HomeSportမန်ချက်စတာမြို့ရဲ့အပယ်ခံဘဝမှ မီလန်မြို့ရဲ့အိမ်ရှေ့မင်းသားတစ်ပါးဖြစ်လာသူ (သို့မဟုတ်) လူကာကူ။

မန်ချက်စတာမြို့ရဲ့အပယ်ခံဘဝမှ မီလန်မြို့ရဲ့အိမ်ရှေ့မင်းသားတစ်ပါးဖြစ်လာသူ (သို့မဟုတ်) လူကာကူ။

- Advertisement -

အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လူကာကူသည် ရှက်တာဒိုးနက်အသင်းကို (၅) ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်၌ (၂) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် လက်ရှိဘောလုံးရာသီမှာ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၅၀) ကစား၊ သွင်းဂိုး (၃၃) ဂိုးသွင်းယူပေးထားနိုင်ပြီဖြစ်ပါတယ်။ လူကာကူ ယခုကဲ့သို့ခြေစွမ်းပြခဲ့သည့်ပွဲက ဆီဗီလာအသင်းကို အသင်းဟောင်း ယူနိုက်တက်အသင်းက ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှ ထွက်ခဲ့ရသည့် နောက်တစ်နေ့ဖြစ်နေခြင်းကလည်း ယူနိုက်တက်ပရိသတ်အတွက် ခါးသီးစရာဖြစ်ခဲ့ပါတယ်။

လူကာကူကို ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုက အဲဗာတန်အသင်းထံမှ ပြောင်းရွှေ့ကြေးပေါင် (၇၅) သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် ပထမဆုံးရာသီ၌ ပြိုင်ပွဲစုံသွင်းဂိုး (၂၇) ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် လူကာကူအတွက် ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့က  အောင်မြင်သည့်  အပြောင်းအရွှေ့တစ်ခုအဖြစ် အားလုံးကယူဆခဲ့ကြပါတယ်။ ဒါပေမယ့် မော်ရင်ဟိုရာထူးမှ အထုတ်ပယ်ခံရပြီး ဆိုးလ်ရှားမှ အသင်းကို ကိုင်တွယ်ခဲ့သည့်နောက် လူကာကူရဲ့ အခန်းကဏ္ဍက တဖြည်းဖြည်းမှေးမှိန်လာခဲ့ပြီး  နောက်ဆုံး၌ အင်တာမီလန်အသင်းထံသို့ ပြောင်းရွှေ့ကြေး ပေါင် (၇၄) သန်းဖြင့်  ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်ပါတယ်။

သို့ရာတွင်မူ လူကာကူအနေဖြင့် အင်တာမီလန်အသင်း၌ ခြေစွမ်းကောင်းများကို ဆက်တိုက်ပြသနေပြီး အင်တာမီလန်အသင်းအတွက် ဘရာဇီးဂန္တဝင်ကစားသမားကြီး ရော်နယ်ဒို တစ်ရာသီအတွင်း သွင်းယူခဲ့သည့် ပြိုင်ပွဲစုံသွင်းဂိုး (၃၄) ဂိုးကို လိုက်မှီရန်အတွက်လည်း တစ်ဂိုးသာလိုအပ်ပါတယ်။ သို့ဖြစ်ရာ လူကာကူအနေဖြင့် ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ကစားမယ့် ဆီဗီလာအသင်းနဲ့ပွဲ၌သာ နောက်ထပ် (၁) ဂိုးသွင်းယူနိုင်မယ်ဆိုပါက ဂန္တဝင်ကစားသမားကြီးတစ်ယောက်ရဲ့စံချိန်ကိုပါ လိုက်မှီနိုင်တော့မည်ဖြစ်ပါတယ်။ လူကာကူသည် ယူနိုက်တက်အသင်းနဲ့ နောက်ဆုံးဘောလုံးရာသီမှာ စိတ်ပျက်စရာခြေစွမ်းများကိုသာ ပြသနိုင်ခဲ့ပေမယ့် လက်ရှိအင်တာမီလန်နည်းပြကွန်တီရဲ့လက်ထက်၌မူ အသင်းအတွက် အဓိကအားကိုးရသည့် ကစားသမားတစ်ဦးအဖြစ်ရှိနေခဲ့ပါတယ်။

