HomeEducationကိုရိုနာဗိုင်းရပ်စ်နဲ့ မြန်မာနိုင်ငံ အစိုးရကျောင်းများအခြေအနေ။

ကိုရိုနာဗိုင်းရပ်စ်နဲ့ မြန်မာနိုင်ငံ အစိုးရကျောင်းများအခြေအနေ။

- Advertisement -

ရှမ်းပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်က အထက်တန်းကျောင်းများ ဖွင့်လှစ်ပြီးသည့် (၃) ပတ်မြောက်ကာလကို ရောက်ရှိလာသည်အထိ အလယ်တန်းကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့သည့်ဇူလိုင်လ (၂၁) ရက်နေ့က မြန်မာနိုင်ငံတစ်ဝှမ်းရှိ အထက်တန်းကျောင်းများအနက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို လိုက်နာနိုင်သည့်   ကျောင်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး လက်ရှိအချိန်အထိမူ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အခြေအနေက ငြိမ်သက်ခြင်းမရှိသေးတာကြောင့် အလယ်တန်းကျောင်းများနဲ့ မူလတန်းကျောင်းများကို ဆက်လက်ဖွင့်လှစ်ရန် အခက်တွေ့နေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိအထက်တန်းကျောင်းပေါင်း (၇၁၇၃) ကျောင်းအနက် (၄၆၇၅) ကျောင်းကိုသာ ပြန်လည်ဖွင့်လှစ်ထားဆဲဖြစ်ပြီး ကျန်ရှိနေသည့် အထက်တန်းကျောင်းပေါင်း (၂၅၀၀) နီးပါးက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် သတ်မှတ်ထားသည့် အစီအမံများကို မလိုက်နာနိုင်မှု ဒါမှမဟုတ် ရခိုင်ပြည်နယ်အတွင်းရှိစစ်ပွဲများကြောင့် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရှိရပါတယ်။

ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြည်နယ်အတွင်းရှိ အချိို့သောအထက်တန်းကျောင်းများမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လွတ်မြောက်ရေးတပ်မတော် (AA) တို့အကြား တိုက်ပွဲများကြောင့် ပိတ်ထားရဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်နယ်အတွင်းရှိ အထက်တန်းကျောင်း (၇၁) ကျောင်းမှာ ပိတ်ထားရဆဲဖြစ်ပြီး လုံခြုံရေးအကြောင်းပြချက်အရ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် မဖြစ်နိုင်သေးကြောင်းလည်း သိရှိရပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့  ကျောက်တော်မြို့နယ်များရှိ အထက်တန်းကျောင်း (၁၁) ကျောင်းမှာ စစ်ပွဲအခြေအနေများကြောင့် ပြီးခဲ့သည့် (၂၀၁၆) ခုနှစ်တည်းက ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရှိရပါတယ်။

- Advertisement -

ပညာရေးဝန်ကြီးဌာနရဲ့အဆိုအရ မြန်မာနိုင်ငံအတွင်း အထက်တန်းကျောင်းပေါင်း (၂၄၈၉) ကျောင်းက လက်ရှိအချိန်အထိ ပိတ်ထားရဆဲဖြစ်ပြီး ယခုအချိန်၌လည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အစပြုလာသည့် ပြည်တွင်းကူးစက်မှုအနေအထားများကြောင့် ရခိုင်ပြည်နယ်ရှိအထက်တန်းကျောင်းများကို ယာယီပိတ်ထားရသလို ကျန်ပြည်နယ်နဲ့တိုင်းများမှ အထက်တန်းကျောင်းများကိုလည်း ဆက်လက်ဖွင့်လှစ်ရန် သင့်၊ မသင့် အထူးသတိထားစောင့်ကြည့်လျက်ရှိပါတယ်။

- Advertisement -

<Unicode Version>

 

 

