HomeBanking & Financeဒေါ်လာ ၂ ထရီလီယံတန်ဖိုးရှိလာခဲ့တဲ့ ပထမဦးဆုံးသော အမေရိကန်ကုမ္ပဏီကြီး။

ဒေါ်လာ ၂ ထရီလီယံတန်ဖိုးရှိလာခဲ့တဲ့ ပထမဦးဆုံးသော အမေရိကန်ကုမ္ပဏီကြီး။

- Advertisement -

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန်ပြည်ထောင်စုအခြေစိုက် Apple ကုမ္ပဏီဟာ  စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ထရီလီယံထိ တန်ဖိုးရှိလာခဲ့တာပဲဖြစ်ပါတယ်။ Apple ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးမြင့်တက်လာခြင်းကို ကြည့်ခြင်းအားဖြင့် နည်းပညာကုမ္ပဏီကြီးတွေဟာ  ကပ်ရောဂါကြောင့် နိုင်ငံစီးပွါးရေး ကသောင်းကနင်းဖြစ်နေတဲ့အချိန်မှာ အကျိုးအမြတ်ရရှိနေဆဲဆိုတဲ့ အချက်ကို တွေ့မြင်ရမှာပါ။

iPhone တွေကိုထုတ်လုပ်ရောင်းချနေတဲ့ Apple ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ် မတ်လမှာလည်း  စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလီယံထိ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ Apple ကုမ္ပဏီအပြင် အခြားသောနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Amazon ကုမ္ပဏီ ၊ Microsoft ကုမ္ပဏီနဲ့ Google ကုမ္ပဏီတို့ကလည်း ယခုလက်ရှိမှာတော့ စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလီယံအထိ တန်ဖိုးမြင့်တက်လို့လာပါတယ်။

- Advertisement -

Apple ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးမြင့်တက်လာတာနဲ့အမျှ ကုမ္ပဏီရဲ့ CEO Tim Cook ရဲ့ အသားတင်ပိုင်ဆိုင်မှုတန်ဖိုးဟာလည်း ၁ ဘီလျံအထိ မြင့်တက်လာခဲ့ပါတယ်။  ကမ္ဘာတစ်ဝှမ်းမှာ  ကျန်းမာရေးပြဿနာတွေကြုံတွေ့နေရတဲ့အချိန်မှာ Apple ကုမ္ပဏီက အသုံးပြုသူတွေအတွက် အသုံးဝင်မယ့် ဝန်ဆောင်မှုအသစ်တွေနဲ့ App အသစ်တွေကို အထူးပြုထုတ်လုပ်ပေးခဲ့ခြင်းက  စျေးကွက်တန်ဖိုးမြင့်တက်စေဖို့ အကြောင်းအရင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်  ဇွန်လအကုန်ပိုင်းလောက်မှာ Apple ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁၁.၂ ဘီလျံအထိ အကျိုးအမြတ်ရရှိခဲ့ပြီး ကုမ္ပဏီဝင်ငွေဟာလည်း အမေရိကန်ဒေါ်လာ ၅၉.၇ ဘီလျံအထိ တိုးလာခဲ့ပါတယ်။

- Advertisement -

ရောဂါပျံ့နှံ့မှုနှုန်းကို ထိန်းချုပ်ဖို့အတွက် ကူးသန်းသွားလာခွင့်တွေကို ရပ်ဆိုင်းခဲ့ပြီး  လူတွေကိုလည်း  မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ အပြင်ထွက်တဲ့အခါမှာလည်း ကျန်းမာရေးဆိုင်ရာ ကာကွယ်မှုတွေ ကျင့်သုံးဖို့အတွက် နိုင်ငံတကာက ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးအကဲတွေက  အထပ်ထပ် သတိပေးခဲ့ကြပါတယ်။ ဒါကြောင့်လည်း ကုမ္ပဏီ/အဖွဲ့အစည်းတွေကလည်း ဝန်ထမ်းတွေကို အိမ်ကနေအလုပ်လုပ်စေပြီး စာသင်ကျောင်းများနဲ့ တက္ကသိုလ်ကျောင်းတွေကလည်း ကျောင်းသူ/  ကျောင်းသားတွေကို အိမ်ကနေ ပညာသင်ယူနိုင်ဖို့ စီစဉ်ပေးခဲ့ကြပါတယ်။

- Advertisement -

အင်တာနက်ဆက်သွယ်မှုကို အားကိုးပြီး အလုပ်လုပ်ရမယ့် ဝန်ထမ်းတွေ ပညာသင်ယူရမယ့်  ကျောင်းသူ/ကျောင်းသားတွေဟာ ကွန်ပြူတာတွေ မျက်နှာပြင်ကျယ်တဲ့ iPads  တွေကို လိုအပ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဝန်ထမ်းတွေ နဲ့ ကျောင်းသူ/ကျောင်းသာတွေဟာ Apple ကုမ္ပဏီကနေ လိုအပ်တဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို ဝယ်ယူခဲ့ခြင်းကြောင့် Apple ကုမ္ပဏီဟာ ရောင်းအားတက်လာခဲ့တာပဲဖြစ်ပါတယ်။

