HomeEntertainmentBLACKPINK အဖွဲ့နဲ့ပူးတွဲပြီး "Ice Cream" သီချင်းအသစ်သီဆိုနိုင်ဖို့ဟာ အိမ်မက်တစ်ခုဖြစ်ခဲ့ကြောင်း ဆိုလာတဲ့ Selena Gomez

BLACKPINK အဖွဲ့နဲ့ပူးတွဲပြီး “Ice Cream” သီချင်းအသစ်သီဆိုနိုင်ဖို့ဟာ အိမ်မက်တစ်ခုဖြစ်ခဲ့ကြောင်း ဆိုလာတဲ့ Selena Gomez

- Advertisement -

Soshwe စာဖတ်ပရိသတ်ကြီးထဲမှာ တောင်ကိုးရီးယားနိုင်ငံက မိန်းကလေးအနုပညာရှင်အဖွဲ့ဖြစ်တဲ့ BLACKPINK ကို ကြိုက်နှစ်သက်ပြီး ကမ္ဘာကျော် ဟောလီဝုဒ်အဆိုတော်အနုပညာရှင် Selena Gomez ကိုလည်း ကြိုက်နှစ်သက်တဲ့သူတွေရှိကြပါသလား ? အခုပြောပြမယ့် အကြောင်းအရာဟာ BLACKPINK နဲ့ Selena Gomez ကို ကြိုက်နှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

မကြာသေးခင်က BLACKPINK အဖွဲ့နဲ့ Selena Gomez တို့ပူးတွဲပြီး “Ice Cream”လို့ အမည်ရတဲ့ သီချင်းအသစ်တစ်ပုဒ် ထွက်ရှိလာခဲ့ပါတယ်။ ယခင်ထွက်ရှိထားတဲ့ BLACKPINK အဖွဲ့ရဲ့ သီချင်းဗီဒီယိုတွေကို ကြည့်မယ်ဆိုရင်တော့ မိန်းကလေးဆန်ပြီး လှပပြည့်စုံတဲ့  အရောင်အနေအထားတွေကို မြင်တွေ့ရမှာဖြစ်ပြီး မိမိုက်နေတဲ့သီချင်းအသံတွေကို နားဆင်ခဲ့ဖူးပြီးသားဖြစ်မှာပါ။

- Advertisement -

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ Selena Gomez နဲ့ BLACKPINK အဖွဲ့ဝင် Jisoo ၊ Jennie ၊ Rose နဲ့ Lisa တို့ လေးယောက်ဟာ Videochat ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ Videochat မှာတော့ BLACKPINK အဖွဲ့ဝင် Rose ကတော့ BLACKPINK အဖွဲ့ဝင်လေးယောက်လုံးဟာ Selena ရဲ့ အမာခံပရိသတ်တွေဖြစ်ကြပြီး အခုလိုမျိုး Selena နဲ့အတူတွဲဖက်ပြီး သီချင်းသီဆိုဖို့ဟာ BLACKPINK အဖွဲ့ဝင်လေးယောက်လုံးကို အပျော်ကြီးပျော်စေတယ်လို့ ဖွင့်ဟပြောပြလာခဲ့ပါတယ်။

- Advertisement -

- Advertisement -

Selena Gomez ကလည်း သူကိုယ်တိုင်ကလည်း BLACKPINK အဖွဲ့ကို အရမ်းကိုမှကြိုက်နှစ်သက်ပြီး BLACKPINK အဖွဲ့နဲ့ သီချင်းတစ်ပုဒ်တီ ထွင်သီဆိုနိုင်ဖို့ဟာလည်း သူမရဲ့ အိမ်မက်တစ်ခုဖြစ်တယ်လို့  ဆိုခဲ့ပါတယ်။ Selena Gomez ဟာ သူမရဲ့အင်စတာဂရမ်အကောင့်မှာ BLACKPINK အဖွဲ့နဲ့အတူ “Ice Cream” လို့အမည်ရတဲ့ သီချင်းအသစ်ကို သီဆိုသွားမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

အဆိုပါသီချင်း “Ice Cream” ဟာ BLACPINK အဖွဲ့ရဲ့ “The Album” ထဲမှာ ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ဟာ ဟောလီဝုဒ်အဆိုတော် Dua Lipa နဲ့အတူ “Kiss and Make Up” ဆိုတဲ့ သီချင်းကိုတွဲဖက်သီဆိုဖူးပြီး သိပ်မကြာသေးခင်မှာလည်း Lady Gaga နဲ့အတူ “Sour Candy” ဆိုတဲ့ သီချင်းကိုတွဲဖက်သီဆိုထားပြီးသားဖြစ်ပါတယ်။

<Unicode Version>

 

 







<Zawgyi Version>

 

Source ~ PEOPLE

#SY(Soshwe)

#soshweentertainment

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read