HomeBanking & FinanceCovid-19 ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ခြင်းက နိုင်ငံတကာစီးပွားရေးကို ကယ်တင်နိုင်မှာလား?

Covid-19 ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ခြင်းက နိုင်ငံတကာစီးပွားရေးကို ကယ်တင်နိုင်မှာလား?

- Advertisement -

ကမ္ဘာတစ်ဝှမ်းက နိုင်ငံတော်တော်များများမှာ COVID-19  ရောဂါပျံ့နှံ့ကူးစက်မှု ဒုတိယလိုင်းကို ကြုံတွေ့နေရပြီး အခုချိန်ထိ ရောဂါပိုးကူးစက်ခံရသူတွေ ရှိနေဆဲဖြစ်ကာ ရောဂါကြောင့်  သေဆုံးသူဦးရေ အများအပြားရှိနေဆဲ ဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံရမှုကြောင့် တန်ဖိုးရှိတဲ့ လူ့အသက်တွေကို ဆုံးရှုံးနေရတဲ့အပြင် ကူးသန်းသွားလာမှုတွေကို ကန့်သတ်ထားရတာကြောင့် ကုန်စည်စီးဆင်းမှုနဲ့ နိုင်ငံခြားဝင်ငွေစီးဝင်မှု နည်းပါးလာပြီး  နိုင်ငံ့စီးပွားရေးအခြေအနေကလည်း  ယိုင်နဲ့လာပါတယ်။

အဆင့်မြင့်နည်းပညာတွေ ထွန်းကားတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ  သုတေသနဌာနတွေက ရောဂါပိုးကာကွယ်ဆေးကို တောက်လျှောက်စမ်းသပ် တီထွင်နေကြတာပဲဖြစ်ပါတယ်။ ကုသဆေးကို မရှာဖွေနိုင်သေးခင်မှာတော့  ကာကွယ်ဆေးကိုအရင်  တီထွင်ခြင်းအားဖြင့် နိုင်ငံရဲ့စီးပွါးရေးကို ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

- Advertisement -

နိုင်ငံ့စီးပွါးရေးကို ပုံမှန်ပြန်လည်ပတ်စေနိုင်ဖို့အတွက်ဆိုရင်တော့ ကူးသန်းသွားလာမှုတွေကို  ပြန်လည်ဖွင့်လှစ်ပေးရမှာပဲဖြစ်ပါတယ်။ ကူးသန်းသွားလာမှုတွေကို  ပြန်လည်ဖွင့်လှစ်လိုက်ပြီဆိုတာနဲ ့ နိုင်ငံခြားခရီးသွားတွေကို နိုင်ငံအတွင်း ဝင်ခွင့်ပြုရမှာဖြစ်ပြီး နိုင်ငံအတွင်းကို ဝင်လာချိန်မှာတော့  ရောဂါကာကွယ်ဆေးကို အသုံးပြုထားတယ်ဆိုရင် ရောဂါကူးစက်မှုကို စိုးရိမ်စရာမရှိတော့ပါဘူး။ ကာကွယ်ဆေးကို အသုံးပြုသူများလာလေလေ ရောဂါပိုးကူးစက်ခံရသူ  နည်းလာလေလေပါပဲ။

- Advertisement -

အခုလက်ရှိမှာတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သုတေသနပညာရှင်တွေက အမျိုးအစားမတူညီတဲ့ ကာကွယ်ဆေးပေါင်း ၁၅၀ ကို ဆက်လက်စမ်းသပ်တီထွင်နေဆဲဖြစ်ပြီး ကာကွယ်ဆေး ၂၆ မျိုးကတော့ အသက်အရွယ်အပိုင်းအခြားအပေါ်မူတည်ပြီး အသုံးပြုသလောက်ပြုပြီးသွားပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးတွေ ဦးနှောက်စားနေရတဲ့ ပြဿနာတစ်ရပ်ကတော့ ချမ်းသာတဲ့နိုင်ငံတွေမှာတောင်မှ မချမ်းသာတဲ့ လူတန်းစားတစ်ရပ်က ဒီကာကွယ်ဆေးကို ဝယ်ပြီးအသုံးပြုနိုင်ပါ့မလားပေါ့။

