HomeEducationကိုရိုနာဗိုင်းရပ်စ်အလွန်၌ စိတ်ဝင်စားဖွယ်ကောင်းလာသည့် မြန်မာ့ပညာရေးလောက။

ကိုရိုနာဗိုင်းရပ်စ်အလွန်၌ စိတ်ဝင်စားဖွယ်ကောင်းလာသည့် မြန်မာ့ပညာရေးလောက။

- Advertisement -

ကိုရိုနာဗိုင်းရပ်စ်အလွန် မြန်မာ့ပညာရေးလောကအနေဖြင့် ပိုမိုပျော်ရွှင်စရာကောင်းလာပြီး ထိရောက်မှုပိုရှိလာကြောင်း လသာမြို့နယ်ပညာရေးမှူး ဒေါ်စုစုလှိုင်ကဆိုပါတယ်။ လက်ရှိအချိန်၌ အထက်တန်းကျောင်းများကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ Social Distancing စည်းကမ်းများဖြင့် ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပြီး စာသင်ခန်းအတွင်း  ကျောင်းသားဦးရေထက်ဝက်ခန့်  လျှော့ချလိုက်ခြင်းကြောင့် ဆရာ၊ ဆရာမများအတွက် စာသင်ရပိုမိုလွယ်ကူလာကြောင်းလည်း ဒေါ်စုစုလှိုင်က  ပြောကြားခဲ့ပါတယ်။

ပုံမှန်အားဖြင့် စာသင်ခန်းတစ်ခန်းအတွင်း၌ ကျောင်းသားဦးရေ (၅၀) ကျော်ခန့်ရှိပေမယ့် လက်ရှိအချိန်၌မူ  ကျောင်းသားများကို (၆) မီတာအကွာ၌ နေရာချထားရပြီး အဆိုပါအနေအထားအပေါ်၌ ဒေါ်စုစုလှိုင်က “စာသင်ရတာက အရင်ထက်ပိုပြီး ထိရောက်မှုရှိလာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ စာသင်ခန်းတစ်ခန်းမှာ  ကျောင်းသား၊ ကျောင်းသူအရေအတွက်က (၂၀) လောက်ပဲရှိတော့လို့ပါ။” ဟု ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဇူလိုင်လ (၂၁) ရက်နေ့က မြန်မာနိုင်ငံတစ်ဝှမ်းရှိ အထက်တန်းကျောင်း (၇၀၀၀) အနက် တစ်ဝက်ခန့်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး အထက်တန်းကျောင်းသား၊ ကျောင်းသူပေါင်း (၆၀၀,၀၀၀) ခန့်  ကျောင်းပြန်တက်နေကြပြီဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဖွင့်လှစ်ခွင့်မရရှိသေးသည့် အထက်တန်းကျောင်းများအနက် (၃၀၀၀) ခန့်ကို မကြာခင်အချိန်အတွင်း ပြန်လည်ဖွင့်လှစ်ကာ အထက်တန်းကျောင်းသား၊ ကျောင်းသူပေါင်း (၅၀၀,၀၀၀) ကျော်ကို စာသင်ခန်းအတွင်း ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ကြိုးစားပြင်ဆင်လျက်ရှိပါတယ်။

- Advertisement -

ယခုကဲ့သို့ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ထားရှိပြီးဖြစ်ပေမယ့် ကျောင်းအတွင်းမုန့်စျေးတန်းကို ပိတ်ထားသလို ကျောင်းအနီးပတ်ဝန်းကျင်၌လည်း မည်သည့်စျေးသည်ကိုမျှ ရောင်းချခွင့်မပြုထားကြောင်း သိရှိရပါတယ်။ အထက်တန်းကျောင်းများ ဖွင့်လှစ်ပြီး (၁) လကြာမြင့်သည့်အချိန်အထိ အခြေအနေကို  စောင့်ကြည့်သွားမည်ဖြစ်ကာ ထို့နောက်တွင်မှ အလယ်တန်းနဲ့မူလတန်းကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုရေးအတွက် စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ကြောင်းလည်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းက ဆိုပါတယ်။

- Advertisement -

သို့ရာတွင်မူ ယခုကဲ့သို့ Social Distancing စည်းကမ်းများက ကျောင်းသား၊ ကျောင်းသူအချို့ကို မပျော်မရွှင်ဖြစ်စေပြီး မြောက်ဥက္ကလာပမြို့နယ်မှ အထက်တန်းကျောင်းသူတစ်ဦးက “ကျောင်းသား၊ ကျောင်းသူတွေက အတူတူကျောင်းလာပြီး အတူတူအိမ်ပြန်ကြတာပါ။ ဒါပေမယ့် အခုကျောင်းမှာ တစ်ယောက်နဲ့တစ်ယောက် (၆) ပေခွာပြီးနေရပါတယ်။  ကျောင်းသား၊  ကျောင်းသူအရေအတွက် နည်းသွားတာကလည်း ကျွန်မတို့အတွက် ပျင်းဖို့ကောင်းသွားပြီး ဆရာ၊ ဆရာမတွေကလည်း ကျွန်မတို့ကို အချိန်ပြည့်စောင့်ကြည့်နေတာက အဆင်မပြေပါဘူး။” ဟု  ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

(Unicode Version>

 

 

 

