HomeSportနွေရာသီအပြောင်းအရွှေ့၌ ပေါင်သန်း (၂၀၀) အထိ အသုံးပြုသွားမည့်ချဲလ်ဆီး။

နွေရာသီအပြောင်းအရွှေ့၌ ပေါင်သန်း (၂၀၀) အထိ အသုံးပြုသွားမည့်ချဲလ်ဆီး။

- Advertisement -

ချဲလ်ဆီးအသင်းသည် လက်ရှိနွေရာသီအပြောင်းအရွှေ့၌ ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀၀) အထိ အသုံးပြုပြီး ကစားသမားသစ်များ ခေါ်ယူအားဖြည့်သွားမည်ဟု သိရှိရပါတယ်။ ချဲလ်ဆီးအသင်းသည် ပြည်တွင်းလိဂ်ပြိုင်ပွဲများ မပြီးဆုံးခင်တည်းက အေဂျက်စ်တောင်ပံကစားသမား ဇီယက်ချ်၊ လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာတို့ကို ခေါ်ယူခဲ့ပြီးဖြစ်ပေမယ့် အသင်းရဲ့လိုအပ်နေသည့် အခြားသောနေရာများအတွက် ကစားသမားသစ်များ ထပ်မံအားဖြည့်သွားရန် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။

လက်ရှိအချိန်၌ ချဲလ်ဆီးအသင်းအနေဖြင့် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကိုင်ဟာဗက်ဇ်ကို ခေါ်ယူရန်နီးစပ်နေကြောင်း သတင်းများကဖော်ပြနေသလို The Mirror သတင်းစာရဲ့ဖော်ပြချက်အရ နည်းပြလမ်းပတ်က ကိုင်ဟာဗက်ဇ်အပြင် နောက်ထပ်ကစားသမားသစ် (၂) ယောက်ကို ထပ်မံအလိုရှိနေကြောင်း သိရှိရပါတယ်။ လမ်းပတ်အနေဖြင့် အင်အားနည်းပါးနေသည့် ဘယ်နောက်ခံလူနေရာအတွက် လက်စတာအသင်းရဲ့ကစားသမား ဘင်ချီဝဲလ်၊ ကွင်းလယ်ခံစစ်နေရာအတွက် ဝက်စ်ဟမ်းကြယ်ပွင့် ဒီကလန်ရိုက်စ်တို့ကို ပစ်မှတ်ထားနေပြီး ပုံမှန်လက်စွမ်းပြသနိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည့် ကီပါရဲ့နေရာအတွက်လည်း နံပါတ် (၁) ဂိုးသမားတစ်ဦး ခေါ်ယူနိုင်ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။

ချဲလ်ဆီးအသင်းအနေဖြင့် အဆိုပါ ကစားသမားအားလုံးကို ခေါ်ယူမည်ဆိုပါက ပြောင်းရွှေ့ကြေးပေါင်သန်း (၂၀၀) အနည်းဆုံးအသုံးပြုရမည်ဖြစ်ပြီး လက်ရှိညှိနှိုင်းဆဲဖြစ်သည့် ကိုင်ဟာဗက်ဇ်အတွက်လည်း  ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀) သာ ပေးချေရန် ဆန္ဒရှိနေပေမယ့် လေဗာကူဆင်အသင်းအနေနဲ့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၉၀) အထိ  တောင်းဆိုနေခြင်းကြောင့်  ဆွေးနွေးမှုများက ကြန့်ကြာနေခြင်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၇-၁ ဂိုးနဲ့ ရှုံးနိမ့်ကာ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်မှ ထွက်ခွာခဲ့ရပြီး FA ဖလားဗိုလ်လုပွဲ၌လည်း အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ အဆင့် (၄) နေရာဖြင့် ရာသီသိမ်းနိုင်ခဲ့ခြင်းကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ယခုကဲ့သို့ ကစားသမားသစ်များခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