- Advertisement -

ဇူလိုင်လအကုန်ပိုင်းမှာတော့ အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့က အဆင့်မြင့်ဆေးဝါးနည်းပညာတွေ အသုံးပြုပြီး ကာကွယ်ဆေးထုတ်လုပ်ပေးနိုင်မယ့် နိုင်ငံတကာအခြေစိုက် Pfizer ဆေးကုမ္ပဏီနဲ့ ဂျာမနီနိုင်ငံအခြေစိုက် BioNTech ကုမ္ပဏီတွေကို Covid-19 ရောဂါကာကွယ်ဆေးကို ဖြစ်နိုင်ရင် အချိန်တိုအတွင်းထုတ်လုပ်ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂ ဘီလျံကို စိုက်ထုတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု  အစိုးရအဖွဲ့က ၂၀၂၀ ခုနှစ်အကုန်မှာ ကာကွယ်ဆေး သန်း ၁၀၀ ကိုထုတ်လုပ်ပေးဖို့ အဆိုပါဆေးကုမ္ပဏီတွေကို တောင်းဆိုညှိနှိုင်းထားတာပဲ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးက Covid-19  ရောဂါပိုး  ကူးစက်ခံရသူဦးရေ လျှော့ချနိုင်အောင် ကာကွယ်မှုတွေ၊  ကာကွယ်ဆေးနဲ့ ကုသဆေးတွေ ဖော်ထုတ်ရင်း အလုပ်ရှုပ်နေချိန်မှာ တရုတ်နိုင်ငံကလည်း Covid-19  ရောဂါကို တိုက်ထုက်နိုင်ဖို့အတွက် ကာကွယ်ဆေးနဲ့ ကုသဆေးတွေ ထုတ်လုပ်နိုင်ဖို့  အမေရိကန်ဒေါ်လာ ၁၄၀ ဘီလျံကို အသုံးပြုနေပြီဖြစ်တယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေက  ဖော်ထုတ်ပြောပြခဲ့ပါတယ်။

အချို့နိုင်ငံတွေမှာ Covid-19 ရောဂါကာကွယ်ဆေးတွေကို ထုတ်လုပ်ပြီးနေပြီဖြစ်တာကြောင့် အဆိုပါနိုင်ငံတွေက ကျန်းမာရေးတာဝန်ရှိသူတွေဟာ ရောဂါကာကွယ်ဆေးကို သက်ကြီးရွယ်အိုတွေမှာ  စတင်အသုံးပြုပေးဖို့အတွက် ပြင်ဆင်နေကြပြီဖြစ်တယ်လို့လည်း သိရပါတယ်။

<Unicode Version>

 

 

Covid-19 ေရာဂါကာကြယ္ေဆး ထုတ္လုပ္ႏိုင္ျခင္းက ႏိုင္ငံတကာစီးပြားေရးကို  ကယ္တင္ႏိုင္မွာလား?

ကမာၻတစ္ဝွမ္းက ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ COVID-19  ေရာဂါပ်ံ႕ႏွံ႔ကူးစက္မႈ ဒုတိယလိုင္းကို ၾကံဳေတြ႕ေနရၿပီး အခုခ်ိန္ထိ ေရာဂါပိုးကူးစက္ခံရသူေတြ ရွိေနဆဲျဖစ္ကာ ေရာဂါေၾကာင့္  ေသဆံုးသူဦးေရ အမ်ားအျပားရွိေနဆဲ ျဖစ္ပါတယ္။ ေရာဂါပိုးကူးစက္ခံရမႈေၾကာင့္ တန္ဖိုးရွိတဲ့ လူ႔အသက္ေတြကို ဆံုး႐ႈံးေနရတဲ့အျပင္ ကူးသန္းသြားလာမႈေတြကို ကန္႔သတ္ထားရတာေၾကာင့္ ကုန္စည္စီးဆင္းမႈနဲ႔ ႏိုင္ငံျခားဝင္ေငြစီးဝင္မႈ နည္းပါးလာၿပီး  ႏိုင္ငံ့စီးပြားေရးအေျခအေနကလည္း  ယိုင္နဲ႔လာပါတယ္။

အဆင့္ျမင့္နည္းပညာေတြ ထြန္းကားတဲ့ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာရွိတဲ့ က်န္းမာေရးဆိုင္ရာ  သုေတသနဌာနေတြက ေရာဂါပိုးကာကြယ္ေဆးကို ေတာက္ေလွ်ာက္စမ္းသပ္ တီထြင္ေနၾကတာပဲျဖစ္ပါတယ္။ ကုသေဆးကို မရွာေဖြႏိုင္ေသးခင္မွာေတာ့  ကာကြယ္ေဆးကိုအရင္  တီထြင္ျခင္းအားျဖင့္ ႏိုင္ငံရဲ႕စီးပြါးေရးကို ပံုမွန္ျပန္လည္ပတ္ႏိုင္ဖို႔ အေထာက္အကူျပဳႏိုင္မွာ ျဖစ္ပါတယ္။

ႏိုင္ငံ့စီးပြါးေရးကို ပံုမွန္ျပန္လည္ပတ္ေစႏိုင္ဖို႔အတြက္ဆိုရင္ေတာ့ ကူးသန္းသြားလာမႈေတြကို  ျပန္လည္ဖြင့္လွစ္ေပးရမွာပဲျဖစ္ပါတယ္။ ကူးသန္းသြားလာမႈေတြကို  ျပန္လည္ဖြင့္လွစ္လိုက္ၿပီဆိုတာနဲ ႔ ႏိုင္ငံျခားခရီးသြားေတြကို ႏိုင္ငံအတြင္း ဝင္ခြင့္ျပဳရမွာျဖစ္ၿပီး ႏိုင္ငံအတြင္းကို ဝင္လာခ်ိန္မွာေတာ့  ေရာဂါကာကြယ္ေဆးကို အသံုးျပဳထားတယ္ဆိုရင္ ေရာဂါကူးစက္မႈကို စိုးရိမ္စရာမရွိေတာ့ပါဘူး။ ကာကြယ္ေဆးကို အသံုးျပဳသူမ်ားလာေလေလ ေရာဂါပိုးကူးစက္ခံရသူ  နည္းလာေလေလပါပဲ။

