HomeTechအမေရိကန်ပြည်ထောင်စုသမ္မတ Donald Trump ကို ရှုံ့ချလိုက်တဲ့ Facebook နဲ့ Twitter

အမေရိကန်ပြည်ထောင်စုသမ္မတ Donald Trump ကို ရှုံ့ချလိုက်တဲ့ Facebook နဲ့ Twitter

- Advertisement -

အမေရိကန်ပြည်ထောင်စုမှာ မကြာခင်ကျင်းပတော့မယ့် သမ္မတအသစ်ရွေးကောက်ပွဲကြောင့်  သမ္မတအဖြစ် ဝင်ရောက်ရွေးကောက်ခံမယ့် သမ္မတလောင်းလျာတွေဟာလည်း “ဘာကြောင့် ကိုယ့်ကို  ရွေးချယ်သင့်တယ်” ဆိုပြီး လူထုရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်လို့ မက်လုံးတွေပေးကာ  မဲဆွယ်ပွဲတွေ ဆက်တိုုက်ပြုလုပ်နေကြပြီပဲ ဖြစ်ပါတယ်။

လက်ရှိအမေရိကန်ပြည်ထောင်စုသမ္မတ Donald Trump ကလည်း  အမေရိကန်ပြည်ထောင်စုကို  နောက်တစ်ကြိမ်ဦးဆောင်အုပ်ချုပ်နိုင်ဖို့အတွက် ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရွေးကောက်ခံနေတာပဲ ဖြစ်ပါတယ်။ သမ္မတကြီး Donald Trump ဟာ လူထုရဲ့ရွေးချယ်မှုကို ရရှိဖို့အတွက် ဗီဒီယိုအတိုတွေရိုက်ကူးကာ လူမှုကွန်ရက်တွေကနေတဆင့် မဲဆွယ်တာမျိုးကိုလည်း  လုပ်ပါတယ်။

အခုလက်တလောမှာ အမေရိကန်ပြည်ထောင်စုသားတွေတင်မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းက  လူအများ စိတ်အနှောင့်အယှက်ဖြစ်ပြီး စိုးရိမ်ပူပန်နေရတဲ့ ကိစ္စတစ်ရပ်နဲ့ပတ်သက်ပြီး သမ္မတကြီး Donald Trump က လူမှုကွန်ရက်မှာတင်ခဲ့တဲ့ ဗီဒီယိုထဲမှာ သူ့ရဲ့ထင်မြင်ချက်ကို မျှဝေပြောပြခဲ့ပါတယ်။ သမ္မတကြီး Donald Trump မျှဝေခဲ့တဲ့ အကြောင်းအရာက  လူမှုကွန်ရက်အသုံးပြုသူတွေကို  စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။

- Advertisement -

ဒါကြောင့် ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုသူအများအပြားရှိတဲ့ လူမှုကွန်ရက်ကုမ္ပဏီတွေဖြစ်တဲ့ Facebook နဲ့ Twitter ကုမ္ပဏီက သမ္မတကြီး Donald Trump တင်ထားတဲ့ ဗီဒီယိုနဲ့ပက်သက်ပြီး “မမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရေးသားပြောဆိုခြင်း” ဆိုတဲ့ စည်းမျဉ်းစည်းကမ်းကို  ချိုးဖောက်ထားတယ်လို့ဆိုကာ သမ္မတကြီးရဲ့ဗီဒီယိုကို  လူမှုကွန်ရက်စာမျက်နှာကနေ  ဖျက်ပစ်လိုက်ကြပါတယ်။

- Advertisement -

ဒီလိုဆိုတော့ သမ္မတကြီးက ဘာများပြောမိလို့ သူတို့တွေက ဒီလောက်ထိ ဆန်းဆန်းတင့်သွားရတာလဲ ဆိုတော့ “ကလေးငယ်တွေဟာ Coronavirus ကို ခံနိုင်ရည်ရှိလုနီးပါးဖြစ်နေပါပြီ” တဲ့လေ။ အခုချိန်ထိ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေထက်ကို ပိုပြီးသန်စွမ်းတယ်လို့ ယူဆရတဲ့ အသက်လတ်ပိုင်းနဲ့ အသက်ငယ်ပိုင်း လူတစ်ချို့ကတောင် ခုခံနိုင်စွမ်းမရှိသေးတဲ့  အခြေအနေတစ်ခုမှာ သမ္မတကြီးနှုတ်က ထွက်ကျလာတဲ့ အာမခံချက်မရှိတဲ့ စကားလုံးတွေဟာ သမ္မတကြီးအား ယုံကြည်အားကိုးတဲ့ လူထုတစ်ရပ်ကို ဒုက္ခအကြီးအကျယ်ရောက်သွားစေနိုင်ပါတယ်။

တစ်ကမ္ဘာလုံး ကြောက်လန့်နေရတဲ့ ကပ်ရောဂါဆိုးကြီးနဲ့ ပတ်သက်ပြီး သက်သေမခိုင်လုံတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို သမ္မတတစ်ယောက်အနေနဲ့  လက်လွတ်စပယ်ပြောဆိုခဲ့ခြင်းက လူအများကို အတော်လေးဒေါကန်စေခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု သမ္မတတစ်ယောက်အနေနဲ့ သမ္မတကြီး Donald Trump ဟာ လူအများရဲ့ ကျန်းမာရေးအသိကို ဇဝေဇဝါဖြစ်စေမယ့် စကားမျိုးတွေကို သေချာစဉ်းစားပြီးမှသာ ပြောဆိုသင့်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

<Unicode Version>

 

 

 


အမေရိကန်ပြည်ထောင်စုမှာ မကြာခင်ကျင်းပတော့မယ့် သမ္မတအသစ်ရွေးကောက်ပွဲကြောင့်  သမ္မတအဖြစ် ဝင်ရောက်ရွေးကောက်ခံမယ့် သမ္မတလောင်းလျာတွေဟာလည်း “ဘာကြောင့် ကိုယ့်ကို  ရွေးချယ်သင့်တယ်” ဆိုပြီး လူထုရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်လို့ မက်လုံးတွေပေးကာ  မဲဆွယ်ပွဲတွေ ဆက်တိုက်ပြုလုပ်နေကြပြီပဲ ဖြစ်ပါတယ်။

- Advertisement -






<Zawgyi Version>

 

Source ~ BangkokPost

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

17 − 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...