ေႏြရာသီအေျပာင္းအေရႊ႕၌ ေပါင္သန္း (၂၀၀) အထိ အသံုးျပဳသြားမည့္ခ်ဲလ္ဆီး။

ခ်ဲလ္ဆီးအသင္းသည္ လက္ရွိေႏြရာသီအေျပာင္းအေရႊ႕၌ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၂၀၀) အထိ အသံုးျပဳၿပီး ကစားသမားသစ္မ်ား ေခၚယူအားျဖည့္သြားမည္ဟု သိရွိရပါတယ္။ ခ်ဲလ္ဆီးအသင္းသည္ ျပည္တြင္းလိဂ္ၿပိဳင္ပြဲမ်ား မၿပီးဆုံးခင္တည္းက ေအဂ်က္စ္ေတာင္ပံကစားသမား ဇီယက္ခ်္၊ လိုက္ပ္ဇစ္တိုက္စစ္မွဴး တီမိုဝါနာတို႔ကို ေခၚယူခဲ့ၿပီးျဖစ္ေပမယ့္ အသင္းရဲ႕လိုအပ္ေနသည့္ အျခားေသာေနရာမ်ားအတြက္ ကစားသမားသစ္မ်ား ထပ္မံအားျဖည့္သြားရန္ ျပင္ဆင္ေနျခင္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌ ခ်ဲလ္ဆီးအသင္းအေနျဖင့္ ဂ်ာမန္ဘြန္ဒက္စ္လီဂါကလပ္ ေလဗာကူဆင္အသင္းရဲ႕ ၾကယ္ပြင့္ကစားသမား ကိုင္ဟာဗက္ဇ္ကို ေခၚယူရန္နီးစပ္ေနေၾကာင္း သတင္းမ်ားကေဖာ္ျပေနသလို The Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရ နည္းျပလမ္းပတ္က ကိုင္ဟာဗက္ဇ္အျပင္ ေနာက္ထပ္ကစားသမားသစ္ (၂) ေယာက္ကို ထပ္မံအလိုရွိေနေၾကာင္း သိရွိရပါတယ္။ လမ္းပတ္အေနျဖင့္ အင္အားနည္းပါးေနသည့္ ဘယ္ေနာက္ခံလူေနရာအတြက္ လက္စတာအသင္းရဲ႕ကစားသမား ဘင္ခ်ီဝဲလ္၊ ကြင္းလယ္ခံစစ္ေနရာအတြက္ ဝက္စ္ဟမ္းၾကယ္ပြင့္ ဒီကလန္ရိုက္စ္တို႔ကို ပစ္မွတ္ထားေနၿပီး ပုံမွန္လက္စြမ္းျပသႏိုင္ရန္ ရုန္းကန္ေနရဆဲျဖစ္သည့္ ကီပါရဲ႕ေနရာအတြက္လည္း နံပါတ္ (၁) ဂိုးသမားတစ္ဦး ေခၚယူႏိုင္ေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။

ခ်ဲလ္ဆီးအသင္းအေနျဖင့္ အဆုိပါ ကစားသမားအားလုံးကို ေခၚယူမည္ဆိုပါက ေျပာင္းေရႊ႕ေၾကးေပါင္သန္း (၂၀၀) အနည္းဆုံးအသံုးျပဳရမည္ျဖစ္ၿပီး လက္ရွိညွိႏိႈင္းဆဲျဖစ္သည့္ ကိုင္ဟာဗက္ဇ္အတြက္လည္း  ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၆၀) သာ ေပးေခ်ရန္ ဆႏၵရွိေနေပမယ့္ ေလဗာကူဆင္အသင္းအေနနဲ႕ သူတို႕ရဲ႕ ၾကယ္ပြင့္ကစားသမားအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၉၀) အထိ  ေတာင္းဆိုေနျခင္းေၾကာင့္  ေဆြးေႏြးမႈမ်ားက ၾကန္႔ၾကာေနျခင္းျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းသည္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက ဘုိင္ယန္ျမဴးနစ္အသင္းကို ႏွစ္ေက်ာ့ေပါင္းရလဒ္ ၇-၁ ဂိုးနဲ႔ ရံႈးနိမ့္ကာ ခ်န္ပီယံလိဂ္ ရံႈးထြက္ (၁၆) သင္းအဆင့္မွ ထြက္ခြာခဲ့ရၿပီး FA ဖလားဗိုလ္လုပြဲ၌လည္း အာဆင္နယ္အသင္းကို ရံႈးနိမ့္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္အမွတ္ေပးဇယား၌ အဆင့္ (၄) ေနရာျဖင့္ ရာသီသိမ္းႏိုင္ခဲ့ျခင္းေၾကာင့္ လာမယ့္ရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲအတြက္ ယခုကဲ့သို႔ ကစားသမားသစ္မ်ားေခၚယူရန္ ပစ္မွတ္ထားေနျခင္းျဖစ္ပါတယ္။

<Zawgyi Version>

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

one × two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...