HomeEducationယူရိုသန်းနဲ့ချီသည့် ထောက်ပံ့မှုကိုရရှိထားသည့် မြန်မာ့ပညာရေး။

ယူရိုသန်းနဲ့ချီသည့် ထောက်ပံ့မှုကိုရရှိထားသည့် မြန်မာ့ပညာရေး။

- Advertisement -

ဥရောပသမဂ္ဂ (EU) က မြန်မာ့ပညာရေးကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် ယူရို (၃၇.၆၂၅) သန်းကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ယခင်က ပညာရေးအတွက် အစိုးရကို အကူအညီပေးရန် စီစဉ်ထားသည့် ငွေကြေးကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသည့် အထူးလိုအပ်ချက်များနဲ့ ကျောင်းသား၊ ကျောင်းသူများ လုံခြုံစိတ်ချမှုရှိစွာ ကျောင်းတက်နိုင်ရေးအတွက်  ယခုကဲ့သို့ စောလျင်စွာထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး အဆိုပါပမာဏသည် မြန်မာငွေဖြင့် တွက်ချက်ကြည့်ပါက ကျပ်ငွေ (၅၉.၆၉၃) ဘီလီယံအထိ တန်ဖိုးရှိပါတယ်။

EU က စုစုပေါင်းထောက်ပ့ံရမည့် ယူရို (၂၂၁) သန်းအနက် ယခုတစ်ကြိမ်သည် (၃) ကြိမ်မြောက်အဖြစ် ထပ်မံထောက်ပံ့ခြင်းလည်းဖြစ်ပါတယ်။ မြန်မာအစိုးရအနေဖြင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးနဲ့အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းကျောင်းများ တိုးတက်ရေးအတွက် ကြိုးစားအားထုတ်လျက်ရှိပါတယ်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကလည်း “EU ဆိုတာက ကျွန်တော်တို့အတွက် ယုံကြည်စိတ်ချရတဲ့မိတ်ဖက်ပါ။ သူတို့ရဲ့ထောက်ပံ့မှုတွေက ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း မြန်မာ့ပညာရေးနဲ့ပတ်သက်လို့ ကလေးငယ်တွေကို စိတ်ဓာတ်ခွန်အား ဖြစ်စေပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့က ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ပြုလုပ်သွားဖို့ရှိပြီး သင်ရိုးညွှန်းတမ်းအသစ််တွေကိုလည်း ထုတ်ဝေနိုင်ပါလိမ့်မယ်။ ကျောင်းတွေပြန်ဖွင့်တာကို ကမ္ဘာတစ်ဝှမ်းလုံးမှာလည်း အငြင်းအခုံဖြစ်ခဲ့ကြပေမယ့် အစိုးရဘက်က ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ ကျွန်တော် တော်တော်လေးအားရှိပါတယ်။” ဟု ဖွင့်ဟပြောကြားခဲ့ပါတယ်။

- Advertisement -

ပညာရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့် ဇူလိုင်လ (၂၁) ရက်နေ့က အထက်တန်းကျောင်းများကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနဲ့အညီ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဆရာ၊ ဆရာမများအနေဖြင့်လည်း သင်ရိုးညွှန်းတမ်းအသစ်များကို မြန်မာ့ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ဖြင့် အွန်လိုင်းမှတစ်ဆင့် သင်ယူသွားရမည်ဖြစ်ပါတယ်။ လက်ရှိအချိန်၌ အွန်လိုင်းသင်ကြားရေးစနစ်အတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ လိုအပ်သည့် Tablet ကဲ့သို့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန် လိုအပ်နေပြီး ဒေသတစ်ခုချင်းစီရဲ့ အနေအထားအပေါ် လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်လျက်ရှိပါတယ်။

- Advertisement -

ယူရို (၁၇၅) သန်းတန်ဖိုးရှိ အစီအစဉ်အတွက်လည်း EU က လက်ရှိအချိန်အထိ ယူရို (၆၇) သန်း  ထောက်ပံ့ခဲ့ပြီးဖြစ်ပြီး အလယ်တန်းပညာရေး၊ နည်းပညာပိုင်းဆိုင်ရာပညာရေး၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲရေးနဲ့ ပတ်သက်သည့် ပညာရေးများအတွက် ယူရို (၄၆) သန်းထောက်ပံ့ခဲ့ပြီးလည်းဖြစ်ကြောင်းသိရှိရပါတယ်။

<Unicode Version>

 

 

