HomeTechအမေရိကန်ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်တင်းကြပ်မှုကြောင့် အခက်တွေ့နေတဲ့ Huawei

အမေရိကန်ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်တင်းကြပ်မှုကြောင့် အခက်တွေ့နေတဲ့ Huawei

- Advertisement -

အမေရိကန်ပြည်ထောင်စု သမ္မတကြီး Donald Trump က တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီတွေဟာ  အမေရိကန်ပြည်ထောင်စု အမျိုးသားရေးလုံခြုံမှုကို ဒုက္ခပေးဖို့အတွက် ကြံရွယ်နေနိုင်တယ်လို့ သံသယရှိကြောင်းကို မကြာခဏထုတ်ဖော်ပြောကြားနေတာမို့  အားလုံးကလည်း ကြားသင့်သလောက်ကြားပြီးသား ဖြစ်မှာပါ။

သမ္မတကြီး Donald Trump ရဲ့ တိုက်တွန်းမှုကြောင့် အမေရိကန်ပြည်ထောင်စု  အာဏာပိုင်တွေကလည်း တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ Huawei ကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုအခြေစိုက် နည်းပညာကုမ္ပဏီတွေနဲ့ လက်တွဲဖြုတ်ဖို့အတွက် တားမြစ်ခြင်းတွေကို တိုးမြင့်လိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်းမှာလည်း Huawei ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုအခြေစိုက် နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Google ကုမ္ပဏီနဲ့ အခြားသောဆက်သွယ်ရေးဆိုင်ရာ  ဝန်ဆောင်မှုတွေနဲ့ လက်တွဲလုပ်ကိုင်ခြင်းကို တားမြစ်ခံလိုက်ရပါတယ်။ ၂၀၂၀ ခုနှစ်  မေလအတွင်းမှာတော့ အဆိုပါတားမြစ်မှုတွေဟာ ပိုမိုတင်းကြပ်လာခဲ့ပါတယ်။

- Advertisement -

အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော်အစိုးရအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု  နည်းပညာကုမ္ပဏီတွေက တီထွင်ထုတ်လုပ်ထားတဲ့ နည်းပညာတွေကိုအသုံးပြုပြီး နည်းပညာပစ္စည်းတွေ ထုတ်လုပ်ကာ တရုတ်နိုင်ငံအခြေစိုက် Huawei ကုမ္ပဏီသို့  ရောင်းချခွင့်ကို  ပိတ်သိမ်းပစ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ကုန်သွယ်မှုအဖွဲ့အစည်းကတော့ Huawei ကုမ္ပဏီဟာ တားမြစ်မှုတွေကို အပြည့်အဝ လိုက်နာခဲ့ခြင်းမရှိဘဲ ဆက်လက်ချိုဖောက်နေဆဲဖြစ်တာမို့  လုံခြုံရေးမြှင့်တင်ထားတဲ့ တားမြစ်မှုတွေကို ပိုမိုလုပ်ဆောင်ရမယ်လို့ ဆိုလာပါတယ်။

- Advertisement -

နောက်ဆုံးအကြိမ် အသစ်ချမှတ်လိုက်တဲ့ တားမြစ်မှုအသစ်ကတော့  အမေရိကန်ပြည်ထောင်စုအခြေစိုက် နည်းပညာကုမ္ပဏီတွေက ထုတ်လုပ်တဲ့ Chip တွေကို Huawei ကုမ္ပဏီကို ရောင်းချခြင်းမပြုလုပ်ဖို့ပဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ကုန်သွယ်မှုအဖွဲ့အစည်း   အတွင်းရေးမှူး Wilbur Ross က “သူတို့ဘက်က သွယ်ဝိုက်သောနည်းနဲ့ဖြစ်စေ  လှည့်ကွက်တွေဘယ်လောက်ပဲ အသုံးပြုနေပါစေဦး မလိုလားအပ်တဲ့  ပြဿနာတွေကို  ရှောင်ရှားနိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့ကတော့  အကောင်းဆုံး ကြိုးစားနေပါတယ်။” လို့ ဆိုလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ တနင်္လာနေ့မှာတော့ အမေရိကန်ပြည်ထောင်စု သမ္မတကြီး Donald Trump က Fox News သတင်းဌာနကို “ကျွန်တော်တို့ရဲ့ အမျိုးသားရေးဆိုင်ရာ အချက်အလက်တွေကို တရုတ်နိုင်ငံအစိုးရအဖွဲ့က ခိုးကြောင်ခိုးဝှက်နဲ့ စောင့်ကြည့်နေတာမို့ ကျွန်တော်တို့က တရုတ်နိုင်ငံ  နည်းပညာကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ပစ္စည်းတွေကို အသုံးမပြုဖြစ်အောင် တားမြစ်လိုက်ရတာပါ။  ဒါ့အပြင် တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ပစ္စည်းတွေကို အသုံးပြုနေဆဲဖြစ်တဲ့ နိုင်ငံတွေကိုလည်း နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်တွေကို မျှဝေပြောပြသွားမှာ မဟုတ်ဘူး။”လို့ ဆိုခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်တော့ နည်းပညာစစ်ပွဲနဲ့ အမျိုးသားလုံခြုံမှုကို ကာကွယ်ရေးတွေ အပေါ်မှာမူတည်ပြီး အမေရိကန်ပြည်ထောင်စုနဲ့  တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကြားမှာ ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေကြောင့် Huawei ကုမ္ပဏီဟာ အကြပ်ရိုက်နေရတာပဲဖြစ်ပါတယ်။