Apple ကုမ္ပဏီဟာ ထုတ်ကုန်ပစ္စည်းတွေကို ရောင်းချခြင်းအားဖြင့်  အကျိုးအမြတ်တိုးလာပြီးတဲ့နောက် စေ့စပ်သေချာမှုကိုလည်း ဆောင်ရွက်နေရပါတယ်။ ဘာလို့လည်းဆိုတော့ Apple ကုမ္ပဏီက iPhone နဲ့ အခြားသော ပစ္စည်းတွေကို ထုတ်လုပ်နေတယ်ဆိုပေမယ့်လည်း တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ Huawei ကနေ အင်တာနက်လိုင်းဆက်သွယ်မှုဆိုင်ရာ ကိရိယာတွေကို ဝယ်ယူခဲ့တာမျိုးရှိခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်ပြည်ထောင်စုသမ္မတကြီး Donald Trump က အမေရိကန်ပြည်ထောင်စု အခြေစိုက်နည်းပညာကုမ္ပဏီတွေကို တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီတွေနဲ့ လက်တွဲအလုပ်လုပ်ခြင်းကို ရပ်ဆိုင်းဖို့အတွက် သတိပေးချက်ကို ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ Apple ကုမ္ပဏီအနေနဲ့ အနည်းငယ်တော့ အကြပ်ရိုက်လာခဲ့ပါတယ်။

<Unicode Version>

 

 

ေဒၚလာ ၂ ထရီလီယံတန္ဖိုးရွိလာခဲ့တဲ့ ပထမဦးဆံုးေသာ အေမရိကန္ကုမၸဏီႀကီး။

လြန္ခဲ့တဲ့ ဗုဒၶဟူးေန႔မွာေတာ့ အေမရိကန္ျပည္ေထာင္စုအေျခစိုက္ Apple ကုမၸဏီဟာ  ေစ်းကြက္တန္ဖိုး အေမရိကန္ေဒၚလာ ၂ ထရီလီယံထိ တန္ဖိုးရွိလာခဲ့တာပဲျဖစ္ပါတယ္။ Apple ကုမၸဏီရဲ႕ ေစ်းကြက္တန္ဖိုးျမင့္တက္လာျခင္းကို ၾကည့္ျခင္းအားျဖင့္ နည္းပညာကုမၸဏီႀကီးေတြဟာ  ကပ္ေရာဂါေၾကာင့္ ႏိုင္ငံစီးပြါးေရး ကေသာင္းကနင္းျဖစ္ေနတဲ့အခ်ိန္မွာ အက်ိဳးအျမတ္ရရွိေနဆဲဆိုတဲ့ အခ်က္ကို ေတြ႕ျမင္ရမွာပါ။

iPhone ေတြကိုထုတ္လုပ္ေရာင္းခ်ေနတဲ့ Apple ကုမၸဏီဟာ ၂၀၁၈ ခုႏွစ္ မတ္လမွာလည္း  ေစ်းကြက္တန္ဖိုး အေမရိကန္ေဒၚလာ ၁ ထရီလီယံထိ တန္ဖိုးျမင့္တက္ခဲ့ပါတယ္။ Apple ကုမၸဏီအျပင္ အျခားေသာနည္းပညာကုမၸဏီႀကီးေတြျဖစ္တဲ့ Amazon ကုမၸဏီ ၊ Microsoft ကုမၸဏီနဲ႔ Google ကုမၸဏီတို႔ကလည္း ယခုလက္ရွိမွာေတာ့ ေစ်းကြက္တန္ဖိုး အေမရိကန္ေဒၚလာ ၁ ထရီလီယံအထိ တန္ဖိုးျမင့္တက္လို႔လာပါတယ္။

Apple ကုမၸဏီရဲ႕ ေစ်းကြက္တန္ဖိုးျမင့္တက္လာတာနဲ႔အမွ် ကုမၸဏီရဲ႕ CEO Tim Cook ရဲ႕ အသားတင္ပိုင္ဆိုင္မႈတန္ဖိုးဟာလည္း ၁ ဘီလ်ံအထိ ျမင့္တက္လာခဲ့ပါတယ္။  ကမာၻတစ္ဝွမ္းမွာ  က်န္းမာေရးျပႆနာေတြၾကံဳေတြ႕ေနရတဲ့အခ်ိန္မွာ Apple ကုမၸဏီက အသံုးျပဳသူေတြအတြက္ အသံုးဝင္မယ့္ ဝန္ေဆာင္မႈအသစ္ေတြနဲ႔ App အသစ္ေတြကို အထူးျပဳထုတ္လုပ္ေပးခဲ့ျခင္းက  ေစ်းကြက္တန္ဖိုးျမင့္တက္ေစဖို႔ အေၾကာင္းအရင္းတစ္ခုျဖစ္ခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္  ဇြန္လအကုန္ပိုင္းေလာက္မွာ Apple ကုမၸဏီဟာ အေမရိကန္ေဒၚလာ ၁၁.၂ ဘီလ်ံအထိ အက်ိဳးအျမတ္ရရွိခဲ့ၿပီး ကုမၸဏီဝင္ေငြဟာလည္း အေမရိကန္ေဒၚလာ ၅၉.၇ ဘီလ်ံအထိ တိုးလာခဲ့ပါတယ္။

