(၂၀၂၀) ခုနှစ်အတွင်း၌ ကမ္ဘာတစ်ဝှမ်းကူးစက်ပျံ့နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးရှိ စီးပွားရေးလုပ်ငန်းများအားလုံးကို အကြီးအကျယ် အကျပ်ရိုက်စေခဲ့ပြီး နိုင်ငံတကာ စားသောက်ဆိုင်များအဖွဲ့ချုပ်မှ ထွက်ပေါ်လာသည့်အချက်အလက်များအရ စားသောက်ဆိုင်များအနေဖြင့် မတ်လမှ မေလအထိ (၃) လတာကာလအတွင်း၌ပင် ဒေါ်လာ ဘီလီယံ (၁၂၀) အထိ အရှုံးပေါ်ခဲ့ကြောင်း သိရှိရပါတယ်။
ဒါ့အပြင် ယခုဖြစ်ပေါ်နေသည့်အနေအထားများအရ (၂၀၂၀) နှစ်ကုန်ပိုင်း၌ အဆိုပါအရှုံးငွေပမာဏသည် (၂) ဆအထိ မြင့်တက်သွားဖွယ်ရှိကြောင်း ခန့်မှန်းထားပြီး ခန့်မှန်းထားသည့်အတိုင်းသာဖြစ်လာမယ်ဆိုပါက စားသောက်ဆိုင်များအနေဖြင့် လာမယ့်ဒီဇင်ဘာလအကုန်၌ ဒေါ်လာ ဘီလီယံ (၂၄၀) အထိ အရှုံးပေါ်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် စတင်ကူးစက်သည့် အချိန်ကာလအစောပိုင်း၌ စားသုံးသူအများအပြားက ဆိုင်သို့ဖုန်းဆက်ကာ စားသောက်ဖွယ်ရာများကို မှာယူခြင်းကြောင့် အခက်အခဲများနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်အတွင်းက စားသောက်ဆိုင်ပေါင်း (၂၆) ဆိုင်ပိတ်သိမ်းခဲ့ရပြီး ယခု (၂၀၂၀) ခုနှစ်အတွင်း၌မူ အဆိုပါအရေအတွက်ထက် ပိုမိုများပြားသည့် စားသောက်ဆိုင်များကို ပိတ်သိမ်းရဖွယ်ရှိကြောင်းလည်း ခန့်မှန်းထားကြပါတယ်။ အခြားတစ်ဖက်၌ Mobile Applications များဖြင့် အစားအသောက်များကို အချိန်နဲ့တစ်ပြေးညီ မှာယူလာနိုင်ခြင်းက ကိိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်ချေကို မြင့်မားစေကြောင်းဆိုခဲ့ကြပြီး အဆိုပါအချက်ကလည်း စားသောက်ဆိုင်များကို အကြီးအကျယ် ထိုးနှက်ခဲ့ကြောင်း လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။
<Unicode Version>
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကြီးအကျယ်ထိခိုက်နစ်နာခဲ့ရသည့် ကမ္ဘာတစ်ဝှမ်းမှစားသောက်ဆိုင်များ။
<Zawgyi Version>
Source ~ Reader’sDigest
#HM(Soshwe)
#soshwebankingandfinance
#soshweforyourdailylife
#likeandshare