အခုလက္ရွိမွာေတာ့ ကမာၻတစ္ဝွမ္းမွာရွိတဲ့ သုေတသနပညာရွင္ေတြက အမ်ိဳးအစားမတူညီတဲ့ ကာကြယ္ေဆးေပါင္း ၁၅၀ ကို ဆက္လက္စမ္းသပ္တီထြင္ေနဆဲျဖစ္ၿပီး ကာကြယ္ေဆး ၂၆ မ်ိဳးကေတာ့ အသက္အရြယ္အပိုင္းအျခားအေပၚမူတည္ၿပီး အသံုးျပဳသေလာက္ျပဳၿပီးသြားၿပီပဲျဖစ္ပါတယ္။ ဒါေပမယ့္ က်န္းမာေရးဝန္ႀကီးေတြ ဦးေႏွာက္စားေနရတဲ့ ျပႆနာတစ္ရပ္ကေတာ့ ခ်မ္းသာတဲ့ႏိုင္ငံေတြမွာေတာင္မွ မခ်မ္းသာတဲ့ လူတန္းစားတစ္ရပ္က ဒီကာကြယ္ေဆးကို ဝယ္ၿပီးအသံုးျပဳႏိုင္ပါ့မလားေပါ့။

ဇူလိုင္လအကုန္ပိုင္းမွာေတာ့ အေမရိကန္ျပည္ေထာင္စု အစိုးရအဖြဲ႔က အဆင့္ျမင့္ေဆးဝါးနည္းပညာေတြ အသံုးျပဳၿပီး ကာကြယ္ေဆးထုတ္လုပ္ေပးႏိုင္မယ့္ ႏိုင္ငံတကာအေျခစိုက္ Pfizer ေဆးကုမၸဏီနဲ႔ ဂ်ာမနီႏိုင္ငံအေျခစိုက္ BioNTech ကုမၸဏီေတြကို Covid-19 ေရာဂါကာကြယ္ေဆးကို ျဖစ္ႏိုင္ရင္ အခ်ိန္တိုအတြင္းထုတ္လုပ္ေပးႏိုင္ဖို႔ အေမရိကန္ေဒၚလာ ၂ ဘီလ်ံကို စိုက္ထုတ္ေပးခဲ့တာပဲျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စု  အစိုးရအဖြဲ႔က ၂၀၂၀ ခုႏွစ္အကုန္မွာ ကာကြယ္ေဆး သန္း ၁၀၀ ကိုထုတ္လုပ္ေပးဖို႔ အဆိုပါေဆးကုမၸဏီေတြကို ေတာင္းဆိုညႇိႏႈိင္းထားတာပဲ ျဖစ္ပါတယ္။

တစ္ကမာၻလံုးက Covid-19  ေရာဂါပိုး  ကူးစက္ခံရသူဦးေရ ေလွ်ာ့ခ်ႏိုင္ေအာင္ ကာကြယ္မႈေတြ၊  ကာကြယ္ေဆးနဲ႔ ကုသေဆးေတြ ေဖာ္ထုတ္ရင္း အလုပ္႐ႈပ္ေနခ်ိန္မွာ တ႐ုတ္ႏိုင္ငံကလည္း Covid-19  ေရာဂါကို တိုက္ထုက္ႏိုင္ဖို႔အတြက္ ကာကြယ္ေဆးနဲ႔ ကုသေဆးေတြ ထုတ္လုပ္ႏိုင္ဖို႔  အေမရိကန္ေဒၚလာ ၁၄၀ ဘီလ်ံကို အသံုးျပဳေနၿပီျဖစ္တယ္လို႔ ႏိုင္ငံတကာ သတင္းမီဒီယာေတြက  ေဖာ္ထုတ္ေျပာျပခဲ့ပါတယ္။

အခ်ိဳ႕ႏိုင္ငံေတြမွာ Covid-19 ေရာဂါကာကြယ္ေဆးေတြကို ထုတ္လုပ္ၿပီးေနၿပီျဖစ္တာေၾကာင့္ အဆိုပါႏိုင္ငံေတြက က်န္းမာေရးတာဝန္ရွိသူေတြဟာ ေရာဂါကာကြယ္ေဆးကို သက္ႀကီးရြယ္အိုေတြမွာ  စတင္အသံုးျပဳေပးဖို႔အတြက္ ျပင္ဆင္ေနၾကၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။

<Zawgyi Version>

 

Source ~ Oxfordbusinessgroup

#SY(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read