ကိုရိုနာဗိုင္းရပ္စ္နဲ႔ ျမန္မာႏိုင္ငံ အစိုးရေက်ာင္းမ်ားအေျခအေန။

ရွမ္းျပည္နယ္ပညာေရးမွဴး ဦးဝင္းေမာင္က အထက္တန္းေက်ာင္းမ်ား ဖြင့္လွစ္ၿပီးသည့္ (၃) ပတ္ေျမာက္ကာလကို ေရာက္ရွိလာသည္အထိ အလယ္တန္းေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ရန္ အစီအစဥ္မရွိေသးေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့သည့္ဇူလိုင္လ (၂၁) ရက္ေန႔က ျမန္မာႏိုင္ငံတစ္ဝွမ္းရွိ အထက္တန္းေက်ာင္းမ်ားအနက္ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ညႊန္ၾကားခ်က္ကို လိုက္နာႏုိင္သည့္   ေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ေပးခဲ့ၿပီး လက္ရွိအခ်ိန္အထိမူ ကိုရိုနာဗုိင္းရပ္စ္ရဲ႕ အေျခအေနက ၿငိမ္သက္ျခင္းမရွိေသးတာေၾကာင့္ အလယ္တန္းေက်ာင္းမ်ားနဲ႔ မူလတန္းေက်ာင္းမ်ားကို ဆက္လက္ဖြင့္လွစ္ရန္ အခက္ေတြ႕ေနဆဲျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရွိအထက္တန္းေက်ာင္းေပါင္း (၇၁၇၃) ေက်ာင္းအနက္ (၄၆၇၅) ေက်ာင္းကိုသာ ျပန္လည္ဖြင့္လွစ္ထားဆဲျဖစ္ၿပီး က်န္ရွိေနသည့္ အထက္တန္းေက်ာင္းေပါင္း (၂၅၀၀) နီးပါးက ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ သတ္မွတ္ထားသည့္ အစီအမံမ်ားကို မလိုက္နာႏိုင္မႈ ဒါမွမဟုတ္ ရခိုင္ျပည္နယ္အတြင္းရွိစစ္ပဲြမ်ားေၾကာင့္ ျပန္လည္ဖြင့္လွစ္ႏိုင္ျခင္းမရွိေသးေၾကာင္း သိရွိရပါတယ္။

ရခိုင္ျပည္နယ္ပညာေရးမွဴး ဦးတင္သိန္းက ျပည္နယ္အတြင္းရွိ အခ်ိိဳ႕ေသာအထက္တန္းေက်ာင္းမ်ားမွာ ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္လြတ္ေျမာက္ေရးတပ္မေတာ္ (AA) တို႔အၾကား တိုက္ပြဲမ်ားေၾကာင့္ ပိတ္ထားရဆဲျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ျပည္နယ္အတြင္းရွိ အထက္တန္းေက်ာင္း (၇၁) ေက်ာင္းမွာ ပိတ္ထားရဆဲျဖစ္ၿပီး လုံၿခံဳေရးအေၾကာင္းျပခ်က္အရ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳရန္ မျဖစ္ႏိုင္ေသးေၾကာင္းလည္း သိရွိရပါတယ္။ ဒါ့အျပင္ ရခိုင္ျပည္နယ္ရွိ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္နဲ႔  ေက်ာက္ေတာ္ၿမိဳ႕နယ္မ်ားရွိ အထက္တန္းေက်ာင္း (၁၁) ေက်ာင္းမွာ စစ္ပြဲအေျခအေနမ်ားေၾကာင့္ ၿပီးခဲ့သည့္ (၂၀၁၆) ခုႏွစ္တည္းက ျပန္လည္ဖြင့္လွစ္ႏိုင္ျခင္းမရွိေသးေၾကာင္း သိရွိရပါတယ္။

ပညာေရးဝန္ႀကီးဌာနရဲ႕အဆိုအရ ျမန္မာႏိုင္ငံအတြင္း အထက္တန္းေက်ာင္းေပါင္း (၂၄၈၉) ေက်ာင္းက လက္ရွိအခ်ိန္အထိ ပိတ္ထားရဆဲျဖစ္ၿပီး ယခုအခ်ိန္၌လည္း ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွ အစျပဳလာသည့္ ျပည္တြင္းကူးစက္မႈအေနအထားမ်ားေၾကာင့္ ရခိုင္ျပည္နယ္ရွိအထက္တန္းေက်ာင္းမ်ားကို ယာယီပိတ္ထားရသလို က်န္ျပည္နယ္နဲ႔တုိင္းမ်ားမွ အထက္တန္းေက်ာင္းမ်ားကိုလည္း ဆက္လက္ဖြင့္လွစ္ရန္ သင့္၊ မသင့္ အထူးသတိထားေစာင့္ၾကည့္လ်က္ရွိပါတယ္။

- Advertisement -

<Zawgyi Version>

 

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

9 − 5 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...