- Advertisement -

ရှက်တာဒိုးနက်အသင်းနဲ့ပွဲ၌ တစ်ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၅၀) ပြည့်မြောက်ခဲ့သည့် လူကာကူက လက်ရှိဘောလုံးရာသီ အီတလီစီးရီးအေကစားသမားများအနက် ပထမဆုံးပြိုင်ပွဲစုံ ပွဲပေါင်း (၅၀) ပြည့်မြောက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ မန်ချက်စတာမြို့မှာ အပယ်ခံဖြစ်ခဲ့သည့် လူကာကူကို လက်ရှိမီလန်မြို့ရဲ့ အိမ်ရှေ့မင်းသားတစ်ပါးအဖြစ် အီတလီမီဒီယာများက အမွှန်းတင်ရေးသားနေကြပြီး  ဘောလုံးပွဲဝေဖန်သုံးသပ်သူ နာမည်ကျော်ဘောလုံးသမားဟောင်းများကလည်း လူကာကူရဲ့ ခြေစွမ်းနဲ့ပတ်သက်၍ တဖွဖွချီးကျူးနေရပြီလည်းဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

 

 

မန္ခ်က္စတာၿမိဳ႕ရဲ႕အပယ္ခံဘဝမွ မီလန္ၿမိဳ႕ရဲ႕အိမ္ေရွ႕မင္းသားတစ္ပါးျဖစ္လာသူ (သို႔မဟုတ္) လူကာကူ။

အင္တာမီလန္အသင္းရဲ႕ တိုက္စစ္မွဴး လူကာကူသည္ ရွက္တာဒိုးနက္အသင္းကို (၅) ဂိုးျပတ္ျဖင့္ အႏိုင္ရရွိခဲ့သည့္ ယူရိုပါလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္၌ (၂) ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ လက္ရွိေဘာလံုးရာသီမွာ အင္တာမီလန္အသင္းအတြက္ ၿပိဳင္ပြဲစုံပြဲေပါင္း (၅၀) ကစား၊ သြင္းဂိုး (၃၃) ဂိုးသြင္းယူေပးထားႏုိင္ၿပီျဖစ္ပါတယ္။ လူကာကူ ယခုကဲ့သို႔ေျခစြမ္းျပခဲ့သည့္ပြဲက ဆီဗီလာအသင္းကို အသင္းေဟာင္း ယူႏုိက္တက္အသင္းက ၂-၁ ဂိုးျဖင့္ ရံႈးနိမ့္ကာ ယူရိုပါလိဂ္ဆီမီးဖိုင္နယ္မွ ထြက္ခဲ့ရသည့္ ေနာက္တစ္ေန႔ျဖစ္ေနျခင္းကလည္း ယူႏိုက္တက္ပရိသတ္အတြက္ ခါးသီးစရာျဖစ္ခဲ့ပါတယ္။

လူကာကူကို ယူႏိုက္တက္နည္းျပေဟာင္း ေမာ္ရင္ဟိုက အဲဗာတန္အသင္းထံမွ ေျပာင္းေရႊ႕ေၾကးေပါင္ (၇၅) သန္းျဖင့္ ေခၚယူခဲ့ျခင္းျဖစ္ၿပီး အသင္းအတြက္ ပထမဆုံးရာသီ၌ ၿပိဳင္ပြဲစံုသြင္းဂိုး (၂၇) ဂိုးသြင္းယူႏိုင္ခဲ့ျခင္းေၾကာင့္ လူကာကူအတြက္ ယူႏုိက္တက္အသင္းရဲ႕ အေျပာင္းအေရႊ႕က  ေအာင္ျမင္သည့္  အေျပာင္းအေရႊ႕တစ္ခုအျဖစ္ အားလုံးကယူဆခဲ့ၾကပါတယ္။ ဒါေပမယ့္ ေမာ္ရင္ဟိုရာထူးမွ အထုတ္ပယ္ခံရၿပီး ဆိုးလ္ရွားမွ အသင္းကို ကိုင္တြယ္ခဲ့သည့္ေနာက္ လူကာကူရဲ႕ အခန္းက႑က တျဖည္းျဖည္းေမွးမွိန္လာခဲ့ၿပီး  ေနာက္ဆုံး၌ အင္တာမီလန္အသင္းထံသို႔ ေျပာင္းေရႊ႕ေၾကး ေပါင္ (၇၄) သန္းျဖင့္  ေျပာင္းေရႊ႕သြားခဲ့ျခင္း ျဖစ္ပါတယ္။