ေရာဂါပ်ံ႕ႏွံ႔မႈႏႈန္းကို ထိန္းခ်ဳပ္ဖို႔အတြက္ ကူးသန္းသြားလာခြင့္ေတြကို ရပ္ဆိုင္းခဲ့ၿပီး  လူေတြကိုလည္း  မလိုအပ္ဘဲ အျပင္မထြက္ဖို႔နဲ႔ အျပင္ထြက္တဲ့အခါမွာလည္း က်န္းမာေရးဆိုင္ရာ ကာကြယ္မႈေတြ က်င့္သုံးဖို႔အတြက္ ႏိုင္ငံတကာက က်န္းမာေရးဝန္ႀကီးဌာနမွ အႀကီးအကဲေတြက  အထပ္ထပ္ သတိေပးခဲ့ၾကပါတယ္။ ဒါေၾကာင့္လည္း ကုမၸဏီ/အဖြဲ႕အစည္းေတြကလည္း ဝန္ထမ္းေတြကို အိမ္ကေနအလုပ္လုပ္ေစၿပီး စာသင္ေက်ာင္းမ်ားနဲ႔ တကၠသိုလ္ေက်ာင္းေတြကလည္း ေက်ာင္းသူ/  ေက်ာင္းသားေတြကို အိမ္ကေန ပညာသင္ယူႏိုင္ဖို႔ စီစဥ္ေပးခဲ့ၾကပါတယ္။

အင္တာနက္ဆက္သြယ္မႈကို အားကိုးၿပီး အလုပ္လုပ္ရမယ့္ ဝန္ထမ္းေတြ ပညာသင္ယူရမယ့္  ေက်ာင္းသူ/ေက်ာင္းသားေတြဟာ ကြန္ျပဴတာေတြ မ်က္ႏွာျပင္က်ယ္တဲ့ iPads  ေတြကို လိုအပ္လာခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဝန္ထမ္းေတြ နဲ႔ ေက်ာင္းသူ/ေက်ာင္းသာေတြဟာ Apple ကုမၸဏီကေန လိုအပ္တဲ့ ဆက္သြယ္ေရးပစၥည္းေတြကို ဝယ္ယူခဲ့ျခင္းေၾကာင့္ Apple ကုမၸဏီဟာ ေရာင္းအားတက္လာခဲ့တာပဲျဖစ္ပါတယ္။

Apple ကုမၸဏီဟာ ထုတ္ကုန္ပစၥည္းေတြကို ေရာင္းခ်ျခင္းအားျဖင့္  အက်ိဳးအျမတ္တိုးလာၿပီးတဲ့ေနာက္ ေစ့စပ္ေသခ်ာမႈကိုလည္း ေဆာင္ရြက္ေနရပါတယ္။ ဘာလို႔လည္းဆိုေတာ့ Apple ကုမၸဏီက iPhone နဲ႔ အျခားေသာ ပစၥည္းေတြကို ထုတ္လုပ္ေနတယ္ဆိုေပမယ့္လည္း တ႐ုတ္ႏိုင္ငံအေျခစိုက္ နည္းပညာကုမၸဏီျဖစ္တဲ့ Huawei ကေန အင္တာနက္လိုင္းဆက္သြယ္မႈဆိုင္ရာ ကိရိယာေတြကို ဝယ္ယူခဲ့တာမ်ိဳးရွိခဲ့ပါတယ္။

ဒါေပမယ့္ အေမရိကန္ျပည္ေထာင္စုသမၼတႀကီး Donald Trump က အေမရိကန္ျပည္ေထာင္စု အေျခစိုက္နည္းပညာကုမၸဏီေတြကို တ႐ုတ္ႏိုင္ငံအေျခစိုက္ နည္းပညာကုမၸဏီေတြနဲ႔ လက္တြဲအလုပ္လုပ္ျခင္းကို ရပ္ဆိုင္းဖို႔အတြက္ သတိေပးခ်က္ကို ထုတ္ျပန္ၿပီးတဲ့ေနာက္မွာေတာ့ Apple ကုမၸဏီအေနနဲ႕ အနည္းငယ္ေတာ့ အၾကပ္႐ိုက္လာခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ BangkokPost

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read