HomeBanking & Financeကမ္ဘာ့အချမ်းသာအကြွယ်ဝဆုံးစာရင်းတွင် နံပါတ် (၄) နေရာရောက်ရှိသွားပြီဖြစ်တဲ့ အိန္ဒိယသူဌေးကြီး။

ကမ္ဘာ့အချမ်းသာအကြွယ်ဝဆုံးစာရင်းတွင် နံပါတ် (၄) နေရာရောက်ရှိသွားပြီဖြစ်တဲ့ အိန္ဒိယသူဌေးကြီး။

- Advertisement -

အိန္ဒိယနိုင်ငံက စီးပွါးရေးလုပ်ငန်းရှင်ကြီး Mukesh Ambani ဆိုသူဟာ လက်ရှိပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၈၀.၆ ဘီလျံရှိပြီး ကမ္ဘာ့အချမ်းသာအကြွယ်ဝဆုံးသော သူကြွယ်စာရင်းထဲမှာ  နံပါတ် (၄) ချိတ်သွားပါတယ်။ ဒါ့အပြင် Mukesh Ambani ဟာ အိန္ဒိယနိုင်ငံမှာလည်း အချမ်းသာဆုံး  သူကြွယ်တစ်ဦးပဲ ဖြစ်ပါတယ်။

Bloomberg Billionaire Index ရဲ့ ပြောကြားချက်အရ အိန္ဒိယနိုင်ငံအခြေစိုက် Reliance Industries Ltd ကုမ္ပဏီပိုင်ရှင် Mukesh Ambani ဟာ ဒီနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ  ၂၂ ဘီလျံ ရှာဖွေစုဆောင်းနိုင်ပြီးတဲ့နောက်မှာတော့ ကမ္ဘာ့အချမ်းသာအကြွယ်ဝဆုံးသော သူကြွယ်စာရင်းထဲမှာ  နံပါတ်(၄)ချိတ်သွားခြင်းဖြစ်ပါတယ်။

- Advertisement -

Mukesh Ambani ဟာ ပြင်သစ်နိုင်ငံအခြေစိုက် ကမ္ဘာ့ထိပ်တန်း ဖက်ရှင်ကုမ္ပဏီ LVMH – Moet Hennessy Louis Viutton ပိုင်ရှင် Bernard Arnault ထက်ကို ပိုပြီးချမ်းသာကြွယ်ဝလာတယ်လို့  ဆိုနိုင်ပါတယ်။ ဒါ့အပြင် Mukesh Ambani ဟာ အခြားသော နာမည်ကြီး သူကြွယ်ကြီးတွေဖြစ်တဲ့ Elon Musk ၊ Sergey Brin ၊ Larry Page နဲ့ Warren Buffett တို့ထက်ကို ပိုင်ဆိုင်မှုတန်ဖိုးတွေ  များသထက်များလာပါတယ်။ Mukesh Ambani ရဲ့ အထက်မှာတော့ Jeff Bezos ၊ Bill Gates နဲ့ Mark Zuckerberg တို့ပဲ ရှိပါတော့တယ်။

- Advertisement -

တစ်ကမ္ဘာလုံးက Covid-19 ကို စတင်တိုက်ခိုက်နေရစဉ် ကာလအတွင်းမှာတော့ Mukesh Ambani ရဲ့ စီးပွားရေးလုပ်ငန်းထဲက တစ်ခုဖြစ်တဲ့ စက်သုံးဆီရောင်းဝယ်ရေးကဏ္ဍမှာ ဝယ်လိုအားကျဆင်းမှုကို  အလူးအလဲခံစားခဲ့ရပါတယ်။ ဒါပေမယ့် Facebook ကုမ္ပဏီနဲ့ Google ကုမ္ပဏီတို့က Mukesh Ambani ရဲ့ စီးပွားရေးလုပ်ငန်းမှာ အစုရှယ်ယာဝင်ခဲ့ကြတာကြောင့် ကုမ္ပဏီရှယ်ယာတန်ဖိုးကတော့  ကျဆင်းနေရာကနေ နှစ်ဆလောက်ထိုးတက်ခဲ့ပါတယ်။

- Advertisement -

အိန္ဒိယနိုင်ငံအတွင်းမှာရှိတဲ့ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းကဏ္ဍ တိုးတက်လာမှုကိုကြည့်ပြီး နည်းပညာကုမ္ပဏီကြီးတွေက အိန္ဒိယနိုင်ငံ ဒီဂျစ်တယ်စျေးကွက်ကို  မျက်စိကျနေခဲ့တဲ့အချိန်အတွင်းမှာတော့ Mukesh Ambani ဟာ ဒီဂျစ်တယ်ကုန်သွယ်မှုကဏ္ဍကို ပိုမိုအလေးထား လုပ်ဆောင်ခဲ့ပါတယ်။

Google ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ကမ္ဘာ့လူဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့  အိန္ဒိယနိုင်ငံမှာ ဒီဂျစ်တယ်နည်းပညာကို ပိုမိုတိုးတက်စေလိုတာကြောင့် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ အသုံးပြုပြီး ကူညီသွားမယ်လို့ ဆိုခဲ့ပါတယ်။

<Unicode Version>

 

 

ကမာၻ႔အခ်မ္းသာအႂကြယ္ဝဆံုးစာရင္းတြင္ နံပါတ္ (၄) ေနရာေရာက္ရွိသြားၿပီျဖစ္တ့ဲ  အိႏၵိယသူေဌးႀကီး။

