Breaking News
အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားရာ၌ သိထားသင့်သည့်အချက်များ။
လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် သင်တန်းအများစုကို ပိတ်ထားရဆဲဖြစ်ပေမယ့် အင်တာနက်ထွန်းကားလာသည့်ခေတ်၌ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားရန်အတွက် ကြီးမားတဲ့ အခက်အခဲမျိုးတော့ မရှိတော့ပါဘူး။ ဒါပေမယ့် အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားရာ၌လည်း သိထားသင့်သည့်အချက်များ၊ သတိထားသင့်သည်များရှိသောကြောင့် အရေးကြီးဆုံးအချက်များကို  ဖော်ပြပေးလိုက်ရပါတယ်။
၁။ မိမိစိ်တ််ဝင်စားသည့်အရာနဲ့ ပတ်သက်သောသင်ရိုးကို ရှာဖွေပါ။
နာမည်ကောင်းရထားသည့် အွန်လိုင်းပလက်ဖောင်းတစ်ခုကို သွားရောက်ပြီး မိမိစိတ်ဝင်စားသည့် သင်ခန်းစာများ၊ သင်ယူသူများမှ ကောင်းမွန်ကြောင်း ထောက်ခံပေးထားသည့် သင်ရိုးများကိုရှာဖွေပါ။ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားမယ့်သူများအနေဖြင့် ဆရာ၊ ဆရာမများ အသုံးပြုမည့် ဘာသာစကား၊ သင်ရိုးညွှန်းတမ်းတစ်ခုအတွက်ကြာချိန်နဲ့ မည်သည့်တက္ကသိုလ်က အဆိုပါသင်ရိုးကို  ထောက်ပံ့ပေးထားသည်ဆိုခြင်းကို ကြိုတင်သိရှိထားသင့်ပါတယ်။ အချို့သော ဝက်ဘ်ဆိုက်များ၌ သင်ရိုးညွှန်းတမ်းများအတွက် ကျောင်းသား၊ ကျောင်းသူများရဲ့ တုံ့ပြန်ချက်ကို ပြသထားသောကြောင့် မိမိနဲ့ကိုက်ညီသည့်သင်ရိုးများကို လွယ်ကူစွာလေ့လာသင်ယူနိုင်မည်ဖြစ်ပါတယ်။
၂။ သင်တန်းမအပ်ခင် သေချာစွာလေ့လာပါ။
မိမိတက်ရောက်လိုသည့်သင်တန်းကို တွေ့ရှိပါက အဆိုပါသင်တန်းမှ အစမ်းပြသထားသည့် ဗီဒီယိုများကို မိနစ် အနည်းငယ်ခန့် ဒါမှမဟုတ် တစ်နာရီမှနှစ်နာရီကြာမြင့်သည်အထိ သေချာလေ့လာပြီးမှ မိမိနဲ့အဆင်ပြေ၊ မပြေ ဆုံးဖြတ်ပြီး သင်တန်းတက်ရန် Register ပြုလုုပ်သင့်ပါတယ်။
၃။ တတ်နိုင်ပါက သင်တန်းဆင်းအသိအမှတ်ပြုလက်မှတ်ကိုရယူပါ။
အွန်လိုင်းပေါ်မှ အခမဲ့သင်ကြားရေးဝက်ဘ်ဆိုက်အားလုံးနီးပါးသည် သင်တန်းဆင်းပြီးဆုံးသွားပါက သင်တန်းဆင်းအသိအမှတ်ပြုလက်မှတ်ရယူရန်အတွက် ငွေကြေးပေးချေရန် လိုအပ်ပါတယ်။ သို့ဖြစ်ရာ မိမိက ငွေကြေးအတော်အသင့်တတ်နိုင်သူတစ်ယောက်ဖြစ်ပါက အဆိုပါသင်တန်းဆင်းလက်မှတ်ရရှိရန်အတွက် လိုအပ်သည့်ငွေပမာဏကို ပေးချေသင့်ပါတယ်။
၄။ သင်တန်းအသစ်များအကြောင်းကို မျက်စိဖွင့်နားစွင့်ထားပါ။
အချို့သောသင်တန်းအသစ်များ၊ သင်ရိုးညွှန်းတမ်းအသစ်များကို စိတ်ဝင်စားသူနည်းပါးနိုင်ပေမယ့် သင်ကြားပေးသည့် အကြောင်းအရာများက အင်မတန်စိတ်လှုပ်ရှားစရာကောင်းနေတာမျိုးဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် မိမိနဲ့မရင်းနှီးသည့် သင်တန်းများကိုလည်း လိုက်လံလေ့လာသင့်ပြီး ကောင်းမွန်သည်ဆိုပါက အပေါင်းအသင်းများထံ ပြန်လည်မျှဝေပေးသင့်ပါတယ်။
၅။ သင်တန်းပြီးဆုံးရန်အတွက်ချည်းပဲ အာရုံမစိုက်ပါနဲ့။
တော်တော်များများက အွန်လိုင်းမှာပညာသင်ကြားပြီဆိုပါက အမြန်ဆုံးအပြီးသတ်ရန်အတွက်သာ အာရုံစိုက်ထားကြပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမပြုလုပ်သင့်ဘဲ တစ်ရက်လျှင် မိမိပေးနိုင်သည့် အချိန် (၅) မိနစ် ဒါမှမဟုတ် (၅) နာရီသတ်သတ်မှတ်မှတ်ပေးပြီး စနစ်တကျလေ့လာသင့်ပါတယ်။
<Unicode Version>
၁။ မိမိစိတ်ဝင်စားသည့်အရာနဲ့ ပတ်သက်သောသင်ရိုးကို ရှာဖွေပါ။
မိမိတက်ရောက်လိုသည့်သင်တန်းကို တွေ့ရှိပါက အဆိုပါသင်တန်းမှ အစမ်းပြသထားသည့် ဗီဒီယိုများကို မိနစ် အနည်းငယ်ခန့် ဒါမှမဟုတ် တစ်နာရီမှနှစ်နာရီကြာမြင့်သည်အထိ သေချာလေ့လာပြီးမှ မိမိနဲ့အဆင်ပြေ၊ မပြေ ဆုံးဖြတ်ပြီး သင်တန်းတက်ရန် Register ပြုလုပ်သင့်ပါတယ်။
<Zawgyi Version>
#soshweeducation
#soshweforyourdailylife
#likeandshare
About So Shwe
Check Also
အလုပ်အင်တာဗျူးတွေမှာ အမေးအများဆုံးမေးခွန်းတွေက ဘာတွေဖြစ်မလဲ ? ? ?
အလုပ်တစ်ခုရရှိဖို့အတွက် ပထမဦးဆုံးအင်တာဗျူးဆိုတဲ့ လူတွေ့စစ်ဆေးမေးမြန်းတာကို လူတိုင်း ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီအလုပ်ကို ရနိုင်၊ မရနိုင်ဆိုတာကလည်း အင်တာဗျူးမှာ မိမိအနေနဲ့ ဘယ်လောက်ထိ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့သလဲ ? ? ? …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro