HomeSportထောင်ဒဏ်နဲ့ငွေဒဏ်တစ်ခုခုကို ရွေးချယ်ရတော့မည့် ယူနိုက်တက်အသင်းခေါင်းဆောင်။

ထောင်ဒဏ်နဲ့ငွေဒဏ်တစ်ခုခုကို ရွေးချယ်ရတော့မည့် ယူနိုက်တက်အသင်းခေါင်းဆောင်။

- Advertisement -

ယူနိုက်တက်အသင်းခေါင်းဆောင်မက်ဂွိုင်းရားသည် ဂရိနိုင်ငံ၌ဖြစ်ပွားခဲ့သည့် ရန်ပွဲတစ်ပွဲ၌ ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ကျခံရဖွယ်ရှိကြောင်း သိရှိရပါတယ်။ ပြီးခဲ့သည့်ကြာသပတေးနေ့က ဂရိနိုင်ငံရှိ ဘားတစ်ခုအပြင်ဘက်၌ ဖြစ်ပွားခဲ့သည့် ရန်ပွဲ၌ အသက် (၂၇) နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဂွိုင်းရားနဲ့အပေါင်းအပါ (၂) ဦးတို့သည် ဝင်ရောက်တားဆီးသော ရဲတပ်ဖွဲ့ဝင်များကိုပါ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သေးကြောင်း သိရှိရပါတယ်။

ဒါ့အပြင် မက်ဂွိုင်းရားရဲ့ညီမဖြစ်သူ ဒေစီကလည်း အဆိုပါရန်ပွဲ၌ ချွန်ထက်သည့်အရာဖြင့် အထိုးခံခဲ့ရခြင်းကြောင့် ဒဏ်ရာရရှိခဲ့ပါတယ်။ ပြိုင်ဘက်ပရိသတ်များသည် မက်ဂွိုင်းရားကိုရည်ရွယ်ကာ ယူနိုက်တက်အသင်းကို ဆဲဆိုလှောင်ပြောင်ခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်စဉ်အတွက် မက်ဂွိုင်းရား၌အပြစ်မရှိကြောင်း ကစားသမားရဲ့ရှေ့နေဖြစ်သူက အတိအလင်းဆိုထားပါတယ်။ ဒါပေမယ့် Mirror သတင်းစာရဲ့ဖော်ပြချက်အရ မက်ဂွိုင်းရားအနေဖြင့် ထောင်ဒဏ်ကျခံရနိုင်သည့်ပြစ်ဒဏ်များကို ကျူးလွန်ခဲ့ပြီး ထောင်ဒဏ်ပြစ်ဒဏ်မှ လွတ်မြောက်ရန်အတွက် ကြီးလေးသည့်ဒဏ်ငွေပမာဏကို ပေးဆောင်ရဖွယ်ရှိကြောင်း သိရှိရပါတယ်။

မက်ဂွိုင်းရားအနေဖြင့် ဒဏ်ကြေးငွေ ပေါင် (၉) သောင်းအထိ ပေးဆောင်ရဖွယ်ရှိပြီး အဆိုပါပမာဏမှာ ယူနိုက်တက်အသင်း၌ ရရှိနေသည့် တစ်ပတ်လုပ်ခလစာရဲ့ တစ်ဝက်ပမာဏဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက မက်ဂွိုင်းရားဖြစ်စဉ်ကို ကြားသိလျှင်သိချင်း အသင်းရဲ့ရှေ့နေ (၂) ယောက်ကို ဂရိနိုင်ငံသို့ စေလွှတ်ခဲ့ပြီး လက်ရှိအချိန်အထိ မက်ဂွိုင်းရားနဲ့ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ  ပေးထားခြင်းမရှိကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 





<Zawgyi Version>

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × 5 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...