ကိုရိုနာဗိုင္းရပ္စ္အလြန္၌ စိတ္ဝင္စားဖြယ္ေကာင္းလာသည့္ ျမန္မာ့ပညာေရးေလာက။

ကိုရိုနာဗုိင္းရပ္စ္အလြန္ ျမန္မာ့ပညာေရးေလာကအေနျဖင့္ ပိုမိုေပ်ာ္ရႊင္စရာေကာင္းလာၿပီး ထိေရာက္မႈပိုရွိလာေၾကာင္း လသာၿမိဳ႕နယ္ပညာေရးမွဴး ေဒၚစုစုလိႈင္ကဆိုပါတယ္။ လက္ရွိအခ်ိန္၌ အထက္တန္းေက်ာင္းမ်ားကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ လမ္းညႊန္ခ်က္နဲ႔အညီ Social Distancing စည္းကမ္းမ်ားျဖင့္ ျပန္လည္ဖြင့္လွစ္ေနၿပီျဖစ္ၿပီး စာသင္ခန္းအတြင္း  ေက်ာင္းသားဦးေရထက္ဝက္ခန္႔  ေလွ်ာ့ခ်လိုက္ျခင္းေၾကာင့္ ဆရာ၊ ဆရာမမ်ားအတြက္ စာသင္ရပိုမိုလြယ္ကူလာေၾကာင္းလည္း ေဒၚစုစုလိႈင္က  ေျပာၾကားခဲ့ပါတယ္။

ပုံမွန္အားျဖင့္ စာသင္ခန္းတစ္ခန္းအတြင္း၌ ေက်ာင္းသားဦးေရ (၅၀) ေက်ာ္ခန္႔ရွိေပမယ့္ လက္ရွိအခ်ိန္၌မူ  ေက်ာင္းသားမ်ားကို (၆) မီတာအကြာ၌ ေနရာခ်ထားရၿပီး အဆုိပါအေနအထားအေပၚ၌ ေဒၚစုစုလိႈင္က “စာသင္ရတာက အရင္ထက္ပိုၿပီး ထိေရာက္မႈရွိလာပါၿပီ။ ဘာျဖစ္လုိ႔လဲဆိုေတာ့ စာသင္ခန္းတစ္ခန္းမွာ  ေက်ာင္းသား၊ ေက်ာင္းသူအေရအတြက္က (၂၀) ေလာက္ပဲရွိေတာ့လို႔ပါ။” ဟု ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

- Advertisement -

ဇူလိုင္လ (၂၁) ရက္ေန႔က ျမန္မာႏုိင္ငံတစ္ဝွမ္းရွိ အထက္တန္းေက်ာင္း (၇၀၀၀) အနက္ တစ္ဝက္ခန္႔ကို ျပန္လည္ဖြင့္လွစ္ခဲ့ၿပီျဖစ္ၿပီး အထက္တန္းေက်ာင္းသား၊ ေက်ာင္းသူေပါင္း (၆၀၀,၀၀၀) ခန္႔  ေက်ာင္းျပန္တက္ေနၾကၿပီျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိ ဖြင့္လွစ္ခြင့္မရရွိေသးသည့္ အထက္တန္းေက်ာင္းမ်ားအနက္ (၃၀၀၀) ခန္႔ကို မၾကာခင္အခ်ိန္အတြင္း ျပန္လည္ဖြင့္လွစ္ကာ အထက္တန္းေက်ာင္းသား၊ ေက်ာင္းသူေပါင္း (၅၀၀,၀၀၀) ေက်ာ္ကို စာသင္ခန္းအတြင္း ျပန္လည္ပို႔ေဆာင္ႏိုင္ေရးအတြက္ ႀကိဳးစားျပင္ဆင္လ်က္ရွိပါတယ္။

ယခုကဲ့သို႔ အထက္တန္းေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ထားရွိၿပီးျဖစ္ေပမယ့္ ေက်ာင္းအတြင္းမုန္႔ေစ်းတန္းကို ပိတ္ထားသလို ေက်ာင္းအနီးပတ္ဝန္းက်င္၌လည္း မည္သည့္ေစ်းသည္ကိုမွ် ေရာင္းခ်ခြင့္မျပဳထားေၾကာင္း သိရွိရပါတယ္။ အထက္တန္းေက်ာင္းမ်ား ဖြင့္လွစ္ၿပီး (၁) လၾကာျမင့္သည့္အခ်ိန္အထိ အေျခအေနကို  ေစာင့္ၾကည့္သြားမည္ျဖစ္ကာ ထို႔ေနာက္တြင္မွ အလယ္တန္းနဲ႔မူလတန္းေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ခြင့္ျပဳေရးအတြက္ စဥ္းစားဆုံးျဖတ္သြားမည္ျဖစ္ေၾကာင္းလည္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းက ဆိုပါတယ္။

သို႔ရာတြင္မူ ယခုကဲ့သို႔ Social Distancing စည္းကမ္းမ်ားက ေက်ာင္းသား၊ ေက်ာင္းသူအခ်ိဳ႕ကို မေပ်ာ္မရႊင္ျဖစ္ေစၿပီး ေျမာက္ဥကၠလာပၿမိဳ႕နယ္မွ အထက္တန္းေက်ာင္းသူတစ္ဦးက “ေက်ာင္းသား၊ ေက်ာင္းသူေတြက အတူတူေက်ာင္းလာၿပီး အတူတူအိမ္ျပန္ၾကတာပါ။ ဒါေပမယ့္ အခုေက်ာင္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္ (၆) ေပခြာၿပီးေနရပါတယ္။  ေက်ာင္းသား၊  ေက်ာင္းသူအေရအတြက္ နည္းသြားတာကလည္း ကြ်န္မတို႔အတြက္ ပ်င္းဖို႔ေကာင္းသြားၿပီး ဆရာ၊ ဆရာမေတြကလည္း ကြ်န္မတို႔ကို အခ်ိန္ျပည့္ေစာင့္ၾကည့္ေနတာက အဆင္မေျပပါဘူး။” ဟု  ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eleven + 2 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...