ယူရိုသန္းနဲ႔ခ်ီသည့္ ေထာက္ပံ့မႈကိုရရွိထားသည့္ ျမန္မာ့ပညာေရး။

ဥေရာပသမဂၢ (EU) က ျမန္မာ့ပညာေရးကို ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္ရန္အတြက္ ယူရို (၃၇.၆၂၅) သန္းကို ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ ယခင္က ပညာေရးအတြက္ အစိုးရကို အကူအညီေပးရန္ စီစဥ္ထားသည့္ ေငြေၾကးကို ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ျဖစ္ေပၚလာသည့္ အထူးလိုအပ္ခ်က္မ်ားနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူမ်ား လုံၿခံဳစိတ္ခ်မႈရွိစြာ ေက်ာင္းတက္ႏိုင္ေရးအတြက္  ယခုကဲ့သို႔ ေစာလ်င္စြာေထာက္ပံ့ခဲ့ျခင္းျဖစ္ၿပီး အဆုိပါပမာဏသည္ ျမန္မာေငြျဖင့္ တြက္ခ်က္ၾကည့္ပါက က်ပ္ေငြ (၅၉.၆၉၃) ဘီလီယံအထိ တန္ဖိုးရွိပါတယ္။

EU က စုစုေပါင္းေထာက္ပ့ံရမည့္ ယူရို (၂၂၁) သန္းအနက္ ယခုတစ္ႀကိမ္သည္ (၃) ႀကိမ္ေျမာက္အျဖစ္ ထပ္မံေထာက္ပံ့ျခင္းလည္းျဖစ္ပါတယ္။ ျမန္မာအစိုးရအေနျဖင့္လည္း တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ပညာေရးနဲ႔အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာသင္တန္းေက်ာင္းမ်ား တိုးတက္ေရးအတြက္ ႀကိဳးစားအားထုတ္လ်က္ရွိပါတယ္။

ပညာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးကလည္း “EU ဆိုတာက ကြ်န္ေတာ္တို႔အတြက္ ယုံၾကည္စိတ္ခ်ရတဲ့မိတ္ဖက္ပါ။ သူတို႔ရဲ႕ေထာက္ပံ့မႈေတြက ကိုရိုနာဗိုင္းရပ္စ္ကာလအတြင္း ျမန္မာ့ပညာေရးနဲ႔ပတ္သက္လို႔ ကေလးငယ္ေတြကို စိတ္ဓာတ္ခြန္အား ျဖစ္ေစပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ကြ်န္ေတာ္တို႔က ျပဳျပင္ေျပာင္းလဲမႈေတြကို ဆက္လက္ျပဳလုပ္သြားဖို႔ရွိၿပီး သင္ရိုးညႊန္းတမ္းအသစ္္ေတြကိုလည္း ထုတ္ေဝႏိုင္ပါလိမ့္မယ္။ ေက်ာင္းေတြျပန္ဖြင့္တာကို ကမာၻတစ္ဝွမ္းလုံးမွာလည္း အျငင္းအခံုျဖစ္ခဲ့ၾကေပမယ့္ အစိုးရဘက္က ေဆာင္ရြက္ခ်က္ေတြနဲ႔ပတ္သက္လို႔ ကြ်န္ေတာ္ ေတာ္ေတာ္ေလးအားရွိပါတယ္။” ဟု ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

- Advertisement -

ပညာေရးဝန္ႀကီးဌာနသည္ ၿပီးခဲ့သည့္ ဇူလိုင္လ (၂၁) ရက္ေန႔က အထက္တန္းေက်ာင္းမ်ားကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ခ်မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔အညီ ျပန္လည္ဖြင့္လွစ္ခဲ့ၿပီး ဆရာ၊ ဆရာမမ်ားအေနျဖင့္လည္း သင္ရိုးညႊန္းတမ္းအသစ္မ်ားကို ျမန္မာ့ပညာေရး ဖြံ႔ၿဖိဳးတိုးတက္မႈအစီအစဥ္ျဖင့္ အြန္လိုင္းမွတစ္ဆင့္ သင္ယူသြားရမည္ျဖစ္ပါတယ္။ လက္ရွိအခ်ိန္၌ အြန္လိုင္းသင္ၾကားေရးစနစ္အတြက္ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား လိုအပ္သည့္ Tablet ကဲ့သို႔ သင္ေထာက္ကူပစၥည္းမ်ား ေထာက္ပံ့ေပးႏိုင္ရန္ လိုအပ္ေနၿပီး ေဒသတစ္ခုခ်င္းစီရဲ႕ အေနအထားအေပၚ လိုက္ေလ်ာညီေထြျဖစ္ေစရန္ ျပင္ဆင္လ်က္ရွိပါတယ္။

ယူရို (၁၇၅) သန္းတန္ဖိုးရွိ အစီအစဥ္အတြက္လည္း EU က လက္ရွိအခ်ိန္အထိ ယူရို (၆၇) သန္း  ေထာက္ပံ့ခဲ့ၿပီးျဖစ္ၿပီး အလယ္တန္းပညာေရး၊ နည္းပညာပိုင္းဆိုင္ရာပညာေရး၊ ျပည္သူ႔ဘ႑ာစီမံခန္႔ခြဲေရးနဲ႔ ပတ္သက္သည့္ ပညာေရးမ်ားအတြက္ ယူရို (၄၆) သန္းေထာက္ပံ့ခဲ့ၿပီးလည္းျဖစ္ေၾကာင္းသိရွိရပါတယ္။

<Zawgyi Version>

 

Source ~ MyanmarGov

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

five × 1 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...