HomeEntertainmentMusic Video အသစ်အတွက် Kylie Jenner ကို အကာအကွယ်ပေးလိုက်သည့် Cardi B

Music Video အသစ်အတွက် Kylie Jenner ကို အကာအကွယ်ပေးလိုက်သည့် Cardi B

- Advertisement -

WAP ဟု အမည်ရသည့် Music Video ၌ Kylie Jenner ပါဝင်သရုပ်ဆောင်ထားခြင်းအတွက် ဝေဖန်မှုများ ထွက်ပေါ်နေသည့်အပေါ် Cardi B က Jenner ဘက်မှ ရပ်တည်ပြီး ကာကွယ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါသီချင်းကို Cardi B နဲ့ Megan Thee Stallion တို့က ပထမဆုံးအကြိမ်အဖြစ် နှစ်ယောက်ပေါင်းကာ သီဆိုခဲ့ခြင်းဖြစ်ပေမယ့် ဗီဒီယိုအတွင်း၌ Jenner ပါဝင်လာခဲ့ခြင်းအပေါ် ပရိသတ်များက ဆိုရှယ်မီဒီယာများမှတစ်ဆင့် လှောင်ပြောင်နေကြခြင်းဖြစ်ပါတယ်။

လက်ရှိအချိန်၌ အဆိုပါဗီဒီယိုထဲမှ Jenner ကို ဖယ်ရှားပေးရန်အတွက် အွန်လိုင်းမှတစ်ဆင့် လက်မှတ်ထိုး  တောင်းဆိုနေကြပြီး အဆိုပါလှုပ်ရှားမှု၌ ပါဝင်လက်မှတ်ထိုးသူအရေအတွက်က (၃၅,၀၀၀) နီးပါးအထိ ရှိလာခဲ့ပါတယ်။ သို့ဖြစ်ရာ Cardi B က “မတူညီတဲ့ အမျိုးသမီးတွေ၊ မတူညီတဲ့ နောက်ခံပြကွက်တွေနဲ့ အပြိုင်အဆိုင်သရုပ်ဆောင်တာတွေ ပါဝင်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေအားလုံးက အရမ်းကိုအင်အားကြီးမားပြီး သြဇာအာဏာရှိပါတယ်။” ဟု သူမရဲ့ တွစ်တာမှတစ်ဆင့် Jenner ကို ရည်ရွယ်ပြီး ကာကွယ်ပေးသွားခဲ့ပါတယ်။

- Advertisement -

Jenner ကလည်း သူမရဲ့ အင်စတာဂရမ်စာမျက်နှာ၌ WAP Music Video အတွင်း ပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်ကွက်တစ်ခုကို ဓာတ်ပုံအဖြစ် ပြန်တင်ထားပြီး အဆိုပါဓာတ်ပုံကို Jenner ရဲ့ မိခင်ဖြစ်သူက ရိုက်ကူးပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

 

 




- Advertisement -


<Zawgyi Version>

 

Source ~ EW

#HM(Soshwe)

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

20 − 11 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...