အိႏၵိယႏိုင္ငံက စီးပြါးေရးလုပ္ငန္းရွင္ႀကီး Mukesh Ambani ဆိုသူဟာ လက္ရွိပိုင္ဆိုင္မႈတန္ဖိုး အေမရိကန္ေဒၚလာ ၈၀.၆ ဘီလ်ံရွိၿပီး ကမာၻ႔အခ်မ္းသာအႂကြယ္ဝဆံုးေသာ သူႂကြယ္စာရင္းထဲမွာ  နံပါတ္ (၄) ခ်ိတ္သြားပါတယ္။ ဒါ့အျပင္ Mukesh Ambani ဟာ အိႏၵိယႏိုင္ငံမွာလည္း အခ်မ္းသာဆံုး  သူႂကြယ္တစ္ဦးပဲ ျဖစ္ပါတယ္။

Bloomberg Billionaire Index ရဲ႕ ေျပာၾကားခ်က္အရ အိႏၵိယႏိုင္ငံအေျခစိုက္ Reliance Industries Ltd ကုမၸဏီပိုင္ရွင္ Mukesh Ambani ဟာ ဒီႏွစ္အတြင္းမွာ အေမရိကန္ေဒၚလာ  ၂၂ ဘီလ်ံ ရွာေဖြစုေဆာင္းႏိုင္ၿပီးတဲ့ေနာက္မွာေတာ့ ကမာၻ႔အခ်မ္းသာအႂကြယ္ဝဆံုးေသာ သူႂကြယ္စာရင္းထဲမွာ  နံပါတ္(၄)ခ်ိတ္သြားျခင္းျဖစ္ပါတယ္။

Mukesh Ambani ဟာ ျပင္သစ္ႏိုင္ငံအေျခစိုက္ ကမာၻ႔ထိပ္တန္း ဖက္ရွင္ကုမၸဏီ LVMH – Moet Hennessy Louis Viutton ပိုင္ရွင္ Bernard Arnault ထက္ကို ပိုၿပီးခ်မ္းသာႂကြယ္ဝလာတယ္လို႔  ဆိုႏိုင္ပါတယ္။ ဒါ့အျပင္ Mukesh Ambani ဟာ အျခားေသာ နာမည္ႀကီး သူႂကြယ္ႀကီးေတြျဖစ္တဲ့ Elon Musk ၊ Sergey Brin ၊ Larry Page နဲ႔ Warren Buffett တို႔ထက္ကို ပိုင္ဆိုင္မႈတန္ဖိုးေတြ  မ်ားသထက္မ်ားလာပါတယ္။ Mukesh Ambani ရဲ႕ အထက္မွာေတာ့ Jeff Bezos ၊ Bill Gates နဲ႔ Mark Zuckerberg တို႔ပဲ ရွိပါေတာ့တယ္။

တစ္ကမာၻလံုးက Covid-19 ကို စတင္တိုက္ခိုက္ေနရစဥ္ ကာလအတြင္းမွာေတာ့ Mukesh Ambani ရဲ႕ စီးပြားေရးလုပ္ငန္းထဲက တစ္ခုျဖစ္တဲ့ စက္သံုးဆီေရာင္းဝယ္ေရးက႑မွာ ဝယ္လိုအားက်ဆင္းမႈကို  အလူးအလဲခံစားခဲ့ရပါတယ္။ ဒါေပမယ့္ Facebook ကုမၸဏီနဲ႔ Google ကုမၸဏီတို႔က Mukesh Ambani ရဲ႕ စီးပြားေရးလုပ္ငန္းမွာ အစုရွယ္ယာဝင္ခဲ့ၾကတာေၾကာင့္ ကုမၸဏီရွယ္ယာတန္ဖိုးကေတာ့  က်ဆင္းေနရာကေန ႏွစ္ဆေလာက္ထိုးတက္ခဲ့ပါတယ္။

အိႏၵိယႏိုင္ငံအတြင္းမွာရွိတဲ့ ဒီဂ်စ္တယ္စီးပြားေရးလုပ္ငန္းက႑ တိုးတက္လာမႈကိုၾကည့္ၿပီး နည္းပညာကုမၸဏီႀကီးေတြက အိႏၵိယႏိုင္ငံ ဒီဂ်စ္တယ္ေစ်းကြက္ကို  မ်က္စိက်ေနခဲ့တဲ့အခ်ိန္အတြင္းမွာေတာ့ Mukesh Ambani ဟာ ဒီဂ်စ္တယ္ကုန္သြယ္မႈက႑ကို ပိုမိုအေလးထား လုပ္ေဆာင္ခဲ့ပါတယ္။

Google ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကလည္း ကမာၻ႕လူဦးေရ ဒုတိယအမ်ားဆံုးႏိုင္ငံျဖစ္တဲ့  အိႏၵိယႏိုင္ငံမွာ ဒီဂ်စ္တယ္နည္းပညာကို ပိုမိုတိုးတက္ေစလိုတာေၾကာင့္ အေမရိကန္ေဒၚလာ ၁၀ ဘီလ်ံ အသံုးျပဳၿပီး ကူညီသြားမယ္လို႔ ဆိုခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ Bangkok Post

#SY(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

 

 

 

- Advertisement -

Must Read