<Unicode Version>

 

 

အေမရိကန္ျပည္ေထာင္စုအစိုးရအဖြဲ႔ရဲ႕ ခြင့္ျပဳခ်က္တင္းၾကပ္မႈေၾကာင့္  အခက္ေတြ႕ေနတဲ့ Huawei

အေမရိကန္ျပည္ေထာင္စု သမၼတႀကီး Donald Trump က တ႐ုတ္ႏိုင္ငံအေျခစိုက္ နည္းပညာကုမၸဏီေတြဟာ  အေမရိကန္ျပည္ေထာင္စု အမ်ိဳးသားေရးလံုျခံဳမႈကို ဒုကၡေပးဖို႔အတြက္ ၾကံရြယ္ေနႏိုင္တယ္လို႔ သံသယရွိေၾကာင္းကို မၾကာခဏထုတ္ေဖာ္ေျပာၾကားေနတာမို႔  အားလံုးကလည္း ၾကားသင့္သေလာက္ၾကားၿပီးသား ျဖစ္မွာပါ။

- Advertisement -

သမၼတႀကီး Donald Trump ရဲ႕ တိုက္တြန္းမႈေၾကာင့္ အေမရိကန္ျပည္ေထာင္စု  အာဏာပိုင္ေတြကလည္း တ႐ုတ္ႏိုင္ငံအေျခစိုက္ နည္းပညာကုမၸဏီျဖစ္တဲ့ Huawei ကုမၸဏီကို အေမရိကန္ျပည္ေထာင္စုအေျခစိုက္ နည္းပညာကုမၸဏီေတြနဲ႔ လက္တြဲျဖဳတ္ဖို႔အတြက္ တားျမစ္ျခင္းေတြကို တိုးျမင့္လိုက္ပါတယ္။

လြန္ခဲ့တဲ့ႏွစ္အတြင္းမွာလည္း Huawei ကုမၸဏီဟာ အေမရိကန္ျပည္ေထာင္စုအေျခစိုက္ နည္းပညာကုမၸဏီေတြျဖစ္တဲ့ Google ကုမၸဏီနဲ႔ အျခားေသာဆက္သြယ္ေရးဆိုင္ရာ  ဝန္ေဆာင္မႈေတြနဲ႔ လက္တြဲလုပ္ကိုင္ျခင္းကို တားျမစ္ခံလိုက္ရပါတယ္။ ၂၀၂၀ ခုႏွစ္  ေမလအတြင္းမွာေတာ့ အဆိုပါတားျမစ္မႈေတြဟာ ပိုမိုတင္းၾကပ္လာခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စု အိမ္ျဖဴေတာ္အစိုးရအဖြဲ႔ဟာ အေမရိကန္ျပည္ေထာင္စု  နည္းပညာကုမၸဏီေတြက တီထြင္ထုတ္လုပ္ထားတဲ့ နည္းပညာေတြကိုအသံုးျပဳၿပီး နည္းပညာပစၥည္းေတြ ထုတ္လုပ္ကာ တ႐ုတ္ႏိုင္ငံအေျခစိုက္ Huawei ကုမၸဏီသို႔  ေရာင္းခ်ခြင့္ကို  ပိတ္သိမ္းပစ္ခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စု ကုန္သြယ္မႈအဖြဲ႔အစည္းကေတာ့ Huawei ကုမၸဏီဟာ တားျမစ္မႈေတြကို အျပည့္အဝ လိုက္နာခ့ဲျခင္းမရွိဘဲ ဆက္လက္ခ်ိဳေဖာက္ေနဆဲျဖစ္တာမို႔  လံုျခံဳေရးျမႇင့္တင္ထားတဲ့ တားျမစ္မႈေတြကို ပိုမိုလုပ္ေဆာင္ရမယ္လို႔ ဆိုလာပါတယ္။

