ပါ အကျိုးရှိလာအောင် ဘယ်လိုမျိုးတွေ ဆောင်ရွက်သွားမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရအောင်ပါ။

<Unicode Version>

 

 

TikTok ကို Microsoft ကုမၸဏီနဲ႔ ပူးေပါင္းၿပီး ဝယ္ယူဖို႕ စီစဥ္ေနတဲ့ Walmart

- Advertisement -

လြန္ခဲ့တဲ့ ၾကာသပေတးေန႔မွာေတာ့ အေမရိကန္ျပည္ေထာင္စုအေျခစိုက္ လက္လီအေရာင္းေစ်း႐ံုႀကီး Walmart က Microsoft နဲ႔ လက္တြဲၿပီး TikTokကို ဝယ္ယူဖို႔စီစဥ္ေနေၾကာင္း ထုတ္ေဖာ္ေၾကျငာလာခဲ့တာပဲ ျဖစ္ပါတယ္။ TikTok App ကို တ႐ုတ္ႏိုင္ငံအေျခစိုက္ နည္းပညာကုမၸဏီ ByteDance က ပိုင္ဆိုင္တာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ TikTok App ဟာ အသံုးျပဳသူေတြရဲ႕  ကိုယ္ပိုင္အခ်က္အလက္ေတြကို  လိုသလို အသံုးခ်ၿပီး  အမ်ိဳးသားလံုျခံဳမႈကို ထိပါးေႏွာင့္ယွက္ေနတယ္လို႔ ယူဆတာေၾကာင့္ အေမရိကန္ျပည္ေထာင္စုသမၼတႀကီး Donald Trump က အေမရိကန္ႏိုင္ငံသားေတြကို TikTok App ကို အသံုးျပဳလို႔မရေတာ့ေအာင္  လုပ္ပစ္လိုက္ပါတယ္။

လြန္ခဲ့တဲ့ ၾသဂုတ္လ ၆ ရက္ေန႔မွာေတာ့ အေမရိကန္ျပည္ေထာင္စု သမၼတႀကီး Donald Trump က တ႐ုတ္ႏိုင္ငံအေျခစိုက္ ByteDance ကုမၸဏီနဲ႔ အလုပ္တြဲလုပ္ေနတဲ့  အေမရိကန္ႏိုင္ငံမွာရွိတဲ့  လုပ္ငန္းအဖြဲ႔အစည္းေတြကို ByteDance ကုမၸဏီနဲ႔လက္တြဲျဖဳတ္ဖို႔ အခ်ိန္ ၄၅ ရက္ေပးခဲ့တာပဲျဖစ္ပါတယ္။ ဒီေတာ့ ဝါရွင္တန္နဲ႔ ေဘက်င္းၾကား သံတမန္ေရးရာဆက္ဆံေရးဟာ အဆင္မေျပျဖစ္လာတယ္လို႔ ဆိုရပါမယ္။

အေမရိကန္ျပည္ေထာင္စု သမၼတႀကီး Donald Trump က တ႐ုတ္ကြန္ျမဴနစ္အဖြဲ႔အစည္းဟာ TikTok App ကေနတဆင့္ အစိုးရဝန္ထမ္းေတြရဲ႕ ေနထိုင္ရာအရပ္ေတြကို လိုက္လံရွာေဖြၿပီး ၿခိမ္းေျခာက္ေငြညႇစ္တာေတြ  ျပဳလုပ္လာမွာကို စိုးရိမ္ေနတာေၾကာင့္ အေမရိကန္ႏိုင္ငံသားေတြကို TikTok App အသံုးျပဳျခင္းကို  ရပ္ဆိုင္းေစခဲ့တာပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ အေမရိကန္ျပည္ေထာင္စု သမၼတႀကီး Donald Trump က TikTok App ကို အေမရိကန္ျပည္ေထာင္စု  အေျခစိုက္ နည္းပညာကုမၸဏီတစ္ခုကို ေရာင္းခ်ေစခ်င္ေနပါတယ္။ ဒါေၾကာင့္ Walmart ကုမၸဏီမွ  ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “Walmart နဲ႔ Microsoft တို႔ လက္တြဲၿပီး TikTok ကို ဝယ္ယူလိုက္ျခင္းက အေမရိကန္ျပည္ေထာင္စု အစိုးရအဖြဲ႔ကို စိတ္သက္သာရာရေစဖို႔ ေမွ်ာ္လင့္ပါတယ္။” လို႔ AFP သတင္းဌာနကို  ေျပာျပလာပါတယ္။

TikTok ဟာ လူငယ္ေတြအမ်ားစု အသံုးျပဳၾကၿပီး တီထြင္ဖန္းတီးႏိုင္စြမ္း ဉာဏ္ေကာင္းလြန္းတဲ့ လူငယ္ေတြဟာ TikTok ကို အေပ်ာ္အတြက္ပဲ အသံုးျပဳတာမဟုတ္ဘဲ တစ္ဖက္တစ္လမ္းကေန ဝင္ေငြရေအာင္ အလုပ္ကမ္းလွမ္းလာတဲ့ ကုမၸဏီေတြရဲ႕ ကုန္ပစၥည္းေတြ / ဝန္ေဆာင္မႈေတြကို  ေၾကာ္ျငာ႐ိုက္ကူးေပးၾကတာပဲ  ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Walmart က လူငယ္ေစ်းဝယ္သူေတြရဲ႕ တီထြင္ဖန္တီးႏိုင္စြမ္းက လက္လီေစ်း႐ံုႀကီးကို အက်ိဳးျပဳႏိုင္တယ္လို႔ ယံုၾကည္တာေၾကာင့္ TikTok App ကို ဝယ္ယူခ်င္ေနတာ  ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။

GlobalData Retail ကုမၸဏီက စီမံအုပ္ခ်ဳပ္ေရးမွဴးဒါ႐ိုက္တာ Neil Saunders က “လူငယ္အမ်ားစုဟာ အင္တာနက္ကေနပဲျဖစ္ျဖစ္ ေစ်း႐ံုႀကီးကိုလာေရာက္ၿပီးေတာ့ပဲျဖစ္ျဖစ္ ကုန္ပစၥည္းေတြကို ဝယ္ယူေလ့မရွိၾကပါဘူး။ Walmart လို လက္လီေစ်း႐ံုႀကီးကေတာ့ TikTok App ကို ဝယ္ယူလိုက္ၿပီဆိုရင္ေတာ့ လူငယ္အမ်ားစုရဲ႕ အာ႐ံုစိုက္မႈကို ရရွိလာမွာျဖစ္ၿပီး Amazon ကုမၸဏီကိုလည္း ယွဥ္ၿပိဳင္ဖို႔ လြယ္ကူသြားမွာပဲ ျဖစ္ပါတယ္။” လို႔ ဆိုလာခဲ့ပါတယ္။

ဒီေတာ့ Walmart ဟာ Microsoft နဲ႔ လက္တြဲၿပီး TikTok App ကို ဝယ္ယူကာ အစိုးရအဖြဲ႔အတြက္ေရာ ကုမၸဏီအတြက္ပါ အက်ိဳးရွိလာေအာင္ ဘယ္လိုမ်ိဳးေတြ ေဆာင္ရြက္သြားမလဲဆိုတာကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ရေအာင္ပါ။

<Zawgyi Version>

 

Source ~ Gadgets

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eighteen − 7 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...