သို႔ရာတြင္မူ လူကာကူအေနျဖင့္ အင္တာမီလန္အသင္း၌ ေျခစြမ္းေကာင္းမ်ားကို ဆက္တိုက္ျပသေနၿပီး အင္တာမီလန္အသင္းအတြက္ ဘရာဇီးဂႏၱဝင္ကစားသမားႀကီး ေရာ္နယ္ဒို တစ္ရာသီအတြင္း သြင္းယူခဲ့သည့္ ၿပိဳင္ပြဲစံုသြင္းဂိုး (၃၄) ဂိုးကို လိုက္မွီရန္အတြက္လည္း တစ္ဂိုးသာလိုအပ္ပါတယ္။ သို႔ျဖစ္ရာ လူကာကူအေနျဖင့္ ယူရိုပါလိဂ္ဗိုလ္လုပဲြအျဖစ္ ကစားမယ့္ ဆီဗီလာအသင္းနဲ႔ပဲြ၌သာ ေနာက္ထပ္ (၁) ဂိုးသြင္းယူႏိုင္မယ္ဆိုပါက ဂႏၱဝင္ကစားသမားႀကီးတစ္ေယာက္ရဲ႕စံခ်ိန္ကိုပါ လိုက္မွီႏိုင္ေတာ့မည္ျဖစ္ပါတယ္။ လူကာကူသည္ ယူႏိုက္တက္အသင္းနဲ႔ ေနာက္ဆုံးေဘာလံုးရာသီမွာ စိတ္ပ်က္စရာေျခစြမ္းမ်ားကိုသာ ျပသႏိုင္ခဲ့ေပမယ့္ လက္ရွိအင္တာမီလန္နည္းျပကြန္တီရဲ႕လက္ထက္၌မူ အသင္းအတြက္ အဓိကအားကိုးရသည့္ ကစားသမားတစ္ဦးအျဖစ္ရွိေနခဲ့ပါတယ္။

ရွက္တာဒိုးနက္အသင္းနဲ႔ပဲြ၌ တစ္ရာသီအတြင္း ၿပိဳင္ပြဲစုံ ပဲြေပါင္း (၅၀) ျပည့္ေျမာက္ခဲ့သည့္ လူကာကူက လက္ရွိေဘာလံုးရာသီ အီတလီစီးရီးေအကစားသမားမ်ားအနက္ ပထမဆံုးၿပိဳင္ပြဲစုံ ပြဲေပါင္း (၅၀) ျပည့္ေျမာက္ခဲ့ျခင္းလည္း ျဖစ္ပါတယ္။ မန္ခ်က္စတာၿမိဳ႕မွာ အပယ္ခံျဖစ္ခဲ့သည့္ လူကာကူကို လက္ရွိမီလန္ၿမိဳ႕ရဲ႕ အိမ္ေရွ႕မင္းသားတစ္ပါးအျဖစ္ အီတလီမီဒီယာမ်ားက အမႊန္းတင္ေရးသားေနၾကၿပီး  ေဘာလံုးပြဲေဝဖန္သုံးသပ္သူ နာမည္ေက်ာ္ေဘာလံုးသမားေဟာင္းမ်ားကလည္း လူကာကူရဲ႕ ေျခစြမ္းနဲ႔ပတ္သက္၍ တဖြဖြခ်ီးက်ဴးေနရၿပီလည္းျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

 

Source ~ BBC

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 + seven =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...