ေနာက္ဆံုးအႀကိမ္ အသစ္ခ်မွတ္လိုက္တဲ့ တားျမစ္မႈအသစ္ကေတာ့  အေမရိကန္ျပည္ေထာင္စုအေျခစိုက္ နည္းပညာကုမၸဏီေတြက ထုတ္လုပ္တဲ့ Chip ေတြကို Huawei ကုမၸဏီကို ေရာင္းခ်ျခင္းမျပဳလုပ္ဖို႕ပဲျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စု ကုန္သြယ္မႈအဖြဲ႔အစည္း   အတြင္းေရးမွဴး Wilbur Ross က “သူတို႔ဘက္က သြယ္ဝိုက္ေသာနည္းနဲ႔ျဖစ္ေစ  လွည့္ကြက္ေတြဘယ္ေလာက္ပဲ အသံုးျပဳေနပါေစဦး မလိုလားအပ္တဲ့  ျပႆနာေတြကို  ေရွာင္ရွားႏိုင္ဖို႔အတြက္ အေမရိကန္ျပည္ေထာင္စု အစိုးရအဖြဲ႕ကေတာ့  အေကာင္းဆံုး ႀကိဳးစားေနပါတယ္။” လို႔ ဆိုလာခဲ့ပါတယ္။

လြန္ခဲ့တဲ့ တနလၤာေန႔မွာေတာ့ အေမရိကန္ျပည္ေထာင္စု သမၼတႀကီး Donald Trump က Fox News သတင္းဌာနကို “ကၽြန္ေတာ္တို႔ရဲ႕ အမ်ိဳးသားေရးဆိုင္ရာ အခ်က္အလက္ေတြကို တ႐ုတ္ႏိုင္ငံအစိုးရအဖြဲ႕က ခိုးေၾကာင္ခိုးဝွက္နဲ႔ ေစာင့္ၾကည့္ေနတာမို႔ ကၽြန္ေတာ္တို႔က တ႐ုတ္ႏိုင္ငံ  နည္းပညာကုမၸဏီေတြက ထုတ္လုပ္တဲ့ ပစၥည္းေတြကို အသံုးမျပဳျဖစ္ေအာင္ တားျမစ္လိုက္ရတာပါ။  ဒါ့အျပင္ တ႐ုတ္ႏိုင္ငံအေျခစိုက္ နည္းပညာကုမၸဏီေတြက ထုတ္လုပ္တဲ့ ပစၥည္းေတြကို အသံုးျပဳေနဆဲျဖစ္တဲ့ ႏိုင္ငံေတြကိုလည္း ႏိုင္ငံေရးဆိုင္ရာ သတင္းအခ်က္အလက္ေတြကို မွ်ေဝေျပာျပသြားမွာ မဟုတ္ဘူး။”လို႔ ဆိုခဲ့ပါတယ္။

အဆိုပါျဖစ္ရပ္တစ္ခုလံုးကို ျပန္လည္သံုးသပ္ၾကည့္မယ္ဆိုရင္ေတာ့ နည္းပညာစစ္ပြဲနဲ႔ အမ်ိဳးသားလံုျခံဳမႈကို ကာကြယ္ေရးေတြ အေပၚမွာမူတည္ၿပီး အေမရိကန္ျပည္ေထာင္စုနဲ႔  တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံေတာ္ၾကားမွာ ျဖစ္ေပၚလာတဲ့ တင္းမာမႈေတြေၾကာင့္ Huawei ကုမၸဏီဟာ အၾကပ္႐ိုက္ေနရတာပဲျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ Skynews

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

8 + 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...